Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

‘Roma’ ရုပ်ရှင်ဒါရိုက်တာ ဗီဇာအခက်အခဲကြောင့် အော်စကာဆုပေးပွဲနဲ့ လွဲချော်ဖွယ်ရှိ

$
0
0

မကြာမီကျင်းပတော့မယ့် ၂၀၁၉ အော်စကာဆုဆန်ခါတင်စာရင်းမှာ ၁၀ ခုအထိ လျာထားခံရတဲ့ “Roma” ရုပ်ရှင်ဒါရိုက်တာ Jorge Antonio Guerrero ဟာ ကမ္ဘာ့အကြီးကျယ်အခမ်းအနားဆုံး ဆုပေးပွဲကို တက်ရောက်နိုင်ဖို့ဆိုတာထက် သူ့အိမ်ကနေပဲ ကြည့်ရဖို့များနေပါတယ်။

မက္ကဆီကို ဒါရိုက်တာက သူ့အနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြုလုပ်မယ့် အော်စကာဆုပေးပွဲ မတက်ရောက်နိုင်မှာကို စိုးရိမ်နေတယ်လို့ Indie Wire မီဒီယာကိုပြောကြားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ပြည်ဝင်ခွင့်ဗီဇာကို အမေရိကန်နိုင်ငံဘက်က ငြင်းပယ်ခဲ့ဖူးလို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အစောပိုင်းကာလမှာ “Roma” ရုပ်ရှင်ကို ပွဲဦးထွက်ပြသချိန်မှာတော့ ဧည့်ဗီဇာကို ပထမဆုံး လျှောက်ထားခဲ့ဖူးပေမယ့် ငြင်းပယ်ခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံကို ပြည်ဝင်ခွင့်ရဖို့ နှစ်ကြိမ်ထက်မနည်း အငြင်းခံခဲ့ရတာကြောင့် Netflix ကနေစီစဉ်ပေးတဲ့ ပွဲကိုရော သူ့ရဲ့ရုပ်ရှင်က ဆုတွေအများကြီး သိမ်းပိုက်ခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကိုရော တက်ရောက်နိုင်ခဲ့တာမရှိပါဘူး။

သူ့ရဲ့အဆိုအရ ဗီဇာကို လျှောက်ထားဖို့ ကြိုးစားနေတဲ့အချိန်အတွင်းမှာ မက္ကဆီကိုစီးတီးမြို့မှာရှိတဲ့ အမေရိကန်သံရုံး ဝန်ထမ်းတွေက သူဟာ အမေရိကကို သရုပ်ဆောင်လုပ်ဖို့ သွားမှာမဟုတ်ဘဲ အလုပ်သမားတယောက်အနေနဲ့ သွားဖို့ ကြိုးစားနေတယ်လို့ ထင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ Guerrero က “ဒါဟာ လုပ်ငန်းစဉ်ပိုင်းဆိုင်ရာ ပြဿနာလို့ ကျနော် အဓိပ္ပါယ်သတ်မှတ်လိုပါတယ်။ ဒါဟာ ကျနော်လုပ်ချင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး အင်တာဗျူးတွေ့ဆုံသူတွေက ကျနော့်ကို ငြင်းလိုက်တာဟာ တော်တော်လေး ကိုခံရခက်ပါတယ်”

“အဲဒီဖိတ်ကြားစာတွေကို ဖတ်ဖို့ ကောင်စစ်ဝန်အရာရှိနဲ့ တယောက်ယောက်က ဖတ်ဖို့ အခြားနည်းလမ်းတခုကို ရှာဖွေနိုင်ဖို့ဆိုရင် သူ့အနေနဲ့ ကျနော်ဟာ နိုင်ငံနှစ်ခုကြားမှာ ရှိနေတဲ့ ယဉ်ကျေးမှုမှု ဖလှယ်ဖို့နဲ့ ကျနော့်မှာရှိတဲ့ အနုပညာမြောက်တဲ့ပုံစံကို နားလည်ဖို့တော့လိုပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Ref:asiaone

The post ‘Roma’ ရုပ်ရှင်ဒါရိုက်တာ ဗီဇာအခက်အခဲကြောင့် အော်စကာဆုပေးပွဲနဲ့ လွဲချော်ဖွယ်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...