Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အဓိပတိလမ်းက နဂ္ဂတစ်များကားမှာ ကျောင်းသားကာရိုက်တာအတွက် ဖြည့်တွေးစေချင်တယ်”

$
0
0

စာရေးဆရာနီကိုရဲရဲ့ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအနေနဲ့ နောက်တကြိမ်ပြန်လည်ပုံဖော်တဲ့ “အဓိပတိလမ်းက နဂ္ဂတစ်များ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာတော့ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်များနဲ့ ကာရိုက်တာများက လိုက်ဖက်မှုမရှိဘူးဆိုတဲ့ ဝေဖန်မှုများစွာရှိနေခဲ့ပါတယ်။

အဆိုပါဝေဖန်မှုများကိုတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ရဲဝင်းကာရိုက်တာကို သရုပ်ဆောင်ထားတဲ့ပြေတီဦးက အခုလိုပြောပြခဲ့တယ်။

“အမှန်အတိုင်းပြောရရင်တော့ အသက်ကြီးပါတယ်။ ကျနော်တို့က ၁၀တန်းအောင်ပြီးစ တက္ကသိုလ်ကိုရောက်ခါစတော့ မဟုတ်ဘူး။ ကျနော်တို့က ဘွဲ့လွန်တွေ မာစတာတွေပေါ့။ နည်းနည်းလေးဖြည့်တွေးရင် ကျောင်းတွေဘာတွေကျထား တာတွေ ဘာတွေလည်းဖြစ်နိုင်တာပဲ။ အတတ်နိုင်ဆုံးတော့ ဘွဲ့လွန်မာစတာလိုမျိုး ရိုက်ထားပါတယ်” လို့ ပြေတီဦးက ပြောပါတယ်။

ဒီကားထဲမှာတော့ ဘွဲ့လွန်မာစတာတန်းတက်နေတဲ့ ကျောင်းသားများအဖြစ်သရုပ်ဆောင်ထားခြင်းဖြစ်ပြီး ၁၀တန်းအောင်ပြီးခါစကျောင်းသားများမဟုတ်တာကြောင့် ငယ်မနေတာဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ကျတော့ ကိုနီကိုရဲလို ခန္ခာကိုယ်အချိုးအစားတော့ မတူဘူးပေါ့။ ဒါပေမယ့်လည်း ကျန်တဲ့စိတ်ပိုင်းဆိုင်ရာ ပေါ့။ သူ့ရဲ့ နုံတုံတုံ အတတဖြစ်တာ။ အလွဲလွဲအချော်ချော်ဖြစ်တာ။ ဒါမျိုးလေးတွေကျတော့ ခံစားချက်နဲ့ သရုပ်ဆောင် ရတာ ပိုအဆင်ပြေတာပေါ့။ အရှေ့မှာထိတွေ့မှုတွေရှိခဲ့တယ်။ ကိုလွင်မိုးလည်း ရိုက်ခဲ့တဲ့အခါကျတော့။ ကျနော်ကိုယ်တိုင်လည်း အရမ်းဟာသဖြစ်တာထက် ဒီလိုမျိုးလေးတွေက ပိုလိုက်ဖက်တယ်လို့ ခံစားရတယ်” လို့ ပြေတီဦးက ပြောပါတယ်။

“အဓိပတိလမ်းက နဂ္ဂတစ်များ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ တချိန်က “ကြည်ပြာရောင် နဂ္ဂတစ်များ”ဆိုတဲ့ ရုပ်ရှင်ကားကြီးဖြစ်ပြီး ဒီကားမှာ လွင်မိုးနဲ့ ထွန်းအိန္ဒြာဗိုတို့က သရုပ်ဆောင်ထားခဲ့ပြီး တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ခဲ့ပါတယ်။

“ကိုနီကိုရဲ ဝတ္ထုက Plot တွေကအများကြီး တကားစာကိုမကဘူး။ ဦးမျိုးမင်းရိုက်တုန်းက ဝတ္ထုထဲမှာ ကျန်နေတဲ့ plot တွေရှိသေးတာပေါ့။ အဲဒီကျန်နေတဲ့ Plot တွေကို ဦးစားပေးပြီး ရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းကတော့ မတူဘူး။ ပုံစံခြင်းလည်းမတူဘူး။ ကိုလွင်မိုးတို့ရိုက်ခဲ့တုန်းကတော့ တအားလည်းအောင်မြင်တယ်”

“အဲဒီကာရိုက်တာနဲ့ ကွက်တိပဲပေါ့။ ရဲဝင်းဆိုတဲ့ကာရိုက်တာကို ကောင်းကောင်းကြီး ပုံဖော်နိုင်တယ်။ မခိုင်ကြီးလည်း အရမ်းကောင်းတယ်။ ကျနော်တို့ကလည်း အဲဒီလောက်ကြီးကောင်းမှာ မဟုတ်ဘူး။ ဒါပေမယ့်လည်း ကိုယ်တတ်နိုင် သလောက်လေးတော့ ကြိုးစားပမ်းစားလုပ်ထားပါတယ်” လို့ ပြေတီဦးက ပြောပါတယ်။

ယခင်က ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ ကြည်ပြာရောင်နဂ္ဂတစ်များကို ယခုအခါ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ပြန်လည်ပုံဖော်မယ့် အဓိပတိလမ်းက နဂ္ဂတစ်များရုပ်ရှင် ဇာတ်ကားမှာတော့ ပြေတီဦး ၊ ရဲအောင် ၊ ဝတ်မှုံရွှေရည် ၊ ယွန်းရွှေရည်နှင့် တခြားသောသရုပ်ဆောင်များက သရုပ်ဆောင်ထားပြီး ဇန်နဝါရီ ၂၅ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

The post “အဓိပတိလမ်းက နဂ္ဂတစ်များကားမှာ ကျောင်းသားကာရိုက်တာအတွက် ဖြည့်တွေးစေချင်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...