Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အဆိုတော်တွေ များလာတာက ဒီခေတ်မှ မဟုတ်ပါဘူး၊ ခေတ်တိုင်းမှာရှိတယ်”

$
0
0

ဆယ်စုနှစ်တခုကျော် ပရိသတ်တွေ အားပေးမှုရရှိထားတဲ့ အဆိုတော်တင်ဇာမော်က သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “7”အယ်ဘမ်လ် DVD ထွက်နိုင်အောင်ကြိုးစား နေသလို ၈ခွေမြောက်တေးစီးရီး ထပ်ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

“လတ်တလောတော့ သီချင်းတွေဆိုမယ်။ လုပ်လက်စ “7 album” လေးကို ထွက်နိုင်ဖို့ကြိုးစားမယ်။ ရှစ်ခွေမြောက် သီချင်းသွင်းတာလည်း ပြီးတော့မယ်။ ၈ခွေမြောက်မှာ သီချင်းပြောင်းတာလေးတွေပါတယ်။ ဟိုးငယ်ငယ်တုန်းကဆိုချင်တဲ့ သီချင်းပုံစံလေးတွေ ပါမယ်။ 7အယ်ဘမ်လ်နဲ့တော့ နည်းနည်းလေးကွဲသွားလိမ့်မယ်”

“အစ်မအတတ်နိုင်ဆုံးတော့ အကောင်းဆုံးပြီးအောင် ဒီမှာရှိတုန်းလေးကြိုးစားနေတယ်။ ဒီနှစ်တော့ တကိုယ်တော်ပွဲ မဆိုဘူးလို့ တွေးတယ်။ တကိုယ်တော်ပွဲက လုပ်ပြီးတာ ၇ ပွဲဖြစ်သွားပြီဆိုတော့ ၈ခွေမြောက်ခွေလေးထွက်ပြီး ဒီထဲက သီချင်းတွေ ပရိသတ်တွေ ရင်းနှီးမှုရမှ ၈ပွဲမြောက်တပွဲလောက် လုပ်မယ်လို့ စဉ်းစားထားတယ်” လို့ တင်ဇာမော်က ဆိုပါတယ်။

ဒီဘက်ခေတ်မှာ လူငယ်အဆိုရှင်တွေ များစွာထွက်ပေါ်လာတဲ့အပေါ်ကိုလည်း တင်ဇာမော်က သူရဲ့ အမြင်ကို အခုလိုဆိုပါတယ်။

“အခုခေတ် အဆိုတော်တွေများလာတာက ဒီခေတ်မှ မဟုတ်ပါဘူး၊ ခေတ်တိုင်းမှာရှိတယ်။ ပရိသတ်ဆိုတာလည်း အမျိုးမျိုးရှိတယ်။ ပရိသတ်တွေက အများကြီးရှိတယ်။ သီချင်းကြိုက်တဲ့ ပုံစံကွဲတဲ့ ပရိသတ်တွေလည်း ရှိတယ်။ အဆိုတော်တယောက်က ကိုယ်ရွေးချယ်လိုက်တဲ့ Categorie ပေါ်မှာပဲ မူတည်ပြီးတော့ သူ့ပရိသတ်တွေနဲ့ ဆက်သွား တာဖြစ်တယ်လို့ အစ်မမြင်တယ်”

“ဆိုတဲ့ သီချင်းတွေ စိတ်ရှည်ရှည်ဆိုဖို့လည်း အရေးကြီးတယ်။ အခွေတခွေ လုပ်ဖို့က အချိန်ယူပြီးလုပ်ရတယ်။ သီချင်းတပုဒ်လုပ်ဖို့လည်း အချိန်တွေယူရတယ်။ အဲဒီအပေါ်မှာ စိတ်ရှည်ရတယ်။ တခုပြီးလို့ နောက်တခုကို ပြီးအောင်လှမ်းနိုင်ဖို့ ကြိုးစားနိုင်ရမယ်။ လုပ်ကိုလုပ်ရမယ်” လို့ တင်ဇာမော်က ဆိုပါတယ်။

တင်ဇာမော်ဟာ သီချင်းအေးအေးလေးတွေကို ပရိသတ်အကြိုက်တွေ့အောင် သီဆိုနိုင်သူတဦး ဖြစ်သလို တေးစီးရီးပေါင်းများစွာကို ထွက်ရှိထားသူဖြစ်ပါတယ်။

The post “အဆိုတော်တွေ များလာတာက ဒီခေတ်မှ မဟုတ်ပါဘူး၊ ခေတ်တိုင်းမှာရှိတယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...


မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံးတွင် ကိုရီးယား စာမေးပွဲဖြေဆိုရန်...


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


သီးမခံနိုင်တဲ့အဆုံး လင်ယောက်ျားရဲ့ ငယ်ပါကို ညှစ်ပြီးသတ်လိုက်တဲ့ ဇနီး


မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ