Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ပြိုင်ပွဲဝင်တွေကို နှလုံးသားနဲ့ရွေးရသလို ဉာဏ်ပညာနဲ့လည်း ရွေးရတယ်”

$
0
0

အနုပညာသက်တမ်း ၁၀ နှစ်ကျော် ရှိလာပြီဖြစ်တဲ့ အဆိုတော် နီနီခင်ဇော်က “The Voice Myanmar” သီချင်းဆိုပြိုင်ပွဲမှာ ပထမအကြိမ် Coach အဖြစ်ဆောင်ရွက်ပေးခဲ့သလို ဒုတိယအကြိမ်မှာလည်း Coach အဖြစ် ထပ်မံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေကိုတော့ ရွေးချယ်ဖြစ်တဲ့အပေါ်ကိုလည်း နီနီခင်ဇော်က အခုလိုဆိုပါတယ်။

“The Voice Myanmar မှာ ဒုတိယအကြိမ် Coach အဖြစ် ပါဝင်လုပ်ကိုင်မှာပါ။ ပြိုင်ပွဲဝင်တွေကိုရွေးချယ်ရမှာပဲ။ နှစ်ယောက်လုံးရွေးချင်တယ် နှစ်ယောက်စလုံး Winner ပေးချင်ပေမယ့်လည်း မရဘူးလေ။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ်ရွေးပေးရတယ်။ အဲ့မှာ နီနီတို့က ဉာဏ်နဲ့ရွေးလိုက်ရတာရှိတယ်။ နှလုံးသားအရင်းခံပြီးရွေးလိုက်ရတာရှိတယ်”

“ဉာဏ်နဲ့ဆိုတာ သူရှေ့မှာ ကောင်းလာနိုင်လားပိုပြီး ဆိုးသွားနိုင်လားဆိုတာကိုကြည့်တယ်။ နှလုံးသားနဲ့က တခါတလေ မှားတတ်တယ်။ ဒီတပွဲမှာပဲကောင်းပြီး နောက်တပွဲမှာ ကောင်းချင်မှကောင်းတော့တယ်။ တခါတလေကျတော့ ယှဉ်ပြီးရွေးရတာပေါ့” လို့ နီနီခင်ဇော်က ဆိုပါတယ်။

ဆက်လက်ပြီး နီနီခင်ဇော်က “နီနီတို့ လေးယောက်လုံး တိုင်ပင်ထားကြတာက နီနီ Winner ရသည်ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ မြန်မာ Music Industry မှာ လိုအပ်နေတဲ့နေရာလေးတွေ ရှိတယ်။ မြန်မာပြည်မှာ အဲ့လိုအဆိုတော်မျိုး မရှိသေးဘူး ဆိုတာမျိုး ရှိတယ်။ အဲ့လိုနေရာမျိုးလေးမှာ ပြိုင်ပွဲတွေကနေတဆင့် ရောက်သွားဖို့ပိုရည်ရွယ်တယ်”

“ ဒါက နောက်ကွယ်က နီနီတို့ခံစားချက်လေးပါ။ ပြိုင်ပွဲဝင်တွေကို အနုပညာပေါ်စစ်မှန်တဲ့ စိတ်ထားတတ်အောင် နီနီ Coach လုပ်ချိန်မှာ အဲ့စိတ်လေး ရအောင်သွင်းပေးတယ်။ ရေတိုပြိုင်ပွဲတခုကိုပဲ ကောင်းအောင် မကြိုးစားပါနဲ့ ရေရှည်မှာ အနုပညာပေါ်ထားတဲ့ စိတ်ဘယ်လောက်ရိုးသားရတယ်ဆိုတာလဲ ပြောပြဖြစ်ပါတယ်”လို့ နီနီခင်ဇော်က ဆိုပါတယ်။

The Voice Myanmar ပြိုင်ပွဲဟာ လူငယ်ဆန်တဲ့ ပြိုင်ပွဲတခုဖြစ်တာကြောင့် Coach တယောက်အနေနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှာလို့ နီနီခင်ဇော်ကပြောပါတယ်။

“ပြိုင်ပွဲဆိုတာ ရေတိုလုပ်ငန်းပါပဲ။ ပြိုင်ပွဲမှာပဲ ကြိုးစားရမှာ မဟုတ်ဘူး။ ပြိုင်ပွဲပြီးမှ ပိုကြိုးစားရမှာပါ။ နီနီက အဆိုတော် ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းတွေဆိုလာတာ မဟုတ်ပါဘူး။ သီချင်းတွေကို ချစ်လို့ဆိုတာပါ။ နီနီက Coach ထဲမှာ အငယ်ဆုံး အစ်ကိုတွေကလည်း နီနီကို မျက်နှာသာမပေးဘူး။ ပြိုင်ပွဲဝင်တွေကို လုကြတယ်။ ဒါပေမယ့် နီနီတို့ ချစ်ခြင်းမေတ္တာက မပြိုကွဲဘူး။ နီနီတို့က အပြင်မှာ ချစ်ချစ်ခင်ခင်ပါပဲ”

“The Voice က လူငယ်ဆန်တဲ့ ပြိုင်ပွဲတခုပါ။ ဒါကြောင့် Coach တွေဆိုရင်လည်း လူငယ်ပုံစံသွားထားပေးတယ်။ နီနီက ထိုင်ပြီးကြည့်နေမယ်။ စကားလေးနည်းနည်းပဲ ပြောတယ်ဆိုရင် ဒီ Formet က မကြိုက်ဘူး။ အဲ့အတွက် နီနီက ဒီမှာ ပျော်စရာကောင်းတဲ့ ပုံစံနဲ့ တက်တက်ကြွကြွ အမျိုးသမီးဖြစ်နေတယ်။ ပရိသတ်တွေကတော့ ကြည့်ရတာ အသားကျလာမယ်ထင်ပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

မကြာခင်ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ City FM Radio ရဲ့ ၁၇ နှစ်ပြည့်ပွဲမှာလည်း ၂၀၁၈ ခုနှစ်အတွက် ရေပန်းအစားဆုံး အမျိုးသမီး တေးသံရှင်ဆုကို ရရှိခဲ့ပါတယ်။ နီနီခင်ဇော်ကတော့ Melody World သီချင်းဆိုပြိုင်ပွဲကတဆင့် ပရိသတ်ချစ်တဲ့ အဆိုတော်တယောက်ဖြစ်လာခဲ့ပြီး “မာရီယို” ၊ “Super Red” ၊ “U” ဆိုတဲ့ တကိုယ်တော်အခွေများ ထွက်ရှိထားပါတယ်။ စီးပွားရေးအနေနဲ့လည်း Super Red Cosmetic ကိုလည်း လုပ်ကိုင်နေပါတယ်။

The post “ပြိုင်ပွဲဝင်တွေကို နှလုံးသားနဲ့ရွေးရသလို ဉာဏ်ပညာနဲ့လည်း ရွေးရတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...