မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ဒဏ် အားလုံးပေါင်း ၁၇ နှစ်ခန့် ချမှတ်ခံထားရတဲ့ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အမှုကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် တရားရုံးမှာ ပြန်လည် အယူခံဝင်ထားတယ်လို့ သိရပါတယ်။
အရှေ့ပိုင်းခရိုင်တရားရုံးနဲ့ ပုဇွန်တောင်မြို့နယ်တရားရုံးတို့မှာ ထောင်ဒဏ် ၁၂နှစ် ၊ ၅ နှစ် တို့ဖြင့် ကျခံထားရတဲ့ အဆိုပါအမှုကိုတော့ အရှေ့ပိုင်းခရိုင်တရားရုံးတွင် ဒီဇင်ဘာလ ၂၇ရက်နေ့က အယူခံဝင်ထားပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ လျှောက်လဲချက် ကြားနာရတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တရားရုံးမှတဆင့် သိရပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ နိုဝင်ဘာလ ၂၆ ရက်နေ့က ပုဇွန်တောင်မြို့နယ် တရားရုံးမှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ အရှေ့ပိုင်းခရိုင်တရားရုံးမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ အမှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင် မိုးအောင်ရင်နဲ့ တခြားသော အသိုင်းအဝိုင်းကသူအများက လက်မခံနိုင်ဘဲ ဖခင်ဖြစ်သူ ဦးအောင်ရင် ကိုယ်တိုင်မှလည်း အယူခံဝင်ရန်အတွက် ဥပဒေစကားဝိုင်း တရပ် ပြုလုပ်ခဲ့ပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ရက်နေ့က အိုက်စ် မူးယစ်ဆေးဝါး ၁ဂ ရမ်နဲ့အတူ ပုဇွန်တောင်မြို့နယ်ရှိ ရည်းစားဖြစ်သူရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်များအရ သိရပြီး မိုးအောင်ရင်ရဲ့နေအိမ်ဖြစ်တဲ့ တာမွေမြို့နယ်ရှိ နေအိမ်အား ရဲတပ်ဖွဲ့မှ သတင်းများအရ ဝင်ရောက်ရှာဖွေခဲ့ရာ မိုးအောင်ရင်ရဲ့ သူငယ်ချင်းဖြစ်သူ လူလူသန်းဦးနဲ့ ဘုန်းမြင့်အောင် (ခ) ဒေးဗစ်တို့နှစ်ဦးကို ဆေးခြောက် ၁၃၃၄ ဒဿမ ၃၃ ဂရမ်နဲ့အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
မိုးအောင်ရင်အား ထောင်ဒဏ် ချလိုက်တဲ့အပေါ် အနုပညာရှင်များ၏ ဝမ်းနည်းစကားများ
အရှေ့ပိုင်းခရိုင်တရားရုံးမှ သရုပ်ဆောင် မိုးအောင်ရင်ကို ထောင်ဒဏ် ၁၂ နှစ်ချမှတ်
မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ် ခံလိုက်ရတဲ့ သရုပ်ဆောင် မိုးအောင်ရင်
The post မိုးအောင်ရင် အမှု အယူခံဝင်ထားခြင်း လျှောက်လဲချက် ကြားနာမည် appeared first on ဧရာဝတီ.