Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Super Bowl 2019 ပွဲမှာ ဖျော်ဖြေခဲ့တဲ့ Maroon 5 အဖွဲ့

$
0
0

၂၀၁၉ ခုနှစ်ရဲ့ Super Bowl အားလပ်ချိန် ဖျော်ဖြေပွဲမှာ Maroon 5 အဖွဲ့ ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။ အမေရိကန် အမျိုးသားဘောလုံးအဖွဲ့ချုပ်ကနေ နှစ်စဉ်ကျင်းပနေတဲ့ ဗိုလ်လုပွဲမှာ တနှစ်ကို ကမ္ဘာကျော် အနုပညာရှင်တွေ ရွေးချယ်ပြီး ဖျော်ဖြေကြရတာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ ဖျော်ဖြေခဲ့ကြသူတွေဟာ တကယ့်ကိုပဲ အမေရိကန်မှာ လူသိများ အထင်ရှားဆုံး အနုပညာရှင်များ ဖြစ်နေတတ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတော့ လူမည်းတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို ဆန္ဒပြတဲ့ အနေနဲ့ အားကစား Colin Kaepernick က ဆန္ဒပြခဲ့တာကြောင့် အထုတ်ခံရတဲ့နောက်ပိုင်း ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့တာပါ။

သူ့ရဲ့ ဆန္ဒပြမှု ဂယက်က ကစားကွင်းထဲမှာတင် အဆုံးသတ်သွားခဲ့တာ မဟုတ်ပါဘူး။ အခုနှစ်မှာ ပြုလုပ်မယ့် ပွဲမှာ ဖျော်ဖြေဖို့အတွက် Cardi B, Rihanna နဲ့ Pink တို့ကို ဆက်သွယ်ခဲ့ပေမယ့် Kaepernick အပေါ် အဖွဲ့ချုပ်ရဲ့ ဆက်ဆံပုံတွေကို မနှစ်မြို့တာကြောင့် အဲဒီပွဲမှာ ဖျော်ဖြေဖို့ ကမ်းလှမ်းချက်တွေကို အနုပညာရှင်တွေ ဘက်ကနေ ငြင်းပယ်ခဲ့ကြပါတယ်။

ဒါပေမဲ့ Maroon 5 တီးဝိုင်းကတော့ ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၃ ရက်ညပိုင်းမှာ အတ္တလန္တာမြို့မှာရှိတဲ့ Mercedes-Benz အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ပွဲမှာ ၂၀၀၂ ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ “Harder to Breathe” သီချင်းကိုပါ ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် “She Will Be Loved”, “Sugar” နဲ့ “Moves Like Jagger” သီချင်းတွေကို ဖျော်ဖြေခဲ့တာတွေ့ရပါ တယ်။ သူတို့တီးဝိုင်းနဲ့အတူ Travis Scott နဲ့ Big Boi တို့လည်း ပူးတွဲ ဖျော်ဖြေခဲ့ပါတယ်။

ပွဲရဲ့ ထူးခြားချက်ကို ပြောပါဆိုရင်တော့ ၁၅ မိနစ်ကြာ ပြုလုပ်ခဲ့တဲ့ အဲဒီဖျော်ဖြေမှုမှာ အဆိုတော် Levine ဟာ ကိုယ့်ရဲ့ အနုပညာကို လွတ်လပ်စွာချပြခွင့်ရှိတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ အဲဒီ ဖျော်ဖြေပွဲမှာတော့ တက်တူးအနှံ့ထိုးထားတဲ့ သူ့ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းကို ချွတ်ပြခဲ့တာပါပဲ။ ကြည့်ရှုသူတွေရော အွန်လိုင်းပေါ်က ပရိသတ်တွေကပါ အဲဒါနဲ့ ပတ်သက်လို့ ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

Ref: vox

The post Super Bowl 2019 ပွဲမှာ ဖျော်ဖြေခဲ့တဲ့ Maroon 5 အဖွဲ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ