Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဟာသလူရွှင်တော်တွေပြောတဲ့ ကွယ်လွန်သူ သရုပ်ဆောင်ကင်းကောင်ရဲ့ အကြောင်း

$
0
0

ပရိသတ်အချစ်တော် ဟာသ သရုပ်ဆောင် ကင်းကောင်က ဇန်နဝါရီလ၂၂ရက် မနက် ၇ နာရီဝန်းကျင်က ပုပ္ပါးမှာချွဲကျပ်ပြီး ရုတ်တရက်ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ကင်းကောင်ရဲ့ သတင်းကြောင့် အနုပညာအသိုင်းအဝိုင်းကသူတွေ အားလုံး စိတ်မကောင်းဖြစ်နေကြသလို ပရိသတ်အားလုံးကလည်း ဝမ်းနည်းနေကြပါတယ်။

သရုပ်ဆောင် ကင်းကောင် ရုတ်တရက်ဆုံးသွားတဲ့ သတင်းနဲ့ ပတ်သက်ပြီး လူရွှင်တော်ကြာစိကို မေးမြန်းခဲ့ရာ ကင်းကောင်နေတဲ့ အခန်းမှာ သက်ပျောက်ဆွမ်းကပ်တရားနာ အမျှပေးဝေခဲ့သလို ရက်လည်လည်း လုပ်ပေးမှာလို့ ဧရာဝတီကို ဆိုပါတယ်။

“ဦးကင်းက ပုပ္ပားမှာဆုံးတာပါ။ မနက်(၆) နာရီလောက်က ။ ဒီမှာလည်း အရမ်းအေးတယ်။ ချွဲကျပ်ပြီးတော့ ဖြစ်သွားတာ။ ဇာတ်ကားရိုက်ဖို့ လာတာမရိုက်လိုက်ရဘဲ အခုလိုဆုံးသွားတာပါ။ အခု Body ပြန်သယ်သွားပါပြီ ။ ၁၁၅ မိုင်မှာ ဦးကျော်သူတို့ နာရေးကူညီမှုက လာခေါ်မှာပါ။ ကျနော်တို့ သူနေတဲ့အခန်းမှာ သက်ပျောက်ဆွမ်းကပ်တရားနာ အမျှပေးဝေခဲ့ပါတယ်။ ရက်လည်လည်း ကျနော်တို့တွေ ဒီမှာလုပ်ပေးမှာပါ” လို့ လူရွှင်တော်ကြာစိက ဧရာဝတီကို ပြောပါတယ်။

ကွယ်လွန်သူ ကင်းကောင်အတွက် သက်ပျောက်ဆွမ်းကပ်နေတဲ့ ကြာစိ (ဓာတ်ပုံ – Kyar Si’s Facebook)

ကင်းကောင် ကွယ်လွန်ချိန် အသက် ၅၅ နှစ် ရှိပြီဖြစ်ပြီး ကျန်းမာရေး အနည်းငယ်ပြန်လည်ကောင်းမွန်လာချိန်မှာ ဇာတ်ကားများ ပြန်လည်ရိုက်ကူးလာရာမှ ဇာတ်ကားရိုက်ကူးရေး ခရီးစဉ်အတွင်း ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ဟာသသရုပ်ဆောင် ဖိုးဖြူက ပြောပါတယ်။
“ကိုကင်းက လွန်ခဲ့တဲ့ ၇ လ၊ ၈ လ တုန်းက အစာရေမျိုပြွန်ကင်ဆာလို့ ယူဆတဲ့အတွက် ဆေးသွင်းရတယ်။ သွေးအားတွေ ကျနေတုန်းပဲ။ အနားယူရမယ့် အချိန်ပေါ့လေ။ သွေးအားကျပြီး သွးဖြူဥ၊ သွေးနီဥတွေ ပုံမှန်မဖြစ်သေးတဲ့အချိန်မှာ သူက အလုပ်လုပ်ချင်စိတ် များတဲ့အခါကျ ဇာတ်ကား ပြန်ရိုက်တယ်။ ပုပ္ပားမှာက ရာသီဥတု အရမ်းအေးတဲ့ အခါကျတော့ ချွဲကျပ်ပြီး ဆုံးသွားတာပါ”

“ဆုံးတာကတော့ မနက် ၆ နာရီဝန်းကျင်မှာ ဆုံးသွားတာပါ။ ပုပ္ပားသွားတာကတော့ ဒါရိုက်တာ ကျော်ဇောလင်းနဲ့ ဇာတ်လမ်းတွဲ သွားရိုက်တာလို့ သိရပါတယ်။ မိန်းမရော၊ ကလေးရော အဲဒီကိုပါသွားတဲ့အခါကျတော့ နာရေးကိစ္စတော့ သေချာမစီစဉ်ရသေးပါဘူး။ ကျနော်တို့အားလုံး တိုင်ပင်ပြီးမှပဲ နာရေးကိစ္စကို ကြေညာပေးပါမယ်”လို့ ဟာသသရုပ်ဆောင်ဖိုးဖြူက ဖြေကြားပေးခဲ့ပါတယ်။

အနုပညာလောကမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေရရှိထားတဲ့ ကင်းကောင်ဟာ ပရိသတ်ချစ်ခင်ရတဲ့ အနုပညာရှင်တယောက်လည်း ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို လူရွှင်တော်အသင်းရဲ့ နာယကတဦးလည်း ဖြစ်ပါတယ်။

ဟာသ သရုပ်ဆောင်ဖိုးဖြူနဲ့ ကင်းကောင်(ဓာတ်ပုံ – Po Phyu’s Facebook)

ဟာသသရုပ်ဆောင် ကင်းကောင်ဟာ တက္ကသိုလ်ကျောင်းသား ဘဝကတည်းကပင် အနုပညာလုပ်ငန်းများကို ပါဝင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ‘အရှည်ကြီး’အမည်ဖြင့် လူရွှင်တော်တဦးအဖြစ် စတင်ခဲ့ကာမြပုဏ္ဏမာအငြိမ့်မှာ ကင်းကောင်အမည်ဖြင့် စတင်ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

လူရွှင်တော် တဦးအဖြစ် ပရိသတ်အားပေးချစ်ခင်မှု ရရှိခဲ့သည့် ကင်းကောင်ဟာရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများစွာ မှာလည်း ဟာသသရုပ်ဆောင် တဦးအဖြစ် ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)စီစဉ်တင်ဆက်သည့် “သရဲလေးကောင်နှင့် ကျွန်တော်” ပြဇာတ်မှာလည်း အကယ်ဒမီ လွင်မိုး၊ အရိုင်း၊ ငှက်ပျောကြော်၊ ဖိုးဖြူတို့နှင့် တွဲဖက်ညီညီ တင်ဆက်ခဲ့သူဖြစ်ပြီး “သရဲလေးကောင်” ပြဇာတ်မှာအောင်မြင်မှု များစွာရရှိခဲ့ပြီး လက်ရှိအချိန်ထိ ပရိသတ်များရင်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့သည့် ပြဇာတ်တခု ဖြစ်ပါတယ်။

The post ဟာသလူရွှင်တော်တွေပြောတဲ့ ကွယ်လွန်သူ သရုပ်ဆောင်ကင်းကောင်ရဲ့ အကြောင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...