Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သမီးကို ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းထားပေးတဲ့ ဟာသ သရုပ်ဆောင်ဖိုးဖြူ

$
0
0

ဟာသသရုပ်ဆောင်ဖိုးဖြူက သမီးဖြစ်သူကို ဆွစ်ဇာလန်နိုင်ငံကို ပို့ပေးကာ Hotel Management နဲ့ ပတ်သက်တဲ့ ဂုဏ်ထူးတန်းကို တက်ရောက်ဖို့ ကျောင်းထားပေးထားတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“သမီးလေးနာမည်က ခိုင်ဇာသွယ်လို့ ခေါ်တယ်။ သူက ဖေဖော်ဝါရီ ၁၃ မှာ အသက် ၂၃ နှစ်ပြည့်မယ်။ E Major နဲ့ ကျောင်းပြီးပြီ။ အခုတော့ ဆွစ်ဇလန်မှာ Hotel Management နဲ့ ပတ်သက်တဲ့ ဂုဏ်ထူးတန်းကို သွားတက်နေပါတယ်။ တနှစ်သွားတက်ရမှာ အခုသွားတာ၂ လရှိပါပြီ။ သားသမီးကို လုပ်ပေးနိုင်ဖို့အတွက် မိဘတယောက် အနေနဲ့ ပိုက်ဆံရှာရတယ်။ ရှေ့ရေးကိုမျှော်ပြီးစုထားဆောင်းထားတဲ့အတွက် သမီးကို ဒီလိုလေးလုပ်ပေးနိုင်တာပါ”

“Generation တဆင့်မြှင့်တယ်ဆိုတာရှိတယ်။ အဖေအမေ လယ်သမားဖြစ်နေပါစေ သားသမီး ၁၀ တန်းအောင်ရမယ်။ အဲ့သား သမီး ၁၀တန်းအောင်ပြီးရင် ဘွဲ့ရရမယ်။ ငါလယ်သမား မင်းလည်း လယ်ပဲလုပ်ရမယ်ဆိုရင် ဖင်ထဲရွံ့ဝင်ရင်းပြီး သွားမှာပဲ။ ကျနော်က မြန်မာစာနဲ့ ဘွဲ့ရတယ်။ နိုင်ငံခြားမရောက်ဖူးဘူး။ သားသမီးကို နိုင်ငံခြားမှာ ထားနိုင်တယ်။ အဲ့လို တဆင့်မြှင့်ပေးနိုင်ရင် အရမ်းကောင်းတာပေါ့” လို့ သရုပ်ဆောင် ဖိုးဖြူက ပြောပါတယ်။

သမီးဖြစ်သူက ငယ်စဉ်က အနုပညာအလုပ်ကို စိတ်ဝင်စားပေမယ့် အခုချိန်မှာ ပညာရေးဘက်ကိုသာ လမ်းကြောင်းပေးဖြစ်တယ်လို့ ဆိုပါတယ်။

“သမီးက ငယ်ငယ်တုန်းကတော့ အနုပညာကို စိတ်ဝင်စားတယ်။ ဆရာဝန်သားသမီးတိုင်းက ဆရာဝန်မဖြစ်ဘူး။ အနုပညာရှင်ရဲ့ သားသမီးတိုင်းကလည်း အနုပညာရှင်မဖြစ်ဘူး။ သူတို့ပါလာတဲ့ စိတ်ကို ကိုယ်ကကြည့်ရတယ် သူတို့ ဘာဖြစ်ချင်တာလဲ။ ဘာလုပ်ချင်တာလဲပေါ့။ ကိုယ်က အတင်းဇွတ်ကြီး တိုက်တွန်းတာထက် သူတို့ လျှောက်ချင်တဲ့ လမ်းကြောင်းကို တင်ပေးလိုက်တာ ပိုကောင်းမယ်ထင်လို့ သမီးစိတ်တိုင်းကျပဲ ပေးလုပ်ပြီးနောက်ကနေပဲ ပံ့ပိုးပေးတယ်” လို့ ဖိုးဖြူက ပြောပါတယ်။

သားသမီးတွေကို မိဘတွေအနေနဲ့ ကိုယ်လိုချင်တဲ့ ပုံစံမျိုးသွင်းတာထက်စာရင် သူတို့လုပ်ချင်တာကို လုပ်ခွင့်ရအောင်လုပ် ပေးနိုင်တာ ပိုကောင်းကြောင်းဆိုပါတယ်။

“ကျနော်က သမီးကို သူငယ်ချင်းပေါင်းပေါင်းတယ်။ ဘယ်အရာမဆို သားသမီးနဲ့ မိဘညှိယူရတော့ ဘာလိုချင်တာလဲ ဘာဖြစ်ချင်တာလဲ။ သူဖြစ်ချင်တာကိုပြောလာရင် ကျနော်က သူဖြစ်ချင်တာရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ပေးတယ်။ အဲ့မှာ သူကြိုက်တာရွေးပေါ့။ မင်းဘာလုပ်ရမယ်၊ မင်းဘာမလုပ်ရဘူးလို့ တခါမှမပြောခဲ့ဘူး။ မင်းဘာဖြစ်လဲ မေးပြီးမှ ကောင်းရင်ကောင်းတယ်။ ဆိုးရင် ဆိုးတယ် ဘယ်လို အန္တရယ်ရှိနိုင်တယ်လို့ ပြောပေးတယ်”

“အဲ့လို ပြောပေးခြင်းဖြင့် သူတို့လျှောက်ရမယ့် လမ်းမှာ ခလုတ်ကန်သင်း သိနိုင်တယ်။ ငါအဖေကွ ငါ့ကြောင့် မင်းက သားသမီးဖြစ်လာရတယ် ဆိုတာမျိုး ကိုယ်လိုချင်တဲ့ ပုံစံမျိုးသွင်းတာထက်စာရင် သူတို့ လုပ်ချင်တာကို လုပ်ခွင့်ရအောင် လုပ်ပေးနိုင်တာပိုကောင်း တယ်။ သားသမီးတွေရဲ့ အခြေအနေကို စောင့်ကြည့်ပါ။ သူတို့ဖြစ်ချင်တာကိုဆွေးနွေးပြီး အကောင်းဆုံးဖြစ်အောင်လုပ်ပေးပါ။ ဒါဟာပဲလုပ် ဟိုဟာမလုပ်နဲ့ဆိုတဲ့ အာဏာကြီးမလုပ်ပါနဲ့ မှားတတ်ပါတယ်”လို့ ဖိုးဖြူက ပြောပါတယ်။

လူရွှင်တော်၊ ဟာသသရုပ်ဆောင် ဖိုးဖြူက လက်ရှိမှာတော့ အနုပညာလုပ်ငန်းများကို အလျဉ်းသင့်သလို လုပ်ကိုင်နေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်တဲ့ “ဝါးမယ် မြန်မာ” ထမင်းဆိုင်ကိုလည်း ဖွင့်လှစ်ထားပါတယ်။

သရုပ်ဆောင် ဖိုးဖြူဟာ လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ် ခန့်က အသည်းရောင်စီပိုး ရောဂါဖြစ်တဲ့အတွက် အနုပညာအလုပ်များနဲ့ ခေတ္တ အလှမ်းဝေးသွားခဲ့ရပြီး အသည်းရောင်စီပိုးရောဂါပျောက်ကင်းပြီးနောက် အသည်းရောင်စီပိုး ဖြစ်နေသူတွေကို ပရဟိတအနေနဲ့ ကူညီပေးတယ်လို့လည်း သိရပါတယ်။

The post သမီးကို ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းထားပေးတဲ့ ဟာသ သရုပ်ဆောင်ဖိုးဖြူ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...