Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဖက်ရှင်ဆုရခဲ့တဲ့အတွက် နောက်ပိုင်းမှာ ဖက်ရှင်ပိုင်းကို အလေးပေးသွားမယ့် အလှမယ် မေမြတ်နိုး

$
0
0

အလှမယ် မေမြတ်နိုးက Pride of Myanmar Awards 2018 ပွဲမှာ ၂၀၁၈ ခုနှစ် ဖက်ရှင်ကဏ္ဍအတွက် ထူးချွန်သူဆုကို ချီးမြှင့်ခြင်းခံခဲ့ရပြီး ဒီလိုဆုရရှိခဲ့တဲ့အတွက် ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး သူများနဲ့ မတူတဲ့ ဖက်ရှင်မျိုးကို ဝတ်သွားမယ်လို့ မီဒီယာများကို ပြောပါတယ်။

“ဖက်ရှင်နဲ့ ပတ်သက်ပြီး မြတ်နိုးကိုယ်တိုင် ဒီဇိုင်နာ မဟုတ်တဲ့အတွက် မြတ်နိုး သူများနဲ့ မတူတဲ့ ဖက်ရှင်မျိုးကို ဝတ်ဆင်ဖို့ စဉ်းစားထားပါတယ်။ အနုပညာ မလုပ်တော့ရင် နောက်ပိုင်း မြတ်နိုး ကိုယ်ပိုင် အဝတ်အစား Brand လေးတခု လုပ်ဖို့ စဉ်းစားထားပါတယ်။ ကိုယ်နဲ့ လိုက်ဖက်မယ့် ဖက်ရှင်တွေကို ဝတ်ဆင်မယ်။ မြန်မာနိုင်ငံက ဖက်ရှင်ဒီဇိုင်နာတွေကိုလည်း အရမ်းသဘောကျတယ်။ အားကျတယ်။ သူတို့ဆီကလည်း ဝတ်ဆင်တယ်”

“နိုင်ငံခြားမှာလည်း မြတ်နိုးကြိုက်တဲ့ ဖက်ရှင် ဒီဇိုင်နာတွေ ရှိတယ်။ မြတ်နိုးက ဖက်ရှင်ထက် Stylist ဘက်ကို နည်းနည်း အားသန်တယ်လို့ ထင်ပါတယ်။ ဒီလိုမျိုးဆုတွေကို များများပေးသင့်တယ်လို့ ထင်ပါတယ်၊ ဒါမှ မေမြတ်နိုးတို့လို လူငယ် တက်သစ်စကြိုးစားနေတဲ့ အနုပညာရှင်တွေကို အားပေးတဲ့ အားဆေးတခုလိုပြောလို့ ရပါတယ်၊ ကြိုးစားမှုကို အသိအမှတ်ပြုတာပေါ့နော်၊ အသိအမှတ်ပြုမှ နောက်ထပ် ကြိုးစားချင်စိတ်တွေပေါ်လာမယ်လို့ ထင်ပါတယ်”လို့ မေမြတ်နိုးက ပြောပါတယ်။

ဖက်ရှင်ဆုကိုလည်း မမျှော်လင့်ဘဲ ရခဲ့တာလို့ဆိုပြီး ဒီအတွက် Voting လုပ်ပေးတဲ့ ပရိသတ်များကို ကျေးဇူးတင်ကြောင်းလည်း ဆိုပါတယ်။

“အခုလို ဒီဆုကိုရတာ အရမ်းကို ဂုဏ်ယူဝမ်းသာမိပါတယ်။ ပွဲကို လာအားပေးတာပါ။ မြတ်နိုးတို့ Categories မှာ ပါတဲ့ သူတွေကို လာအားပေးတာပါ။ ရတော့ အရမ်းဝမ်းသာပါတယ်။ ဆုရမယ်လို့ မမျှော်မှန်းထားပါဘူး။ မြတ်နိုး ကြိုးစားထားတာတွေရော ပရိသတ်တွေရဲ့ Voting တွေရောကြောင့် ရတာပါ”

“ဖက်ရှင်ပိုင်းကို မြတ်နိုးကိုယ်တိုင် မော်ဒယ်လုပ်နေတော့ လေ့လာနေရပါတယ်။ ဖက်ရှင်ဆိုတဲ့ အရာက သင်လို့ ပြီးသွားတယ်၊ လေ့လာလို့ ပြီးသွားတယ် ဆိုတဲ့အရာ မဟုတ်ဘူးလေ။ အမြဲတမ်း Update ဖြစ်အောင် နေနေရပါတယ်”လို့ အလှမယ် မေမြတ်နိုးက ပြောပါတယ်။

အလှမယ် မေမြတ်နိုးက Miss Asia Pacific အလှမယ်ပြိုင်ပွဲကို ၂၀၁၄ ခုနှစ်မှာ ဝင်ပြိုင်ရာမှ သရဖူ ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ကျင်းပပြုလုပ်တဲ့ Asia Next Top မော်ဒယ်ပြိုင်ပွဲမှာ ပထမဦးဆုံး မြန်မာကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သူပါ။ New York Fashion Week ကို တက်ရောက်ဖို့ ဖိတ်ကြားခံရသူလည်း ဖြစ်ပါတယ်။

မေမြတ်နိုးဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေပြီး ကမ္ဘာကျော် ဟောလိဝုဒ် သရုပ်ဆောင်များနဲ့ အတူ ”Invincible” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားပါသေးတယ်။

The post ဖက်ရှင်ဆုရခဲ့တဲ့အတွက် နောက်ပိုင်းမှာ ဖက်ရှင်ပိုင်းကို အလေးပေးသွားမယ့် အလှမယ် မေမြတ်နိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


စနေမင်း နှင့် တနင်္ဂနွေမင်း


''ပါဂျောင်မြေမှ အရိုးတွန်သံ'


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


သီဟသူရဘွဲ့ရရှိခဲ့များ (အပိုင်း ၃ )


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)