Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပထမဆုံးတွေ စုနေတဲ့ “လိပ်ပြာစံအိမ်”

$
0
0

လတ်တလော ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သရုပ်ဆောင် ဒေါင်းနဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ နှစ်ဦး ဆုံဆည်းထားရာ “လိပ်ပြာစံအိမ်”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကတော့ သူတို့ နှစ်ဦးရဲ့ ပထမဆုံး ဆုံတွေ့ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တယ်လို့ ပြောပါတယ်။

“ဒီကားက ကစ်အတွက် ပထမဆုံး ထိုင်းဒါရိုက်တာ ရိုက်တဲ့ သရဲကားပေါ့။ ပြီးတော့ ဒီကားမှာ ကိုဒေါင်းရယ်၊ ကိုနိုင်းနိုင်းရယ်နဲ့ ပထမဆုံး ကားရိုက် ဆုံဖြစ်တာပေါ့။ ကိုနိုင်းနဲ့ရော ကိုဒေါင်းနဲ့ရောက တခါမှ မဆုံဖူးဘူး။ တခြားဇာတ်ကားတွေမှာ သမီးကို သိပ်ချစ်တဲ့ အမေတယောက်အနေနဲ့ ကစ်ကို မတွေ့ရသေးဘူး။ ဒါ ပထမဆုံးပဲပေါ့နော်”လို့ ဝတ်မှုံရွှေရည်က ပြောပါတယ်။

အဆိုပါ “လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒေါင်းရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဝတ်မှုံရွှေရည်နဲ့ တွဲဖက် သရုပ်ဆောင်ရတဲ့အပေါ် သူ့ရဲ့ အမြင်ကိုလည်း ပြောပြခဲ့ပါတယ်။

“ကျနော် မကစ်ကားတွေကို အရှေ့မှာ ကြည့်ခဲ့ဖူးပါတယ်။ ဒီကားမှာတော့ ပိုပြီးလေးစားတယ်။ ပိုပြီးတော့ အနုပညာမြောက်တဲ့ ဇာတ်ကားတကားကို သရုပ်ဆောင်လိုက်တယ်လို့ အပြည့်အဝ ယုံကြည်တယ်။ ကိုယ်ကိုယ်တိုင် ပါဝင်ခဲ့တယ်ဆိုပေမယ့် ဒီကားကြည့်ပြီးတော့ အမေနဲ့ သမီးကြားက ခံစားချက်ကို ခံစားလိုက်ရတာ ရင်ထဲကို ဆို့နင့်တယ်။ သူ သရုပ်ဆောင်သွားတာ အမေတယောက်ရဲ့မေတ္တာကို မြင်ရပါတယ်” လို့ ဒေါင်းက ပြောပါတယ်။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ထိုင်းဒါရိုက်တာ တဦးဖြစ်တဲ့ Chartchai Ketnust က ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်များအဖြစ် နိုင်းနိုင်း၊ ဒေါင်း၊ ဝတ်မှုံရွှေရည်၊ ကလေးသရုပ်ဆောင် ပြည့်ပြည့်၊ တုန်တုန်တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒီကားထဲမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ နှစ်ဦးကိုတော့ ပရိသတ်များက အထူးစိတ်ဝင်စားလျက် ရှိပြီး သူတို့ နှစ်ယောက်ရဲ့ ပတ်သက်မှုနဲ့ ပတ်သက်ပြီး ဒေါင်းက “ထပ်ပြီးတော့ စိတ်ဝင်စားကြပေါ့”လို့ ပြောခဲ့ပါတယ်။

The post ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပထမဆုံးတွေ စုနေတဲ့ “လိပ်ပြာစံအိမ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ