Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၉ခုနှစ်အတွင်း တကိုယ်တော်အခွေထွက်ဖို့ရှိတဲ့ အဆိုတော်ပန်းရောင်ခြယ်

$
0
0

အဆိုတော် ဂရေဟမ်ရဲ့ သမီးဖြစ်သူ ပန်းရောင်ခြယ်ကိုတော့ “Wake Up Daddy” ဆိုတဲ့ တေးစီးရီးကနေတဆင့် ပရိသတ်တွေ သိရှိလာကြတာဖြစ်ပြီး ပန်းရောင်ခြယ်က ၂၀၁၉ ခုနှစ်ထဲမှာ တကိုယ်တော်ခွေကို ထွက်နိုင်အောင် ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။

“၂၀၁၉ခုနှစ် မှာ ပန်းရောင်ရဲ့ “Wake up Daddy “ထွက်ပြီးကတည်းက မထွက်ရသေးတော့ တကိုယ်တော်ခွေလေး ဒီနှစ်မှာ ရအောင်ထွက်ပါမယ်။ ထွက်ဖို့လည်း ကြိုးစားနေပါတယ်။ အခွေတခွေလုံးကို ၂ပုဒ် ၃ပုဒ်လောက်ပဲ Music Video ရိုက်မယ်။ အခု “Let it Go” ရိုက်ပြီးသွားပြီဆိုတော့ နောက်တပုဒ် နှစ်ပုဒ်ရိုက်ဖို့ရှိပါတယ်။ ပန်းရောင်ခွေထဲမှာ ဖေဖေပါဝင်သီဆိုမလား ဆိုတာတော့ မသိသေးဘူး”

“ပန်းရောင်နဲ့တူတူ ရေးစပ်ပေးထားတာတော့ ပါပါတယ်။ ညီမလေးနဲ့လည်း နောက်ပိုင်းလုပ်ဖြစ်မှာပါ။ အခုတော့ မလုပ်ဖြစ် သေးပါဘူး။ ပန်းရောင် ပွဲလေးတွေရှိရင်လည်း ဆိုဖြစ်ပါတယ်။ ကြော်ငြာလေးတွေလည်း ရိုက်ဖြစ်နေပါတယ်”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

သီချင်းအေးအေးလေးတွေ ကို အသံချိုချိုလေးသီဆိုတတ်တဲ့ ပန်းရောင်ခြယ်က သရုပ်ဆောင်ဖို့လည်း ကမ်းလှမ်းခြင်း ခံထားရတယ်လို့ ဆိုပါတယ်။

“၂၀၁၉ခုနှစ်ထဲမှာ ပန်းရောင်စပြီး သရုပ်ဆောင်တယောက်အနေနဲ့ အနုပညာအလုပ်ကို လှုပ်ရှားဖို့ စဉ်းစားထားတာ လည်း ရှိပါတယ်။ ကမ်းလှမ်းထားတာလည်းရှိပါတယ်။ အခုတော့ ဘာမှမသေချာသေးဘူး ဆွေးနွေးနေတုန်းပါ” လို့ ပန်းရောင်ခြယ်က ဆိုပါတယ်။

မကြာခင်ကျရောက်မယ့် Valentine Day နဲ့ ပတ်သက်ပြီးလည်း ပန်းရောင်ခြယ်က အခုလိုဆိုပါတယ်။

“Valentine Day က သမီးရည်းစားချစ်သူတွေ အတွက် မဟုတ်ဘဲနဲ့ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဘယ်သူမဆိုတဲ့ ဖြတ်သန်း ရတဲ့ အမှတ်တရ ရက်လေးတခုလို့ပြောရမှာပေါ့နော်။ အဲ့အတွက် ပန်းရောင်ကတော့ ရန်ကုန်ဖျော်ဖြေရေးတခုမှမရှိဘဲ မိသားစုနဲ့ အတူတူရှိပါမယ်။ ဘယ်လိုယောကျ်ားလေး ပုံစံကြိုက်သလဲဆိုတာတော့ ပန်းရောင် တခါမှ မစဉ်းစားဖူးပါဘူး။ အဓိက ကတော့ စိတ်ထားဖြူစင်ရမယ်ပေါ့နော်။ ပြီးတော့ မိသားစုကိုရော၊ သူများတွေကိုရော ချစ်တတ်နေရမယ်။ အဲ့ဒီလောက်ပါပဲ ပန်းရောင် သိပ်မစဉ်းစားတတ်ဘူး”လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

အဆိုတော် ပန်းရောင်ခြယ်ဟာ အဆိုတော်ကြီးဂရေဟမ်ရဲ့ သမီးကြီးတယောက်ဖြစ်ပါတယ်။ ပန်းရောင်ခြယ်က လက်ရှိမှာ ဂီတဖျော်ဖြေပွဲတွေ သီဆိုနေရသူ တဦးဖြစ်ပြီး သူ့ရဲ့ တကိုယ်တော်အခွေ အသစ်ထွက်ဖို့ကိုလည်း အချိန်ယူ ကြိုးစားပြင်ဆင်နေသူလည်း ဖြစ်ပါတယ်။

The post ၂၀၁၉ခုနှစ်အတွင်း တကိုယ်တော်အခွေထွက်ဖို့ရှိတဲ့ အဆိုတော်ပန်းရောင်ခြယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...