Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၁ ရာစုမှာ ကဗျာအဆန်ဆုံး လက်ထပ်ခွင့်တောင်းခဲ့သူ ၃ ဦး

$
0
0

ချစ်သူစုံတွဲတွေရဲ့ဘဝမှာ လက်ထပ်ခွင့်တောင်းတဲ့ အချိန်ဟာ အပျော်ရွှင်ရဆုံးနဲ့ ရင်အခုန်ရဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ယခင်က မြန်မာနိုင်ငံမှာ ဒီလို ပြုလုပ်တာတွေ မရှိသလောက်နည်းပေမယ့် အခုနောက်ပိုင်း လူငယ်စုံတွဲတွေမှာ ထူးထူးခြားခြားပြင်ဆင်ပြီး လက်ထပ်ခွင့်တောင်းတာတွေ ရေပန်းစားလာပါတယ်။

လက်ထပ်ခွင့်တောင်းဖို့ ဆိုတာ ငွေကြေးကုန်ကျခံနိုင်ရမှ ရမယ်လို့ အမျိုးသားတွေက ထင်ထားကြပေမယ့် အမှန်တကယ်တော့ ကိုယ့်ချစ်သူအတွက် အရေးကြီးတဲ့ အရာတွေကို ပြုလုပ်နိုင်ပေးရင်ပဲ ရနေပါပြီ။

အခုဖော်ပြမယ့် လက်ထပ်ခွင့်တောင်းခြင်းတွေကတော့ ငွေးကြေးအကုန်အကျနည်းနည်းနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသားတွေရဲ့ ၂၁ရာစုအတွင်း ကဗျာအဆန်ဆုံး လက်ထပ်ခွင့်တောင်းခဲ့သူတွေပဲ ဖြစ်ပါတယ်။

(၁) တက်တူး လက်ထပ်ခွင့်

Vinnie Capaldo-Smith လို့ ခေါ်တဲ့ တက်တူးဆရာဟာ သူရဲ့ ချစ်သူဖြစ်တဲ့ Brooke Wodark ကို တက်တူးတခု ထိုးထားပြီး လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ “လက်ထပ်နိုင်မလား” လို့ မေးထားတဲ့ မေးခွန်းကို သူက အရင် တက်တူးထိုးထားနှင့်ပြီး အဖြေ နှစ်ခုကို သူ့ချစ်သူကို ရွေးခိုင်းခဲ့တာပါ။ သူ့ရဲ့ ချစ်သူကတော့ “Yes” ဆိုတဲ့ နေရာကို တက်တူးထိုးပေးပြီး လက်ထပ်ခွင့်ကို လက်ခံခဲ့ပါတယ်။

(၂) ရေခဲမုန့် လက်ထပ်ခွင့်

Luke Munsterteiger လို့ ခေါ်တဲ့ အမျိုးသားကတော့ သူ့ချစ်သူ ရေခဲမုန့်ကြိုက်လွန်းကြောင်းကို သိပုံပေါ်ပါတယ်။ သူမ စားနေကျ ရေခဲမုန့်ကုမ္ပဏီကို အကူအညီတောင်းပြီး ရေခဲမုန့်ဘူးမှာ “ကိုယ့်ကို လက်ထပ်နိုင်မလား”ဆိုတဲ့ စာကို ရေးခိုင်းခဲ့ တာပါ။ ဈေးဝယ်စင်တာထဲမှာပဲ သူဟာ သူမကို ရေခဲမုန့်တဘူးနဲ့ လက်ထပ်ခွင့်တောင်းခဲ့ပြီး သူမက ခေါင်းငြိမ့်ခဲ့တယ်လို့ သိရပါတယ်။

(၃) စာကြည့်တိုက် လက်ထပ်ခွင့်

Paul Phillips လို့ ခေါ်တဲ့ အမျိုးသားတဦးဟာ သူနဲ့သူ့ချစ်သူရဲ့ ဇာတ်လမ်းကို ကာတွန်းဆရာတယောက်ဆီမှာ ကာတွန်းရေးဆွဲပေးဖို့ အပ်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ဇနီးလောင်းကို စာကြည့်တိုက်ကို ခေါ်လာပြီး သူအပ်ထားတဲ့ ကာတွန်းစာအုပ်ကို ဖတ်စေခဲ့ပါတယ်။

စာအုပ်ရဲ့ အဆုံးမှာ ကာတွန်းပုံနဲ့ မင်းကိုယ့်ကို လက်ထပ်နိုင်မလားလို့ ရေးဆွဲထားတဲ့ ပုံအရောက်မှာတော့ သူဟာ ဒူးတဖက်ထောက်ပြီး လက်ထပ်ခွင့်ကို တောင်းပါတော့တယ်။ သူ့ချစ်သူက လက်ထပ်ပါမယ်ဆိုတဲ့ အဖြေကို ပေးခဲ့ပါတယ်။

Ref;mmn

The post ၂၁ ရာစုမှာ ကဗျာအဆန်ဆုံး လက်ထပ်ခွင့်တောင်းခဲ့သူ ၃ ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...