Quantcast
Viewing all articles
Browse latest Browse all 7343

အနုပညာသမားတိုင်း ပေါ်ပြူလာဖြစ်ချင်ပါတယ်ဆိုတဲ့ စည်သူ(ပလပ်ကျွတ်)

စူပါဟီးရိုး ဇာတ်လမ်းတွေရိုက်ပြီး မြန်မာပရိသတ်တွေကြားမှာ နာမည်ကြီးလာတဲ့ စည်သူပလပ်ကျွတ်ကတော့ လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို တော်တော်များများ လုပ်ကိုင်လာရတာကိုတွေ့ရပါတယ်။

စည်သူပလပ်ကျွတ်ရဲ့ နာမည်တူအကောင့်တွေနဲ့ သူ့ရဲ့ပရိသတ်တွေကို အထင်လွဲအောင်လုပ်တဲ့ အကောင့်ဟာ အကောင့်တုဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောပါတယ်။

“အခုလိုအကောင့်တုတွေနဲ့ ကျနော်ကိုလိုက်ပြီး ပရိသတ်တွေကို အထင်လွဲအောင် လုပ်နေတာ ဒီလိုလူမျိုးတွေကို ကျနော် နားမလည်နိုင်အောင်ပါပဲ။ တော်တော်လည်း ရိုင်းပါတယ်။ ကျနော်ရင်ထဲမှာ မကောင်းလို့ပါ။ ကျနော် ပေါ်ပြူလာဖြစ်ချင်လို့ ဆိုပြီးပြောတယ်။ အနုပညာသမားတွေက ပေါ်ပြူလာဖြစ်ချင်ကြပါတယ်။ ပေါ်ပြူလာဖြစ်မှ ပရိသတ်သိမှာ”

“ ပရိသတ်သိမှကျနော်တို အဆင်ပြေမှာ ပေါ်ပြူလာဖြစ်ချင်လာဆိုရင်တော့ ဖြစ်ချင်ပါတယ်။ ဖြစ်ချင်လို့လည်း ဒီလို Spider Man ဝတ်စုံဝတ်တာပါ”လို့ သရုပ်ဆောင်စည်သူ (ပလပ်ကျွတ်) ကပြောပါတယ်။

ဆက်လက်ပြီး “ကျနော် Spider Man ဝတ်စုံဝတ်လို့ ဆဲတာကို ခံနိုင်ပါတယ်။ အခုလို ကျနော်တို့ကိုဆဲတာ ကျနော်တို့ အနုပညာ သမားတွေက ရိုးနေပါပြီ။ ကျနော်ချစ်တဲ့ ပရိသတ်တွေကို အထင်လွဲအောင်လုပ်တဲ့ အကောင့်ဟာ ကျနော်မဟုတ်ဘဲ အကောင့်တုနေတွေဆိုတာကို ကျနော်ရှင်းပြတာပါ”

“ကျနော်ပညာရေးလည်း နည်းတဲ့အတွက် Facebook သုံးတာ သိပ်မကျွမ်းပါဘူး။ အဲ့အကောင့်တုက ရှိသမျှ မီဒီယာတွေရဲ့Wall ထဲကို ဝင်တာ ။ ကျနော်အခု U Sithu နဲ့ Sithu နှစ်ကောင့်ကိုသုံးနေပါတယ်”

သူများစတိုင်မခိုးဘဲ ကိုယ့်စတိုင်နဲ့ပဲ ကိုယ်နေတယ်ဆိုတဲ့ စည်သူ (ပလပ်ကျွတ်) က သူဝတ်ဆင်ခဲ့တဲ့ Spider man ဝတ်စုံအပေါ် ဝေဖန်နေကြသော်လည်း နောက်ပိုင်းမှာ ထပ်ဝတ်ဖို့ရှိတယ်လို့ဆိုပါတယ်။

“ကျနော်လှည်းတန်းစင်တာပွဲလေးမှာ Spider man ဝတ်စုံ ဝတ်လိုက်တာ အဲ့အကျိုးဆက်ဘာဖြစ်လာလဲဆိုတော့ ကျနော့်ကို ဆဲတာတွေ ဝေဖန်တာတွေ မြင့်တက်လာတယ်။ အဲ့ဒါမိုက်ပါတယ်။ အရမ်းလည်း လက်ခံပါတယ်။ အခုလက်ရှိမှာ Super Hero Fan တယောက်ဖြစ်တာကြောင့် Super Hero ဝတ်စုံလေးတွေကို ဆက်ဝတ်မယ်။ ကျနော်ရတဲ့ အနုပညာကြေးလေးနဲ့ ဝယ်ပြီးဝတ်လိုက်တာပါ။ နောက်ဟာတွေကိုလည်း ချွေးနည်းစာနဲ့ စုပြီးဝယ်ဦးမှာပါ”လို့ စည်သူ (ပလပ်ကျွတ်) က ပြောပါတယ်။

ပရိသတ်များရဲ့ ဝေဖန်မှုကို လက်ခံပြီး ရိုင်းသလိုဖြစ်သွားတဲ့အတွက်လည်း တောင်းပန်ကြောင်းသူက ဆိုပါတယ်။

“ဖျော်ဖြေမှုတိုင်းက ရိုးရိုးဆိုရင် ဒီတိုင်းပဲ ဖြစ်မှာလေ။ ပရိသတ်ကို ဒီလိုလေးချပြမှ သူတို့ကြိုက်တာတွေ၊ မကြိုက်တာ တွေဝေဖန်နိုင်မှာ။ ဒါကြောင့် ကျနော်ကတော့ ထပ်ဝတ်မယ်။ သေချာတာ ကျနော်က သူများစတိုင်မခိုးဘူး။ ကိုယ်စတိုင်နဲ့ပဲ ကိုယ်လုပ်မှာ။ ဒီဝတ်စုံကြောင့် ကျနော်ရိုင်းသလိုဖြစ်ရင် ထပ်ခါထပ်ခါ တောင်းပန်ပါတယ်”လို့ စည်သူ(ပလပ်ကျွတ်)က ပြောပါတယ်။

စည်သူ (ပလပ်ကျွတ်)က ဇာတ်ကားများစွာမှာလည်း သရုပ်ဆောင်သလို မကြာခင်မှာလည်း သူခေါင်းဆောင် နေရာမှပါဝင် သရုပ်ဆောင်ထားတဲ့ “ကိုပေါ” ရုပ်ရှင်ကားလည်း ရုံတင်တော့မှာ ဖြစ်တယ်လို့ဆိုပါတယ်။ စည်သူ (ပလပ်ကျွတ်)က သရုပ်ဆောင်အပြင် သီချင်းတွေလည်း သီဆိုနေသူတဦး ဖြစ်ပါတယ်။

The post အနုပညာသမားတိုင်း ပေါ်ပြူလာဖြစ်ချင်ပါတယ်ဆိုတဲ့ စည်သူ(ပလပ်ကျွတ်) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...