Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အချစ်ရေးကို မတွေးနိုင်သေးတဲ့ အလှမယ် ဟန်တီ

$
0
0

အလှမယ်ဟန်တီက ၂၀၁၉ခုနှစ် မှာ အလုပ်တွေ အရမ်းများနေတာကြောင့် အချစ်ရေးကို မစဉ်းစားနိုင်သေးဘူးလို့ ဧရာဝတီကို ဆိုပါတယ်။

“၂၀၁၉ခုနှစ်က အရမ်းကြိုးစားခဲ့တဲ့ နှစ်တနှစ်ဖြစ်ပြီး အရမ်းကို ဂုဏ်ယူရတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ ၂၀၁၉ မှာတော့ Travel V log တွေလုပ်မယ်။ စာချုပ်လေးတွေရှိတဲ့ အနုပညာတွေလုပ်မယ်။ ကျောင်းလည်းတက်မယ်။ ၂၀၁၉ မှာ အချစ်ရေးလည်း တွေးဖို့ အချိန်မပေးနိုင်သေးဘူး။ ကိုယ်တိုင်လည်း ယားလို့တောင် မကုတ်အားသေးပါဘူး။ ဟန်တီမှာ အလုပ်တွေ အရမ်းများနေတယ်” လို့ ဟန်တီက ပြောပါတယ်။

ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်းထားတာတွေ ရှိပေမယ့် အခုချိန်မှာ အချိန်မပေးနိုင်သေးတဲ့အတွက် မရိုက်ဖြစ်ဘူးလို့ ဆိုပါတယ်။

“ဇာတ်ကားတွေရိုက်ဖို့လည်း ကမ်းလှမ်းထားတယ်။ ဒါပေမယ့် အခုချိန်မှာ အချိန်မပေးနိုင်သေးဘူး။ ဇာတ်လမ်းတွဲတွေ ရိုက်ဖို့ ပြောတာဆိုတော့ အဲ့ဇာတ်လမ်းတွဲတွေက အချိန်အရမ်းပေးရတယ်။ ဟန်တီအခုချိန်မှာ ကျောင်းမပြီးသေးဘူး။ အခုချိန်မှာ ရပ်လိုက်ရင်လည်း ဟန်တီဘွဲ့ရတော့မှာ မဟုတ်ဘူး။ အဲ့အတွက် ဟန်တီဘွဲ့အရမ်းလိုချင်တယ်။ ပြီးအောင် တက်ပြီးရင်တော့ ဇာတ်ကားဘက်တွေကို ဆက်ပြီးသွားဖို့ရှိပါတယ်”လို့ ဟန်တီကပြောပါတယ်။

အလှမယ် ဟန်တီ (ဓာတ်ပုံ – Han Thi’s Facebook)

“အရင်က မေမေကဘေးမှာ ရှိနေပေးပြီး အကုန်လုပ်ပေးတယ်။ ပြိုင်ပွဲပြီး နောက်ပိုင်း ကိုယ့်ဟာ ကိုယ်လုပ်ကိုင် တတ်လာတယ်။ အမှားမလုပ်မိအောင် စဉ်းစားတွေးခေါ်တယ်။ မေမေကအရင်က ကိုယ့်အစားစကားပြောပေးတယ်။ အခု ကိုယ်တိုင်ကိစ္စတိုင်းစကားပြောတော့ Open ဖြစ်လာတယ်။ ၂၀၁၈ ပြန်သုံးသပ်ရင်တော့ ဟန်တီကို Change လုပ်ပေးတဲ့ နှစ်တနှစ် Miss World ရတဲ့ အချိန်မှာ ဟန်တီကို လူတွေမြင်တဲ့ အမြင်ပြောင်းသွားတယ်”

“Miss Myanmar World 2018 Winner” ဆု ရရှိထားတဲ့ ဟန်တီက ဘွဲ့မရသေးတဲ့အတွက် ဘွဲ့လိုချင်တာကြောင့် ကျောင်းဆက်တက်မယ်လို့ ဆိုပါတယ်။ ကျောင်းပြန်တက်ရမှာတွေရှိနေတဲ့အတွက် အနုပညာလှုပ်ရှားများ မရှိသေးခင်အချိန်တွင်းမှာ ပရိသတ်တွေနဲ့ ဆက်စပ်မှုတခုလိုချင်တာကြောင့် You Tube V log များ ရိုက်ကူးလုပ်ကိုင်ဖို့ ရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“လတ်တလောမှာတော့ မဂ္ဂဇင်းကာဗာလေးတွေ ရိုက်ဖို့ရှိတယ်။ ကြော်ငြာလေးတွေရိုက်ဖို့ရှိတယ်။ You Tube V log လုပ်ဖို့ရှိတယ်။ ဟန်တီခရီးသွားရမှာတွေများနေတယ် ကျောင်းပြန်တက်ရမှာတွေရှိနေတော့ ပရိသတ်တွေနဲ့ ဆက်စပ်မှု တခုလိုချင်တယ်။ ဟန်တီ အဲ့ဆက်စပ်မှုကို ဘယ်လိုမျိုးလုပ်ရင် ကောင်းမလဲဆိုပြီး စဉ်းစားတယ်။ ဟန်တီအနေနဲ့ Life Style ကိုချပြချင်တယ်။ နောက်လူတွေ စိတ်ဝင်စားမှာလေးတွေကို ဗီဒီယိုကနေချပြမယ်လို့ စဉ်းစားတယ်။ ဗီဒီယိုကနေချပြဖို့ စဉ်းစားတယ်”

“You Tube ကနေ အင်္ဂလိပ်လိုရော မြန်မာလိုရော တင်သွားမယ်။ အင်္ဂလိပ်လိုတော့ အဓိကထားပြီး တင်မှာပါ။ မြန်မာနိုင်ငံကိုလည်း လျှောက်သွားဖို့ရှိတယ်။ အခုကတော့ Europe ဗီဇာလျှောက်ထားတယ်။ ကျောင်းမတက်ခင် တလလေးအားနေတာနဲ့ ဥပရောပတိုက်ဘက်ကို သွားမယ်။ အဲ့က ပြန်လာရင် ဘန်ကောက်မှာ ကျောင်းပြန်သွားတက်မယ်။ ပြီးရင်တော့ ခရီးတွေ ဆက်တိုက်သွားနေမှာပါ” လို့ ဟန်တီက ဆိုပါတယ်။

The post အချစ်ရေးကို မတွေးနိုင်သေးတဲ့ အလှမယ် ဟန်တီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...