အဆိုတော် မင်းသမီး Lady Gaga ဟာ မကြာမီကျင်းပတော့မယ့် ၂၀၁၉ အော်စကာဆုပေးပွဲအတွက် ယှဉ်ပြိုင်မှု ပြင်းထန်တဲ့ ဆုအမျိုးအစားနှစ်ခုမှာ ဆန်ခါတင်စာရင်းဝင်ခဲ့တာကို တွေ့ရပါတယ်။
ဒေသစံတော်ချိန် ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အော်စကာ ဆန်ခါတင်စာရင်းထဲမှာ Gaga ဟာ “A Star Is Reborn” ရုပ်ရှင်နဲ့ အကောင်းဆုံးမင်းသမီးဆုကိုလျာထားခံရပါတယ်။ သူနဲ့အတူ လျာထားစာရင်းမှာပါဝင်ခဲ့သူတွေကတော့ “Roma” ရုပ်ရှင်ထဲက Yalitza Aparicio, “The Wife” ထဲက Gleen Close, “The Favourite” ထဲက Olivia Colman နဲ့ “Can You Ever Forgive Me?” ရုပ်ရှင်ထဲက Melissa McCarthy တို့နဲ့အတူ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
သူနဲ့ မင်းသား Bradley Cooper တို့ပူးတွဲသီဆိုထားတဲ့ “Shallow” သီချင်းကတော့ အကောင်းဆုံး တေးသီချင်းဆုအတွက် လျာထားခံရပါတယ်။
အဲဒီ့သီချင်းဆုဆန်ခါတင်စာရင်းမှာတော့ Black Panther ရုပ်ရှင်ရဲ့ “All the Stars” သီချင်း၊ RBG ရုပ်ရှင်ထဲက “I’ll Fight” သီချင်း၊ Mary Poppins Returns ရုပ်ရှင်ထဲက “The Place Where Lost Things Go” သီချင်း၊ The Ballad of Buster Scruggs ရုပ်ရှင်ထဲက “When A Cowboy Trades His Spurs For Wings” တို့ပါဝင်ပါတယ်။
အခုလိုမျိုး အကောင်းဆုံးမင်းသမီးဆုနဲ့ အကောင်းဆုံးသီချင်းဆုကို တနှစ်တည်းမှာ တပြိုင်နက်တည်း လျာထားခံရတာဟာ သူဟာ ဒုတိယမြောက်အနုပညာရှင်ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းက အကောင်းဆုံး ဇာတ်ပို့မင်းသမီး အဖြစ်လျာထားခံရ တဲ့ Mudbound ရုပ်ရှင်ထဲက မင်းသမီး Mary J. Blige ဟာ “Mighty River” သီချင်းနဲ့အကောင်းဆုံးသီချင်း စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
Lady Gaga ရဲ့ “Shallow” သီချင်းကတော့ ၂၀၁၉ ခုနှစ် ရွှေကမ္ဘာလုံးဆုနဲ့ ၂၀၁၉ခုနှစ် ဝေဖန်သူများရဲ့ ရွေးချယ်မှု ဆုပေးပွဲတို့မှာ အကောင်းဆုံးသီချင်းဆုကို ရရှိထားပါတယ်။ ပြီးတော့ ၂၀၁၉ ဝေဖန်သူများ ရွေးချယ်မှု ဆုပေးပွဲမှာလည်း အကောင်းဆုံးမင်းသမီးဆုကို မင်းသမီး Glenn Close နဲ့အတူ ရရှိခဲ့ပါတယ်။
“A Star Is Born ” ရုပ်ရှင်ဟာ အကောင်းဆုံးမင်းသမီးဆု၊ အကောင်းဆုံးမူရင်းသီချင်းဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးမင်းသားဆု (Bradley Cooper)၊ အကောင်းဆုံးဇာတ်ပို့မင်းသားဆု (Sam Elliott)၊ အကောင်းဆုံး မှီငြမ်းဇာတ်ညွှန်းဆု၊ အကောင်းဆုံး ရုပ်ရှင်ရိုက်ကူးရေးပညာဆုနဲ့ အကောင်းဆုံး အသံအရောအနှောဆု တို့အတွက် လျာထားခံထားရပါတယ်။
Ref:billboard
The post အော်စကာဆုအတွက် မင်းသမီးဆုနဲ့ သီချင်းဆု လျာထားစာရင်းမှာပါဝင်တဲ့ Lady Gaga appeared first on ဧရာဝတီ.