Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Kingdom”စီးရီးရဲ့ Season 2 ကို မကြာမီ မြင်တွေ့ရဖွယ်ရှိ

$
0
0

မကြာသေးမီကနေ Netflix ကနေပြသခဲ့တဲ့ “Kingdom” ဇာတ်လမ်းတွဲဟာ အခုလတ်တလောမှာ ပရိသတ်တွေ အထူးအကြိုက်တွေ့ခဲ့တဲ့ စီးရီးတခုလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ Netflix မှာ တင်ပြီးတဲ့နောက်ပိုင်း ကိုရီးယားစကားပြော အဲဒီဒရာမာဟာ ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တွေရဲ့အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

ပထမဆုံး စတင်ပြသခဲ့တဲ့ Season မှာတော့ အပိုင်း ၆ ပိုင်းရှိပြီး ပရိသတ်တွေကတော့ တိုင်းပြည်ကို ကာကွယ်ဖို့ အိမ်ရှေ့စံမင်းသားက ဘယ်လိုဆက်ပြီး ကြိုးစားမယ်ဆိုတာကို သိချင်နေကြပြီ ဖြစ်ပါတယ်။ ပြီးတော့ ပရိသတ်တွေကြားထဲမှာ Season 2 ကို ဘယ်တော့ ပြတော့မှာလဲ ဆိုပြီး သိချင်စိတ်တွေက ပိုမိုပြင်းပြလာပါတယ်။

အရင်တုန်းက ကိုရီးယားစီးရီးတွေထဲမှာ မမြင်ခဲ့ရဖူးတဲ့ သမိုင်းနောက်ခံ Zombie သည်းထိတ်ရင်ဖို ဇာတ်လမ်းတခုကို အခြေခံထားပြီး စာရေးဆရာ Kim-Eun Hee ရေးသားတဲ့ ” Kingdom of the Gods” ဝတ္ထုကို အခြေခံထားပါတယ်။

ဂျိုဆွန်းခေတ်မှာရှိခဲ့တဲ့ အိမ်ရှေ့စံမင်းသားက တိုင်းပြည်မှာ ပလိပ်ရောဂါလိုမျိုး ကပ်ရောဂါတခုကို စုံစမ်းစစ်ဆေး အဖြေထုတ်ရတဲ့ တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျိုဆွန်းရဲ့ မြို့တော်အထိ အဲဒီ ပလိပ်ရောဂါ ပျံ့ပွားလာစေမှု မရှိစေဖို့အတွက် အသက်စွန့်ပြီး ကာကွယ်တဲ့ အကြောင်းပါ။

မင်းသား Ju Ji-hoon က အိမ်ရှေ့စံ၊ မင်းသား Ryu Seung-ryong က အမတ်ချုပ်ကြီး၊ မင်းသမီး Bae Doo-na က ဆေးအကူ မိန်းကလေးအဖြစ် သရုပ်ဆောင်ထားကြပါတယ်။ Season 2 စတင်ပြမယ့်ရက်ကို အခုအထိ မကြေညာသေးပေမယ့် ထုတ်လုပ်ရေးလုပ်ငန်းကိုတော့ အခု ဖေဖော်ဝါရီလထဲမှာ စတင်မယ်လို့ Koreafilm ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

တချို့သတင်းတွေရဲ့ အဆိုအရကတော့ ရိုက်ကူးရေးဟာ ယခုနှစ် ဇွန်လအထိ ကြာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဆိုလိုချင်တာကတော့ နောက်ထပ် Season 2 ကတော့ နောက်နှစ် အခုလို အချိန်လောက်ရောက်မှပဲ ထွက်လာနိုင်ပါတယ်။

The post “Kingdom” စီးရီးရဲ့ Season 2 ကို မကြာမီ မြင်တွေ့ရဖွယ်ရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...