Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သားဖြစ်သူကို အတွေးအခေါ်မမှားအောင် သင်ကြားပေးတဲ့ ဇော်ပိုင်တို့ ဇနီးမောင်နှံ

$
0
0

အဆိုတော်ဇော်ပိုင်နဲ့ ဇနီးဖြစ်သူ မမီမီနေမင်းဝင်းတို့ ဇနီးမောင်နှံက တဦးတည်းသောသားဖြစ်သူ ရွှေပိုင်ကို အတွေးအခေါ်မမှားရအောင် သေချာလမ်းညွှန်ပြီး သင်ကြားပေးဖြစ်တယ်လို့ ဆိုပါတယ်။

“သားလေးက ၇ နှစ်ရောက်ပြီဆိုတော့ အသိဉာဏ်တွေလည်း ပိုတိုးလာပြီ။ အဲ့အတွက်လည်း သူ့ကိုကောင်းတာတွေပဲ သိစေချင်တယ်။ သားလေးကို ကောင်းတာလေးတွေ သင်ပေးတယ်။ ကောင်းတာလေးတွေ မြင်စေကြားစေပါတယ်။ သူ့ရှေ့မှာ အတွေးအခေါ်မှားသွားမှာဆိုးလို့ မကောင်းတာ မပြောဖြစ် မလုပ်ဖြစ်အောင်နေပါတယ်”

“သားရဲ့အားသာချက်လေးက သူ့အသက်အရွယ်လေးနဲ့ အသိတရားလေးရှိတယ်။ သားကို အသိတရားကြီးမားတဲ့သူ ဖြစ်စေချင်တယ်။ ဆရာတော်က ရန်ကုန်ကိုကြွတဲ့အချိန်နဲ့ သားမွေးနေ့ရှိတော့ လှူခွင့်ရတော့ ဆရာတော်က တရားလည်း ချီးမြှင့်မယ်ဆိုတော့ မိသားစုတရားနာတာထက်စာရင် အသိုင်းအဝိုင်းလေးလည်း တရားနာစေချင်တာ ကြောင့် တရားလှူတဲ့သဘောပါ” လို့ ရွှေပိုင်ရဲ့ မိခင်ဖြစ်သူ မမီမီနေမင်းဝင်းက ပြောပါတယ်။

အဆိုတော်ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်းတို့ရဲ့ တဦးတည်းသော သားလေးရွှေပိုင်က ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အသက် ၇ နှစ်ပြည့်ပြီဖြစ်ပါတယ်။ မွေးနေ့ အလှူအဖြစ်အပြည်ပြည်ဆိုင်ရာ ထေရဝါရ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှာ ပြုလုပ်ခဲ့ပါ တယ်။ မွေးနေ့အလှူပွဲကို ဂီတအသိုင်းအဝိုင်းက မိတ်ဆွေများကလည်း တက်ရောက်ခဲ့ကြပါတယ်။

မွေးနေ့အလှူနဲ့ပတ်သက်လို့လည်း ဖခင်ဖြစ်သူ အဆိုတော်ဇော်ပိုင်က အခုလိုဆိုပါတယ်။

“သားအတွက် ခါတိုင်းနှစ်တိုင်းမှာလည်း အလှူအနေနဲ့ လှူဖြစ်ပါတယ်။ လူမှုရေးတွေ ပရဟိတအလှူတွေလည်း လှူဖြစ်ပါတယ်။ ဒီနှစ်တော့ ပါချုပ်ဆရာတော်ကြီးက ရန်ကုန်ကြွပြီး တရားချီးမြင့်တဲ့ အတွက် တကယ်ကို ကျေးဇူးကြီး ပါတယ်။ အဲ့အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ သားက ပန်းချီဆွဲတာတွေ ပုံဆွဲတာတွေ ဝါသနာပါပါတယ်။ အဖေက သီချင်းချိုချိုလေးတွေဆိုနေပေမယ့် သားက Rock သီချင်းတွေကြိုက်တယ်”

“သားအနုပညာတွေ ဝါသနာပါတာကို သဘောကျပါတယ်။ သူက ငယ်ငယ်လေးကတည်းက အခုချိန်ထိ ဆင်တွေ လည်း ချစ်တယ်။ သားရဲ့မွေးနေ့မှာ တရားနာပေးတဲ့ ဆရာတော်ဘုရားနဲ့မိတ်တွေ အပေါင်းအသင်းတွေကို ကျေးဇူးတင်ပါတယ်”

“ရွှေပိုင်ကို ချစ်ပြီး Birthday Wish လုပ်ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သား ၇ နှစ်ပြည့်မှ လိမ္မာယဉ်ကျေးပြီးထူးချွန်ထက်မြတ်တဲ့ သားလိမ္မာလေးဖြစ်စေချင်ပါတယ်”လို့ အဆိုတော်ဇော်ပိုင်က ပြောပါတယ်။

ရွှေပိုင်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အဆိုတော်ဇော်ပိုင်နဲ့ မမီမီနေမင်းဝင်း အိမ်ထောင်သက်တမ်းက အခုဆိုရင် ၁၃ နှစ်ကျော်လို့ ၁၄ နှစ်ထဲကိုရောက်နေပြီဖြစ်ပါတယ်။ အိမ်ထောင်သက် ၇ နှစ်ကြာမှ သားလေး ရွှေပိုင်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

The post သားဖြစ်သူကို အတွေးအခေါ်မမှားအောင် သင်ကြားပေးတဲ့ ဇော်ပိုင်တို့ ဇနီးမောင်နှံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...