Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Abba အဖွဲ့ရဲ့ သီချင်းသစ်ဖြန့်ချိမည့်ရက်ကို ယခုနှစ်ကုန်ပိုင်းအထိ ရွှေ့ဆိုင်း

$
0
0

Abba အဖွဲ့ရဲ့ ပရိသတ်တွေကတော့ အဖွဲ့ကွဲခဲ့ပြီး ၃၅ နှစ်လောက်ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် ဧပြီလမှာပဲ “American Idol” ဖန်တီးရှင် Simon Fuller နဲ့အတူ သီချင်းနှစ်ပုဒ်ကို အသံသွင်းနေပြီလို့ ကြေညာခဲ့လို့ အပျော်ကြီး ပျော်ခဲ့ရပါတယ်။

အဲဒီအစီအစဉ်ကို ၂၀၁၆ ခုနှစ်မှာ ပထမဆုံးကြေညာခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်မှာတော့ NBC နဲ့ ABC ရုပ်သံလိုင်း တွေကနေ ပထမဆုံး ပရိသတ်ကို ချပြဖို့ စီစဉ်ခဲ့တာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလမှာတော့ ၂၀၁၉ ခုနှစ်မတိုင်ခင်အထိ အဲဒီအစဉ်အစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီးဖြစ်ကြောင်း ထပ်မံကြေညာခဲ့ပါတယ်။ အခုတော့ “I Still Have Faith In You” နဲ့ “Don’t Shut Me Down” လို့ခေါ်တဲ့ သီချင်းတွေ ထွက်လာမယ်လို့ သတင်းတွေထွက်ထားပေမယ့် အဲဒါကလည်း လာမယ့် ဆောင်းဦးရာသီလောက်အထိ ထပ်မံရွှေ့ဆိုင်းသွားပြီ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ ကိုယ်စားလှယ်တဦးကတော့ “နွေရာသီမတိုင်ခင် ဖြန့်ချိမှာမဟုတ်ပါဘူး” လို့ပြောဆိုထားပါတယ်။ ဒါ့အပြင် ရွှေ့ဆိုင်းလိုက်ရတဲ့အကြောင်းရင်းကိုလည်း မေးမြန်းပေမယ့် ထုတ်မပြောခဲ့ပါဘူး။ အဖွဲ့ရဲ့ Benny Andersson ကတော့ တရားရေးပိုင်းဆိုင်ရာရှုပ်ထွေးမှုတွေက ဖြန့်ချိမည့်ရက်ကို ရွှေ့ဆိုင်းရတာဖြစ်တယ်လို့ အင်တာဗျူးတခုမှာ ပြောဆိုထားဖူးပါတယ်။

ရုပ်သံအစီအစဉ်နဲ့ အသံသွင်းမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ မီဒီယာတွေမှာ ဖော်ပြလာတဲ့အခါ အရာအရာတိုင်းဟာ အဆင်ပြေပြေဖြစ်ခဲ့မယ်လို့ ထင်ခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့အကြောင်းနဲ့ ဆက်လုပ်ဖို့ လိုအပ်နေတဲ့ သဘောတူညီချက် တွေကိုလည်း ထူထောင်ဖို့ ကြိုးစားနေဆဲ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ့အကြောင်းကို အဖွဲ့ရဲ့ ကိုယ်စားလှယ်က အတည်မပြုခဲ့ပြန်ပါဘူး။ သီးခြားအင်တာဗျူးတခုမှာတော့ Andersson က အဖွဲ့ဟာ တတိယမြောက်သီချင်းကို အသံသွင်းဖို့ ရှိတဲ့အကြောင်း ပြောဆိုထားပြန်ပါတယ်။

သူက “ကျနော်တို့ အစီအစဉ်စတဲ့အခါ နောက်ထပ်သီချင်းတပုဒ်ကို ထပ်လုပ်နိုင်ပါတယ်။ နောက်ထပ် ၆ လကနေ ၈ လအထိလည်း ကြာနိုင်ပါတယ်” လို့ ဆိုထားပါတယ်။

ဒါပေမယ့် အဲဒီ့သီချင်းနဲ့ပတ်သက်လို့ အခြားအဖွဲ့ဝင်တွေဖြစ်တဲ့ Agnetha Faltskogနဲ့ Anni-Frid Lyngstad တို့နဲ့တော့ တိုင်ပင်ပြောဆိုထားတာ မရှိသေးဘူးလို့ ပြောပေမယ့် သူတို့လည်း အဲဒီ့သီချင်းဆိုဖို့ အတည်ပြုပေးမယ်လို့ ထင်တဲ့အကြောင်းပြောဆိုထားပါတယ်။

Ref: variety

The post Abba အဖွဲ့ရဲ့ သီချင်းသစ်ဖြန့်ချိမည့်ရက်ကို ယခုနှစ်ကုန်ပိုင်းအထိ ရွှေ့ဆိုင်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...