Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဂျပန်အရောင်းဆိုင်များမှ အပြာမဂ္ဂဇင်းများ ရောင်းချနေမှုကို ရပ်ဆိုင်းမည်

$
0
0

ဂျပန်နိုင်ငံမှာရှိတဲ့ အကြီးမားဆုံး ကုန်စုံစတိုးဆိုင်ကြီးနှစ်ခုကတော့ လာမယ့် ၂၀၁၉ခုနှစ် Rugby ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လာမယ့်နှစ် တိုကျိုမှာ ပြုလုပ်ဖို့ရှိတဲ့ အိုလံပစ်ပြိုင်ပွဲမတိုင်မီ သူတို့ဆိုင်တွေမှာ အပြာအဖော်အချွတ် မဂ္ဂဇင်းများ ရောင်းချနေရမှုကို ရပ်ဆိုင်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှာ ဆိုင်ပေါင်း ၂၀၀၀၀ ကျော်လောက် ဖွင့်လှစ်ထားတဲ့ 7-Eleven က စားသုံးသူဖောက်သည်များ အားလုံး အတွက် သင့်လျော်တဲ့ ဈေးဝယ်ပတ်ဝန်းကျင်တခုကို ဖန်တီးချင်တယ်လို့ ပြောဆိုထားပါတယ်။ ဂျပန်နိုင်ငံတဝန်း စတိုင်းဆိုင် ၁၄၀၀၀ လောက်ရှိတဲ့ ပြိုင်ဖက် Lawson Inc ကလည်း အလားတူ ကြေညာချက်ကို ထုတ်ပြန်လိုက်ပါတယ်။

အခုလိုမျိုး ကမ္ဘာကျော်အားကစားပြိုင်ပွဲနှစ်ခုကို ဂျပန်နိုင်ငံမှာ ပြုလုပ်ဖို့ရှိတဲ့အတွက် နိုင်ငံကို ကမ္ဘာ့လှည့်ခရီးသည် တော်တော်များများ ဝင်ရောက်လာဖို့လည်း ရှိနေတာပါ။

ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ၂၄ နာရီ ကုန်စုံဆိုင်တွေဟာ ကော်ဖီပူပူကစလို့ အေးခဲအသားအလယ် စိတ်ဖိစီးမှုများတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ဝတ်စုံတွေအထိ အရာအားလုံးကို ရောင်းချပါတယ်။ အဖော်အချွတ်၊ အပြာမဂ္ဂဇင်း တွေကိုတော့ ဆိုင်ရဲ့အရှေ့ဘက်မှာရှိတဲ့ တန်းစင်တွေပေါ်ကို တင်ပြီး ရောင်းချသလို တခါတလေ စင်အနိမ့်တွေပေါ် မှာလည်း ထားလေ့ရှိပါတယ်။ အခုဖော်ပြခဲ့တဲ့ စတိုးဆိုင်နှစ်ခုကတော့ မကောင်းတဲ့အမြင်မျိုးဖြစ်မှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

7-Eleven က “အရင်တုန်းက 7-Eleven က အမျိုးသားဝယ်သူတွေအတွက် ဖျော်ရည်ယမကာ၊ အသင့်စားအစား အစာတွေအထိ ဝယ်ယူနိုင်ပါတယ်။ ကျနော်တို့ရဲ့ ထုတ်ကုန်အမျိုးအစားခွဲခြားမှုဟာ အဲဒီလို လိုက်လျောညီထွေစွာ ပုံစံထုတ်ထားတာပါ။

ဒါပေမယ့် 7-Eleven စတိုးရဲ့ အခန်းကဏ္ဍနဲ့အသုံးပြုမှုက နှစ်အနည်းငယ်အတွင်း ပြောင်းလဲလာပါတယ်။ 7-Eleven ဟာ မိသာစုတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အရေးကြီးတဲ့ ဈေးဝယ်နေရာတခုဖြစ်လာပါပြီ” လို့ဆိုပါတယ်။

အဲဒီစတိုးဆိုင်ရဲ့ အဆိုအရ အပြာမဂ္ဂဇင်းရောင်းချရမှုအား သူတို့ရဲ့ပစ္စည်းအားလုံးရောင်းချရမှုရဲ့ ၁ ရာခိုင်နှုန်းတောင် မရှိဘူးလို့ ဆိုပါတယ်။ Rugby ကမ္ဘာ့ဖလားပြိုင်ပွဲကို စက်တင်ဘာလမှာ ကျင်းပမှာ ဖြစ်ပြီး တိုကျိုအိုလံပစ်ကိုတော့ လာမယ့် ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ စတင်မှာဖြစ်ပါတယ်။

Ref:BBC

The post ဂျပန်အရောင်းဆိုင်များမှ အပြာမဂ္ဂဇင်းများ ရောင်းချနေမှုကို ရပ်ဆိုင်းမည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...