Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အင်တာနက်ပေါ်မှာ ရေပန်းစားတဲ့ အနုပညာရှင်ဖခင်များ

$
0
0

အနုပညာရှင်ဘဝနဲ့ အောင်မြင်ရုံတင်မကပဲ ဖခင်အဖြစ်မှာပါ အောင်မြင်တဲ့ ကမ္ဘာကျော်တွေဟာ ကံအကောင်းဆုံး လူသားတွေ ဆိုရင် မှားမယ်မထင်ပါဘူး။

အနုပညာရှင်တွေဟာ သာမန်လူတွေအတွက် အတုယူစရာဖြစ်လို့ သူတို့တွေဟာ ကင်မရာနောက်ကွယ်က ဘဝတွေမှာလည်း အိမ်ထောင်ဦးစီးကောင်း ဖခင်ကောင်းဖြစ်အောင် ကြိုးပမ်းကြဟန်တူပါတယ်။ ဒါကြောင့် ဒီတခါ အင်တာနက်ပေါ်မှာ ရေပန်းစားတဲ့ အနုပညာရှင် ဖခင်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) David Beckham

ဘောလုံးသမားဘဝမှာလည်း အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ David Beckham ဟာ သားသုံးယောက်နဲ့ သမီးတယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖခင်တဦးဖြစ်ပါတယ်။ သူဟာ မကြာခဏဆိုသလို သားတွေရဲ့ ဗီဒီယိုတွေကို ချစ်စနိုးနဲ့ ဝင်နှောင့်ယှက်လေ့ရှိပြီး သားသမီးတွေနဲ့ လက်ပွန်းတတီးနေထိုင်သူ တဦးလည်းဖြစ်ပါတယ်။

(၂) Justin Timberlake

Pop အဆိုတော်တဦးဖြစ်တဲ့ Justin Timberlake ကတော့ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ သူ့ကလေးအကြောင်းကို မကြာခဏတင်လေ့ရှိသူဖြစ်ပါတယ်။ အင်တာဗျူးတွေမှာလည်း ကလေးအကြောင်းကို အမြဲထည့်ဖြေလေ့ရှိပြီး “လွန်ခဲ့တဲ့ သုံးနှစ်ကစလို့ ကျတော့ဘဝရဲ့ အကောင်းဆုံးတွေကို ရရှိခဲ့ပါတယ်။ ဖခင်ဖြစ်ရတာဟာ တကယ့်ကို ကောင်းမွန်တဲ့ ဘဝခရီးပါပဲ ” လို့ ပြောခဲ့ဖူးပါ သေးတယ်။

(၃) John Legend

John Legen တို့ ဇနီးမောင်နှံကတော့ အမှန်တကယ်ကို သားသမီးအပေါ် အချိန်ပေးသူတွေလို့ ဆိုနိုင်ပါတယ်။ John က အင်တာဗျူးတခုမှာ ကျတော့ကလေးတွေ လိုအပ်နေတဲ့ အချိန်တိုင်း အနားမှာ ရှိနေနိုင်အောင် အမြဲ ကြိုးစားတယ်လို့ ဖြေခဲ့ပါသေးတယ်။

(၄) Jason Momoa

Aquaman ဇာတ်ကားမှာ ပရိသတ်အားပေးမှုကို ပိုရလာတဲ့ Jason Momoa ကတော့ သူစိတ်ကူးယဉ်ဖူးတဲ့ အိမ်ထောင်ကို ရရှိနေတဲ့သူ ဖြစ်ပြီး သူ့ရဲ့ ဇနီးဟာလည်း သူ အသက် ရှစ်နှစ်ကတည်းက ခိုးချစ်ခဲ့ရတဲ့ မင်းသမီးဖြစ်ပါတယ်။ သားတယောက် သမီးတယောက်ကို ပိုင်ဆိုင်ထားတဲ့ Jason က “အဖေ့ဘဝကို အဖေချစ်တယ်ဆိုတဲ့ သဘာဝထက် သားနဲ့သမီးကို ပိုချစ်ပါတယ်” လို့ အမြဲပြောလေ့ရှိသူ ဖြစ်ပါတယ်။

Ref;mmn

The post အင်တာနက်ပေါ်မှာ ရေပန်းစားတဲ့ အနုပညာရှင်ဖခင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...