Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“လရောင်ဖြာတဲ့ အင်းလေးမှာ”ရုပ်ရှင် အကယ်ဒမီ ဆန်ခါတင်စာရင်းဝင်လို့ ဂုဏ်ယူနေတဲ့ ဝါဝါဝင်းရွှေ

$
0
0

မြန်မာ့ရုပ်ရှင် လောကမှာ ကိုယ်ပိုင်ခေတ် တခေတ်ကို ထူထောင်နိုင်ခဲ့သူလည်းဖြစ် အကယ်ဒမီဆုများရှင် လည်းဖြစ်တဲ့ သရုပ်ဆောင် ဝါဝါဝင်းရွှေက “လရောင်ဖြာတဲ့အင်းလေးမှာ” ဇာတ်ကား အဆင့်မီမီ ကွာလတီကောင်းကောင်း ရိုက်ခဲ့တဲ့အတွက် အကယ်ဒမီ ရတာ၊ မရတာထက် ဆန်ခါတင်စာရင်းထဲမှာ ပါတာနဲ့တင် ဂုဏ်ယူနေပါပြီလို့ ဧရာဝတီကို ပြောပါတယ်။

“အန်တီဝါ ရဲ့ “လရောင်ဖြာတဲ့ အင်းလေးမှာ”ကားလေး အကယ်ဒမီ ဆန်ခါတင်စာရင်းထဲမှာ ပါတော့ ဝမ်းသာတယ်။ ဂုဏ်ယူတယ်။ အဆင့်မီမီ ကွာလတီကောင်းကောင်း ရိုက်ခဲ့တဲ့အတွက် ရတာ၊ မရတာထက် ဆန်ခါတင် စာရင်းထဲမှာပါတာနဲ့တင် ဂုဏ်ယူနေပါပြီ၊ အန်တီ့ကားလေးသာ အကယ်ဒမီ ရခဲ့မယ်ဆိုရင် အတိုင်းထက် အလွန်ပေါ့”လို့ အကယ်ဒမီများရှင် ဝါဝါဝင်းရွှေက ပြောပါတယ်။

“လရောင်ဖြာတဲ့ အင်းလေးမှာ ကားထဲက ဇာတ်ဝင်တေးကလည်း ဆုရတော့ အရမ်းပျော်တာပေါ့။ အကယ်ဒမီတွေကိုလည်း ရုပ်ရှင်အစည်းအရုံးက စနစ်ကျသထက် ကျအောင် သူတို့တွေ ကြိုးစားနေပါတယ်။ မြန်မာ့ ရုပ်ရှင် လောကအတွက် ဒါရိုက်တာတွေရော သရုပ်ဆောင်တွေရော အရမ်းတော်လာကြတယ်။ သူတို့က တချိန်ကျရင် အောင်မြင်မယ့် ကြယ်ပွင့်လေးတွေပါ။ လက်ကမ်းလည်း ကြိုဆိုသလို အများကြီးပေါ်ထွက်ပါစေလို့လဲ ဆုတောင်းပါတယ်”လို့ ဝါဝါဝင်းရွှေက ဆိုပါတယ်။

အနုပညာလောကမှာ အချိန်ကြာကြီး ကျင်လည်ခဲ့ပြီး ပရိသတ်အားပေးမှုများ ယနေ့တိုင် ရရှိထားတဲ့ မင်းသမီးကြီးတလက်ဖြစ်တဲ့ ဝါဝါဝင်းရွှေက ယနေ့တိုင် နုပျိုနေပြီး ဒီလိုနုပျိုနေတာဟာ စိတ်ပျိုလို့ ကိုယ်နုတာဖြစ်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ဝါဝါဝင်းရွှေက သရုပ်ဆောင်အပြင် ဇာတ်ကားကောင်းတွေကို ရိုက်ကူးခဲ့တဲ့ အမျိုးသမီး ဒါရိုက်တာ တဦးလည်း ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှုများနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“အန်တီဝါ အနုပညာ မှတ်တိုင်အနေနဲ့ “ရှင်ဥပဂုတ္တ ရဟန္တာ မထေရ်မြတ်ကြီး” ရုပ်ရှင်ဇာတ်ကားကြီး မကြာခင် ပရိသတ်ရှေ့ကို ရောက်တော့မှာပါ။ ပရိသတ်က သရုပ်ဆောင် လုပ်ပါဦး ပြောလာတာနဲ့ ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး ရုပ်ရှင်ကားမှာ ရာဇဂြိုဟ်ပြည်က ဘုရင်ကြီးရဲ့မိဖုရားက ငါးမကြီးရဲ့ ဗိုက်ထဲကရတဲ့ကလေးကို မွေးစားတယ်။ အဲဒီနေရာကလည်း အဓိက ကျတော့ အန်တီက မိဖုရား ကာရိုက်တာလေးနဲ့ ပါဝင်သ ရုပ်ဆောင်ထားပါတယ်”

“မောင်ရန်လေး (ရန်အောင်)နဲ့ တွဲပြီးတော့ ဘုရင်နဲ့ဘုရင်မအဖြစ် သရုပ်ဆောင်ထားပါတယ်။ အန်တီတို့ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာအိမ်တိုင်းမှာ မြတ်စွာဘုရားကို အလေးထားပြီး ကိုးကွယ်တယ်။ အခုရှင်ဥပဂုတ္တ ရဟန္တာမြတ်ကိုလည်း အိမ်တိုင်းမှာ ကိုးကွယ်ကြတယ်။ အန်တီတို့အနေနဲ့ ဘာသာရေးကား၊ သာသနာပြုတဲ့ကားအဖြစ်နဲ့ ရိုက်ကူးပူဇော်ခြင်း ရိုက်ကူးထားပါတယ်”လို့ ဝါဝါဝင်းရွှေကပြောပါတယ်။

ဝါဝါဝင်းရွှေဟာ အသက် ၁၆ နှစ်အရွယ်မှာ “စိတ်” ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ကာ ရုပ်ရှင်ဇာတ်ကားပေါင်း ရာကျော် ပါဝင် သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားပေါင်း ၅၀ ကျော်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။ “ချစ်သမီး” ၊ “ချောင်းကိုပစ်၍ မြစ်ကိုရှာ” နှင့် “မိန်းကလေးရှင်ရဲ့ဆန္ဒ” ဇာတ်ကားတို့ဖြင့် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုကို ၃ ကြိမ် ရရှိခဲ့ပါတယ်။

The post “လရောင်ဖြာတဲ့ အင်းလေးမှာ”ရုပ်ရှင် အကယ်ဒမီ ဆန်ခါတင်စာရင်းဝင်လို့ ဂုဏ်ယူနေတဲ့ ဝါဝါဝင်းရွှေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...