Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမှုဖြစ်နေပေမယ့် ပရဟိတလုပ်ငန်းများကို အကျိုးသက်ရောက်မှုမရှိဟု ဝေဠုကျော်ပြော

$
0
0

ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခံထားသော သရုပ်ဆောင်ဝေဠုကျော်ကတော့ ယနေ့ ဇန်နဝါရီလ၂၂ ရက်နေ့မှာတော့ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ငွေကျပ်သိန်း ၅၀ ဖြင့် အာမခံရယူခဲ့ပါတယ်။

အဆိုပါ အမှုကိစ္စများနဲ့ ပတ်သက်ပြီး ဝေဠုကျော်ကတော့ အမှုဖြစ်နေပေမယ့် သူ့ရဲ့ပရဟိတလုပ်ငန်းတွေအပေါ်မှာတော့ အကျိုးသက်ရောက်မှုမရှိဘူးလို့ မီဒီယာများကို ပြောပါတယ်။

“ဒါကတော့ လူ့လောကထဲမှာရှိနေတဲ့ ဖြစ်စဉ်တွေပါပဲ။ အဲဒီထဲကမှ ဂုဏ်သိက္ခာဆိုတာ ယောကျာ်း နဲ့မိန်းမ ရှိတတ်ကြပါ တယ်။ လူတိုင်းတော်တော်များများမှာ ရှိတဲ့ကိစ္စတွေပါပဲ။ ဒါပေမယ့် ကျနော့်အနေနဲ့တော့ လူသိရှင်ကြား ဖြစ်တာတော့ ရှိတာပေါ့။ အထွေအထူးတော့ ကျနော့်အနေနဲ့ ဂုဏ်သိက္ခာပျက်တာမရှိပါဘူး။ ဘာမှမပြောချင်ပါဘူး။ သူလည်းသူမှန်တယ် ထင်လို့ သူလုပ်တာပါခင်ဗျ” လို့ ဝေဠုကျော်က ပြောပါတယ်။

ဝေဠုကျော်ကိုတော့ သင်းသင်းက ကာမလိမ်လည်မှုဖြင့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ဇန်နဝါရီ ၈ ရက်နေ့က တရားစွဲဆိုခဲ့တာဖြစ်ပြီး ယနေ့ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ ဝေဠုကျော်ရဲ့ မိဘ၂ ပါးမှ ကျပ်သိန်း ၅၀ ဖြင့် အချုပ်လွတ် အာမခံပေးခဲ့ပါတယ်။

“မိဘဆိုတာတော့ သားသမီးကို အယုံကြည်ဆုံးပဲလေ။ အဲဒါကြောင့် လိုက်ပြီး အာမခံပေးတာပါ။ ကျနော်ကတော့ အထွေအထူးပြင်ဆင်တာ မရှိပါဘူး။ အမှန်အတိုင်းပဲ ကျနော်သွားဖို့ရှိပါတယ်။ အားလုံးရဲ့အဖြေကတောာ့ တရားရုံးကနေ ဆုံးဖြတ်ပါလိမ့်မယ်။ ဘာမှကျနော့်အတွက် အထွေအထူးမရှိပါဘူး”

“ဒါဟာလောကကြီးထဲက ဖြစ်ရိုးဖြစ်စဉ်တခုပါပဲ။ သူများတွေလည်းဖြစ်ဖူးပါတယ်။ ကျနော်လည်းဖြစ်တယ်ပေါ့။ မဖြစ်ဖူးတဲ့သူတွေလည်း အများကြီးပါပဲ။ ကျနော်က အမှန်တရားပေါ်မှာပဲသွားမှာပါ။ ယုံကြည်မှုဆိုတာထက် အမှန်တရားပေါ်မှာပဲ ရပ်တည်မှာပါ” လို့ ဝေဠုကျော်က ပြောပါတယ်။

ဝေဠုကျော်ကတော့ အမှုကိစ္စအတွက် တဖက်မှာဆောင်ရွက်နေရပေမယ့် သူ့ရဲ့လုပ်ရိုးလုပ်စဉ်အလုပ်များကို အဆင်မပြတ်လုပ်ကိုင်လျက်ရှိတယ်လို့ သိရပါတယ်။

“ကျနော်လုပ်ရိုးလုပ်စဉ်အလုပ်ကို လုပ်နေပါတယ်။ အခုလည်း နာဂကနေပြန်လာတာပါ။ ပြီးရင်လည်းမြစ်ကြီးနား သွားပါမယ်။ ရခိုင်သွားရပါဦးမယ်။ ကြက်ခြေနီကောင်စီအစည်းအဝေးလည်း တက်ရပါဦးမယ်။ ဒါကျနော့်ရဲ့ လုပ်ရိုးလုပ်စဉ်ကို လုပ်နေရတာပါ။ ဘယ်သူဘယ်လိုပဲ ကြည့်ကြည့်ပါ။ ကျနော်ဒီတိုင်းပဲ ဆက်လုပ်နေရဦးမှာပါ။ ပရဟိတအလုပ်အပေါ်မှာလည်း ဘာမှမရှိပါဘူး။ ကျနော်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေမှာပါ” လို့ ဝေဠုကျော်က ပြောပါတယ်။

နောက်တကြိမ်ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။

The post အမှုဖြစ်နေပေမယ့် ပရဟိတလုပ်ငန်းများကို အကျိုးသက်ရောက်မှုမရှိဟု ဝေဠုကျော်ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...