Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“တင်တင်ဇော်က ဘယ်မြို့သူပဲဖြစ်ဖြစ် မပြောင်းလဲဘူးလို့ ယူဆတယ်”လို့ စာရေးဆရာမ ဂျူးပြော

$
0
0

စာရေးဆရာမ ဂျူးရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ “ကြာတော့သည်လည်း မောင့်စကား”ကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည်ရိုက်ကူးရာမှာ အဓိကဇာတ်ကောင် ဖြစ်တဲ့ ရေနံချောင်းသူ တင်တင်ဇော်ရဲ့ ကာရိုက်တာကို မေမြို့သူတယောက်အဖြစ် ပြောင်းလဲ ရိုက်ကူးထားတဲ့အပေါ်စာရေးဆရာမ ဂျူးရဲ့ စာဖတ်ပရိသတ်များက ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။

အဆိုပါဝေဖန်မှုများနဲ့ ပတ်သက်ပြီး စာရေးဆရာမ ဂျူးက အခုလိုပြောပြခဲ့ပါတယ်။

“ဆရာမကတော့ တင်တင်ဇော်သည် ရေနံချောင်းသူပဲဖြစ်ဖြစ် မေမြို့သူပဲဖြစ်ဖြစ်၊ တောင်ကြီးသူပဲဖြစ်ဖြစ် တင်တင်ဇော်ရဲ့ စိတ်ဓာတ်၊ မာန၊ ခံစားချက်ကတော့ ဘယ်မြို့သူပဲဖြစ်ဖြစ် မြန်မာနိုင်ငံအတွင်းမှာရှိနေရင် မပြောင်းလဲဘူးလို့ ဆရာမကတော့ ယူဆတယ်။ အဲဒါကြောင့် ဘယ်မှာပဲရိုက်ရိုက် အတူတူပဲ ဖြစ်မယ်လို့ ထင်တယ်”လို့ စာရေးဆရာမဂျူးက ပြောပါတယ်။

ဒီဇာတ်ကားမှာတော့ နန္ဒ၊ ဖြိုးကျော်၊ တင်တင်ဇော်တို့ လူငယ် ၃ ယောက်ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းအဖြစ် ဖန်တီးထားရာမှာတော့ ရိုက်ကူးချိန်မှ စတင်ကာ ပါဝင်တဲ့ဇ ာတ်ကောင်များကို ရွေးချယ်ထားတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေခဲ့တာ ဖြစ်ပါတယ်။

“ရေနံချောင်းကကျတော့ မြို့အစွဲလည်း ကြီးတယ်။ ဖတ်ထားတာက ရေနံချောင်းသူအနေနဲ့ ဖတ်ထားတယ်။ မကြီးစိုး သရုပ်ဆောင်တာကလည်း ရေနံချောင်းသူအနေနဲ့ သရုပ်ဆောင်ထားတယ်။ သူတို့စိတ်ထဲမှာ မေမြို့သူ၊ ပြင်ဦးလွင်သူအနေနဲ့ မမြင်ချင်ဘူး။ အဲဒါကြောင့် စိတ်အခန့်မသင့် ဖြစ်ကြတာ။ ဒီကားကြည့်ပြီးရင်တော့ တင်တင်ဇော်သည် တင်တင်ဇော်ပဲဆိုတာ မြင်သွားလိမ့်မယ်လို့ ဆရာမကပြောချင်ပါတယ်”လို့ စာရေးဆရာမ ဂျူးက ဆိုပါတယ်။

“ကြာတော့သည်လည်း မောင့်စကား”ကိုတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက အကယ်ဒမီ ရန်အောင် ၊အကယ်ဒမီ ရဲအောင်နဲ့ အကယ်ဒမီ စိုးမြတ်သူဇာတို့ ရိုက်ကူးခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတကားလည်း ဖြစ်ခဲ့ပါတယ်။

“အရင် ဗားရှင်းတုန်းကတော့ ကိုရန်လေးရော ကိုရဲအောင်ရော မကြီးစိုးရော သရုပ်ဆောင်ကောင်းကြတယ်။ ကိုယ်လည်း ကျေနပ်တယ်။ အခုဗားရှင်းမှာလည်း ဒီထက်ပိုပြီးတော့ မသာရင်တောင်မှ မှီမယ်လို့တော့ ထင်တယ်”လို့ စာရေးဆရာမ ဂျူးက ပြောပါတယ်။

ယခုတဖန် ဒါရိုက်တာ မီးပွား ပြန်လည်ရိုက်ကူးထားတဲ့ “ကြာတော့သည်လည်း မောင့်စကား” မှာတော့ နန္ဒအဖြစ် စိုင်းစိုင်းခမ်းလှိုင် ၊ ဖြိုးကျော်အဖြစ် ထွန်းထွန်း ၊တင်တင်ဇော်အဖြစ် ဖွေးဖွေး တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီကားကြီးကိုတော့ ဇန်နဝါရီလ ၂၉ ရက်နေ့က အထူးပွဲပြသခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ကာမြန်မာတနိုင်ငံက ရုပ်ရှင်ရုံများမှာ ပြသသွားမယ်လို့ သိရပါတယ်။

The post “တင်တင်ဇော်က ဘယ်မြို့သူပဲဖြစ်ဖြစ် မပြောင်းလဲဘူးလို့ ယူဆတယ်”လို့ စာရေးဆရာမ ဂျူးပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...