Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံးက ချီးမြှင့်တဲ့ ထိပ်တန်းဆုများကို “Black Panther”ရုပ်ရှင် ရရှိ

$
0
0

လူမည်းသရုပ်ဆောင်တွေနဲ့ အာဖရိကယဉ်ကျေးမှုကို ပုံဖော်ပြသနိုင်ခဲ့တဲ့ စူပါဟီးရိုးရုပ်ရှင် “Black Panther” ဟာ ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံးကနေ ကျင်းပတဲ့ SAG ဆုပေးပွဲမှာ ထိပ်တန်းဆုကြီးတွေကို ရရှိခဲ့ပြီး ဒီနှစ်အတွက် အော်စကာဆုပေးပွဲမှာလည်း ဆုရဖို့ အခွင့်အလမ်း ပိုများသွားခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

“Black Panther” ရုပ်ရှင်ဟာ မင်းသား Bradley Cooper နဲ့ မင်းသမီး Lady Gaga တို့ပါဝင်ထားတဲ့ “A Star is Born” ရုပ်ရှင်ကို ကျော်ပြီး အကောင်းဆုံး ရုပ်ရှင်ဆု ရရှိခဲ့ပါတယ်။ ဟောလိဝုဒ်ရဲ့ အကြီးမားဆုံး သရုပ်ဆောင် အစည်းအရုံးဖြစ်တဲ့ SAG-AFTRA ကနေ ချီးမြှင့်တဲ့ ဆုတွေကို အနီးကပ် စောင့်ကြည့်ကြလေ့ရှိပြီး အခုဆုပေးပွဲမှာ ဆုရရှိသူတွေဟာ လာမယ့် လမှာ ကျင်းပမယ့် အော်စကာ ဆုပေးပွဲမှ ဆုရရှိနိုင်တဲ့သူတွေ ဖြစ်လို့ပါပဲ။

The Wife ရုပ်ရှင်မှာ သစ္စာရှိတဲ့ ဇနီးသည်တယောက်အနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသမီး Glenn Close ကတော့ အကောင်းဆုံး ရုပ်ရှင်မင်းသမီးဆုကို ရရှိခဲ့ပါတယ်။ ကွယ်လွန်သူ Queen တီးဝိုင်းဦးဆောင်အဆိုတော် Freddie Mercury အဖြစ် “Bohemian Rhapsody” ရုပ်ရှင်မှာ ပါဝင်ထားတဲ့ မင်းသား Rami Malek ကတော့ အကောင်းဆုံး ရုပ်ရှင်မင်းသားဆုကို ရရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၃ နှစ်အတွင်းမှာ SAG ဆုပေးပွဲ ဆန်ခါတင် စာရင်းမှာ မပါဝင်ဘဲ ဂုဏ်သိက္ခာကြီးမားတဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုရရှိခဲ့တာ တကားပဲရှိပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့နှစ်က အော်စကာဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆု ရရှိခဲ့တဲ့ “The Shape of Water” ရုပ်ရှင်ဖြစ်ပါတယ်။

အခုတော့ SAG ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့တဲ့ ရုပ်ရှင်တွေထဲမှာတော့ စပိန်စကားပြောရုပ်ရှင် “Roma” ၊ ဗြိတိသျှ ခေတ် ဟာသရုပ်ရှင် “The Favourite” နဲ့ ရွှေကမ္ဘာလုံး အကောင်းဆုံးဟာသ ရုပ်ရှင် “Green Book” ရုပ်ရှင်တို့ ပါဝင်ပါတယ်။

အော်စကာဆုပေးပွဲကိုတော့ လာမယ့်ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမှာပါ။ “Green Book” ရုပ်ရှင်ထဲက မင်းသား Mahershala Ali ကတော့ အကောင်းဆုံး ဇာတ်ပို့မင်းသားဆုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် ရုပ်သံစတားတယောက်ဖြစ်တဲ့ Alan Alda ကို တသက်တာ အောင်မြင်မှုဆု ချီးမြှင့်ခဲ့ပါတယ်။

ရုပ်သံစီးရီးဘက်မှတော့ Amazon.com ရဲ့ စီးရီးဖြစ်တဲ့ “The Marvelous Mrs. Maisel” က အကောင်းဆုံးဟာသ ဇာတ်မြူးဆုကို ရရှိခဲ့ပြီး အဲဒီ့စီးရီးထဲက Tony Shalhoub နဲ့ Rachel Brosnahan တို့ကပဲ အကောင်းဆုံးမင်းသားနဲ့ မင်းသမီးဆုတို့ကို ရရှိခဲ့ပါတယ်။

Ref: reuters

The post ရုပ်ရှင်သရုပ်ဆောင်များ အစည်းအရုံးက ချီးမြှင့်တဲ့ ထိပ်တန်းဆုများကို “Black Panther” ရုပ်ရှင် ရရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...