Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင်ကင်းကောင်နဲ့ အမှတ်တရများပြောတဲ့ အနုပညာရှင်များ

$
0
0

ဟာသလူရွှင်တော်သရုပ်ဆောင် ကင်းကောင်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် ၆ နာရီခွဲ အချိန်က ကွယ်လွန်ခဲ့ပါတယ်။ ဟာသလူရွှင်တော် သရုပ်ဆောင် ကင်းကောင် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဟာ အွန်လိုင်းစာမျက်နှာပေါ်တွေမှာ ပျံ့နှံ့နေသလို အားလုံးကို နှုတ်ဆက်သွားခဲ့တဲ့ ကင်းကောင်အတွက် စိတ်မကောင်းဖြစ်နေကြပြီး အနုပညာရှင်များက ဝမ်းနည်းစကားများ ကိုဖော်ပြပေးလိုက်ပါတယ်။

ဒါရိုက်တာမောင်သီ

ကိုကင်းနဲ့ သူ့အမျိုးသမီးနဲ့ ပုပ္ပါးကို ရောက်လာတယ်။ ရောက်လာချိန်မှာ စကားလေသံတောင် မထွက်နိုင်ဘူး။ ယဲ့ယဲ့ပဲရှိတယ်။ ဘာလို့လာတာလဲ ကျန်းမာရေး ဖြစ်နေတာ။ သူတို့ကလည်း စရံတွေ ဘာတွေယူထားတာကြောင့် ဘာညာပေါ့။ ဆရာဝန်နဲ့လည်း သေချာစစ်ပြီးမှလာတာ ဆေးဒဏ်ပိနေတယ်။ ကျော်ဇောလင်းနဲ့တိုင်ပင်ပြီး သုံးလေးရက် အနားပေးထားလိုက်ပြီးမှ ကျန်းမာရေးမကောင်းရင် ရန်ကုန်ပြန်ပို့မယ် စဉ်းစားထားတာ။ ရောက်ပြီး နှစ်ရက်မှာ ဆုံးသွားတာ။

ကင်းကောင်နဲ့ ခင်တာကြာလှပြီ။ ကင်းကောင်သည် သူများကို ဒုက္ခမပေးဘူး။ ပျော်ပျော်နေတယ်။ လူ့ဘဝမှာ နေထိုင်ခဲ့စဉ် ကတော့ လူမှုရေး၊ စီးပွားရေးတွေ ကူညီပေးခဲ့တာတွေရှိပါတယ်။ သေခြင်းတရားကိုကျတော့ လက်လျှော့ပေးလိုက် ရတာပေါ့နော်။ မကယ်လိုက်နိုင်ဘူးပေါ့နော်။ အဲဒီအတွက် စိတ်မကောင်းတော့ဖြစ်ပါတယ်။

လွင်မိုး

သူနဲ့ ကျနော်နဲ့က အတွဲအများဆုံး။ သူငယ်ချင်းလိုရော ညီအစ်ကိုလိုရောနေခဲ့ကြတာ အမှတ်တရတွေကတော့ အများကြီးပေါ့။ လူတိုင်းကတော့ တနေ့တချိန် ဒီကိစ္စတွေကြုံကြမှာပဲ။ ဝမ်းနည်းကြရမှာပဲ။ ကြေကွဲကြရမှာပဲ။ စိတ်မကောင်းဘူး။

ကျော်ထူး

ကျနော်ရယ်၊ ကင်းကောင်ရယ်၊ ကုသိုလ်ရယ် ‘ကကြီးသုံးလုံး’ ဆိုပြီးတော့ လက်တွဲလာခဲ့ကြတာအခုတော့ သူ့ရဲ့ နောက်ဆုံးခရီးကိုတောင် ကျနော်မမီလိုက်ဘူးဗျာ။ ဒီလိုပါပဲ နောက်ထပ် ဘယ်သူတွေလာဦးမလဲ ဆိုတာ မသိနိုင်ဘူးလေ။

ဖိုးဖြူ

ဒီကောင်ဒီလိုချိန်မှာ ချက်ချင်းကြီးဖြစ်ပြီး သေသွားလိမ့်မယ်လို့ မထင်မိဘူး။ လူကတော့ သေမျိုးကြီးပါပဲ။ ဒါပေမယ့်လည်း အလုပ်လုပ်နေတဲ့အချိန်မှာ ပရိသတ်ကို ကိုယ်တတ်တဲ့ ပညာနဲ့ အလုပ်အကျွေးပြုနေရင်း သေဆုံးရတာတော့ တော်တော်လေး ဝမ်းနည်းမိတယ်။ ဘယ်လိုကိုပြောရမှန်းမသိဘူး။ ကင်းကောင်သည် ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်း တယောက်၊ ညီအစ်ကို တယောက်၊ ရဲဘော်ရဲဘက်တယောက်ပါ။

အရိုင်း

အခုချိန်ထိ သရဲလေးကောင်ကို အမှတ်တရရှိနေတာ တနိုင်ငံလုံးက ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကွယ်လွန် သွားတဲ့ ကင်းကောင်အတွက်လည်း အမှတ်တရဖြစ်တာပဲ ရာစုနှစ်ပေါင်းများစွာ တည်တံ့နေတဲ့ သရဲလေးကောင်ပါ။ သူကောင်းရာမွန်ရာမှာ ကောင်းတဲ့ အလုပ်တွေ ဆက်လုပ်နိုင်ပါစေ ဆုတောင်းပါတယ်။ သရဲလေးကောင် အဖွဲ့သားတွေထဲမှာ သေတဲ့သူလေးယောက်ရှိပါပြီ။

ဒိန်းဒေါင်

ရင်ထဲက ခံစားရတာပေါ့။ အနုပညာညီအစ်ကိုဆိုလည်း ဟုတ်တယ်။ အစ်ကိုဆရာဆိုလည်း ဟုတ်တယ်။ ကိုယ်တန်ဖိုးထား မြတ်နိုးရတဲ့ အနုပညာရှင်တဦးလည်း ဖြစ်တဲ့အတွက် ဝမ်းနည်းမိပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ကားမှာ ဦးကင်းပိန်တယ်။ သူမသောက်တော့ဘူး။ တေ်ာ်တော်လေးစိတ်မကောင်းဘူး။

စိန်သီး

စင်ပေါ်မှာဆိုရင်လည်း သူ ပြက်လုံးတွေ ပြက်ရင်လည်း သူများကို နင်းတာ၊ ပြုတာ၊ အကျင့်ယုတ်တာတွေ မရှိဘူး။ သူလုပ်တဲ့ဟာကိုလည်း ပရိသတ်က သူ့ကိုချစ်တယ်။ ချစ်တဲ့ အပေါ်မှာလည်း ခံစားပြီးတော့ ပရိသတ်ကို သူပေးဆပ်သွားတယ်။ သူတော်ကောင်းပါ၊ ကောင်းရာဘုံဌာနမှာ သူရှိနေမှာပါ။

ပုပ္ပားမှာ အအေးဒဏ်ကြောင့် ချွဲကြပ်ပြီး ကွယ်လွန်ခဲ့တဲ့ ကင်းကောင်ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့ ရေဝေးသုဿာန်ကို သယ်ဆောင်လာခဲ့ပြီဖြစ်ပြီး ကင်းကောင်ရဲ့ရုပ်အလောင်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၉ နာရီမှာ ရေဝေးသုဿာန်မှာ မီးသဂြိုလ်ခဲ့ပါတယ်။

The post သရုပ်ဆောင်ကင်းကောင်နဲ့ အမှတ်တရများပြောတဲ့ အနုပညာရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...