Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဟာသအက်ရှင်ရုပ်ရှင်ကို ကိုယ်တိုင်ထုတ်လုပ်ပြီး သရုပ်ဆောင်မယ့် Ryan Reynolds

$
0
0

မင်းသား Ryan Reynolds ဟာ “Shotgun Wedding” လို့အမည်ရတဲ့ ရုပ်ရှင်မှာ ပါဝင်မယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် အချစ်ဟာသ အက်ရှင်ရုပ်ရှင်လောကကို ပြန်ခြေဦးလှည့်လာခဲ့ပြီ ဖြစ်ပါတယ်။

“Deadpool” ရုပ်ရှင်စတား Ryan ဟာ လက်ထပ်ဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ ရာဇဝတ်သားတွေရဲ့ချုပ်ကိုင်မှုကို ခံခဲ့ရတဲ့ သတို့သားလောင်းနဲ့ သတို့သမီးလောင်းစုံတွဲတို့ အကြောင်းကို အခြေခံထားတဲ့ ရုပ်ရှင်မှာ ဦးဆောင်ပါဝင်ဖို့ လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်ပါတယ်။

Deadline မီဒီယာရဲ့ အဆိုအရ “Pitch Perfect” ရုပ်ရှင်ဒါရိုက်တာ Jason Moore ဟာ အဲဒီရုပ်ရှင်ကို ရိုက်ကူးမှာဖြစ်ပြီး မင်းသား Ryan ကတော့ Mandeville Films အကြီးအကဲ Todd Lieberman နဲ့ Lionsgate မှ David Hoberman တို့နဲ့အတူ ပူးတွဲ ထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။

မင်းသမီး Sandra Bullockနဲ့ ၂၀၀၉ ခုနှစ်တုန်းက ဟာသရုပ်ရှင်တခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသားက “The Proposal’ ရုပ်ရှင်ပြီးကတည်းက အချစ်ဟာသရုပ်ရှင်မှာ မပါဝင်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကျနော်ဟာ “Shotgun Wedding” ရုပ်ရှင်ကို သဘောကျမိသွားပါတယ်။ တကယ့်ကိုပဲ ဆန်းသစ်ပြီး အံ့သြဖို့ကောင်းပါတယ်” လို့ ကြေညာချက်တခုထဲမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “The Proposal”ရုပ်ရှင်မှာအတူတွဲပြီး အလုပ်လုပ်ခဲ့ကြတဲ့ Mandeville Films ထုတ်လုပ်သူတွေနဲ့ ပြန်အလုပ်လုပ်ကြမှာလည်းဖြစ်ပါတယ်။

“Chaos Theory”၊ “Just Friends” နဲ့ “Definitely, Maybe”ရုပ်ရှင်တို့မှာ အနုပညာလောကအစပိုင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ryan အတွက်တော့ တကျော့ပြန် အချစ်ဟာသရုပ်ရှင်ကို ဖန်တီးမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့်ဘဝမှာ မင်းသမီး Blake Lively နဲ့ မင်းသားဟာ အခုနောက်ပိုင်းမှာ “The Hitman’s Bodyguard” နဲ့ “Deadpool” တို့လိုမျိုး နာမည်ကျော် ရုပ်ရှင်တွေမှာ ပါဝင်လာခဲ့ပြီး ဒါရိုက်တာ Michael Bay ရဲ့ “Underground” ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင် ထားပါသေးတယ်။

Ref: aceshowbiz

The post ဟာသအက်ရှင်ရုပ်ရှင်ကို ကိုယ်တိုင်ထုတ်လုပ်ပြီး သရုပ်ဆောင်မယ့် Ryan Reynolds appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...