အနုပညာပျိုးခင်းရဲ့ မင်းသမီးတလက်ဖြစ်တဲ့ ရတနာဗိုက ဗီဒီယိုကလည်း ခေတ်မကောင်းတော့လို့ ကြိုးစားနေသူတွေ အတွက် အလုပ်က ပိုပါးလားတယ်လို့ဆိုပါတယ်။
“လတ်တလောမှာ “နွံ”ဆိုတဲ့ ကားလေးရိုက်နေပါတယ်။ ဗီဒီယိုကလည်း ခေတ်မကောင်းတော့ မရိုက်ကျ တော့ဘူး။ ဇာတ်ကားကြီးတွေကျ တော့လည်း ပြဖို့တန်းစီထားတာ အရမ်းများတယ်။ အဲ့အတွက် အလုပ်လေးတွေ ပါးလာတယ်။ ဗိုတို့လို ကြိုးစားနေသူတွေအတွက် ပိုပါးလာတာပေါ့”
“ အဲ့တော့ ကိုယ်ဆီရောက်လာတဲ့ ကာရိုက်တာကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးတင်ဆက်နေရတာပေါ့။ အဓိကကတော့ ကြိုးစားနေတဲ့ လူငယ်ဆိုတော့ အခွင့်အရေးတွေ အများကြီးရချင်တယ်”
” အများကြီးလုပ်ပြချင်တယ်။ အရင်တုန်းက ရတနာဗိုနဲ့ အခုရတနာဗိုက ပိုပြီးရင့်ကျက်လာသလို ပိုပြီးကြိုးစားရမှာတွေ လုပ်ရမှာတွေ ပိုသိလာတယ်။ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း အရင်နဲ့ မတူဘဲ အများကြီးပြောင်းလဲ နိုင်အောင်ကြိုးစားနေတယ်။ ဒီထက်ပိုပြီးလည်း လေ့လာပြီးတော့ ပြောင်းလဲဦးမှာပါ”လို့ ရတနာဗိုက ပြောပါတယ်။
နှာခေါင်းပြုပြင်ခွဲစိတ်ထားတဲ့ ရတနာဗိုက နှာခေါင်း နည်းနည်းလေးပြားနေလို့ ပြင်လိုက်တာဖြစ်ပြီး တခြား အစိတ်အပိုင်းကိုတော့ ပြင်ဖို့စိတ်ကူးမရှိဘူးလို့ ဆိုပါတယ်။

“နှာခေါင်းက နည်းနည်းလေးပြားနေလို့ ပြင်ချင်တယ်ဆိုတာနဲ့ ပြင်လိုက်တာပါ။ သူများတွေလို အကြီးကြီးမဟုတ်ဘဲ တကယ့်ကို သဘာဝကျကျနဲ့ နားကအရိုးကို ခွဲပြီးထည့်ထားတာပေါ့။ နှာခေါင်းတော့ ပြင်ဖူးတယ်။ တခြားတော့ ပြင်ဖို့စိတ်ကူးမရှိဘူး။ ပြင်ပြီးသွားတော့ သူငယ်ချင်းတွေက ပိုလှလာတယ် ပြောကြတယ်။ ဘေးတိုက်ဆို ဗို့ကိုကြည့်ရင် ခေါင်းနည်းနည်းပြားတယ်”လို့ ရတနာဗိုက ဆိုပါတယ်။
ဆက်လက်ပြီး ရတနာဗိုက “အခုကျတော့ နည်းနည်းလေး ချွန်သွားတယ်ပေါ့။ နှာခေါင်းကို လွန်ခဲ့တဲ့ ငါးလခန့်က ပြုပြင်ထားတာပါ။ ထိုင်ဝမ်က ခွဲစိတ်ဆာဂျရီဆရာဝန်က ဒီရန်ကုန်က Clinic တခုနဲ့ရင်းနှီးတော့ သူကလေးလ ၊ ငါးလနေ တခါလာလာပြီး လုပ်ပေးတယ်။ ဆရာလာတဲ့အချိန်နဲ့ တိုက်သွားတော့ ပြင်ဖြစ်သွားတာပေါ့”
“သူက ယိုးဒယား လက်ရာထက် အရမ်းသေသပ်တယ်။ ကိုယ်ပြင်ထားတယ်ဆိုတာ ကိုယ်ပြောမှသိတာပေါ့။ ဗို့အသားအရေက သူများနဲ့ မတူတော့ရောင်နေတာ တလလောက်ရှိတယ်။ သူများလုပ်တာ တပတ်၊ ဆယ်ရက်လောက်ဆို အရောင်ကျတယ်။ ကိုယ်ကရောင်နေတာကြာတယ်”
“အခုကျတော့ အသားကျသွားပြီဆိုတော့ မရောင်တော့ဘူးပေါ့။ သူများအသားအရေနဲ့ မတူတာကတော့ တလလောက်ရောင်တာ၊ ကိုက်တာတွေဖြစ်တယ်။ တလလောက်တိတိ မထိရဲဘူး” လို့ ရတနာဗိုကပြောပါတယ်။
ရတနာဗိုက အနုပညာပျိုးခင်းမှတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး သရုပ်ဆောင်ဖြစ်ပြီး ဇာတိက မန္တလေးသူတယောက်ဖြစ်ပါတယ်။
The post “အလုပ်လေးတွေပါးလာတယ်”လို့ သရုပ်ဆောင်ရတနာဗို ပြော appeared first on ဧရာဝတီ.