Quantcast
Viewing all articles
Browse latest Browse all 7343

မြို့တော်စည်ပင် ရွေးကောက်ပွဲဝင်ပြိုင်မယ့်အကြောင်း ပြောလာတဲ့ အလှမယ် ထက်ထက်ထွန်း

နိုင်ငံကိုယ်စားပြု အလှမယ်တယောက်ဖြစ်တဲ့ ထက်ထက်ထွန်းဟာ နောက်ထပ် နိုင်ငံ့အကျိုးပြုနိုင်မယ့် ကိစ္စတခုကို အကောင်အထည်ဖော်ဖို့ ရန်ကုန်စည်ပင် ရွေးကောက်ပွဲမှာ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် အများပြည်သူ အကျိုးပြုချင်တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်သွားမှာလို့ ဆိုပါတယ်။

“ထက် ကော်မတီဝင်နေရာကနေ ဖောင်တင်ထားပါတယ်။ ၁၈ရက်နေ့မှ စီစစ်မှာပါ။ လူကြီးတွေ ကိုယ့်ထက်ဝါရင်တဲ့ သူတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် လူငယ်တယောက်အနေနဲ့ ရင်ခုန်တယ်။ ပြိုင်ပွဲတွေလည်း ပြိုင်နေကြဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေကို ထက် ဝါသနာပါတယ်။ ပျော်တယ်။ ကြောက်စိတ်ပါတဲ့ ရင်ခုန်မှုမျိုးတော့ မဟုတ်ဘူး”

“ဝင်ပြိုင်ဖြစ်တဲ့ အကြောင်အရင်းကတော့ ထက် သူများအလုပ်လုပ်ရတာ သိပ်ဝါသနာပါတာ။ အများပြည်သူ အကျိုးပြုချင် တယ်။ သက်တမ်းတိုတိုလေး ကမ္ဘာပေါ်မှာနေနေရတဲ့ အတွင်းမှာ အသုံးကျတဲ့ သူတယောက် အသုံးတည့်တဲ့ သူတယောက် ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့ သူတယောက် တန်ဖိုးရှိသူတယောက်ဖြစ်ချင်တယ်။ အဲ့အတွက် Miss တယောက် အနေနဲ့ နိုင်ငံကိုယ်စားပြုအနေနဲ့ အကျိုးပြုပြီးသွားပြီ၊ အဲ့တော့ နောက်ပိုင်းဘာတွေများ ဆက်လုပ်နိုင်ဦးမလဲ ဆိုပြီးစဉ်းစားဝင်ပြိုင်တာပါ”

“ထက် ပါးပါးက ဒီပြိုင်ပွဲရှိပြီး ဝင်ပြိုင်ပါလား နင်လုပ်နိုင်တယ်ဆိုတာ ယုံတယ် လုပ်ပါလားဆိုပြီး လမ်းပြတဲ့ အတွက် အဲ့အချိန်မှာ ထက် စဉ်းစားလိုက်တယ်။ လူငယ်တွေ လုပ်တာ သိပ်မရှိဘူးရှားတယ်။ လူငယ်တယောက်အနေနဲ့ ရှေ့ကနေ စံပြအနေနဲ့ ဖြစ်အောင်ဆိုပြီး လုပ်ဖြစ်တာပါ။ ထက်အဖေက သမ္မတအထိကို မှန်းတာ။ အခုဝင်ပြိုင်ဖြစ်တာ ထက်အဖေဆန္ဒတွေ ပါတယ်။ မိဘကတော့ ကိုယ့်သားသမီးကို ဖြစ်စေချင်ကြတာပေါ့နော်။ ထက်က “ဖြစ်နိုင်ပါ့ မလား”ဆိုတဲ့ စိတ်ထက် ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ရင် ဖြစ်ကိုယ်ဖြစ်တယ်လို့ ယုံကြည်မှုထက်မှာရှိတယ်”လို့ ထက်ထက်ထွန်း ကပြောပါတယ်။

အနုပညာအလုပ်တွေ လုပ်နေရင်းကနေ ယခုလိုမျိုး နိုင်ငံရေးဘက် ပြောင်းလဲပြီး လုပ်ဆောင်မယ့် သူမရဲ့ လုပ်ငန်းစဉ် တွေနဲ့ ပတ်သက်လို့ ဝေဖန်မယ့်သူတွေ ရှိနေမယ်ဆိုတာ ကြိုတင်သိထားပေမယ့် ဝေဖန်မှုတွေကို ရင်ဆိုင်ပြီး ပြည်သူတွေအတွက် လုပ်ရမယ့်အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

“ဝေဖန်တာကတော့ရှိမှာပဲ။ အဲ့ဒါကို စိုးရွံတာတော့ မရှိပါဘူး။ ဝေဖန်တာကလည်း အနုပညာလုပ်တော့ ဝေဖန်တာ တွေရှိခဲ့တာပဲ။ အဲ့တော့ ဝေဖန်တာကို ခံနိုင်မှ အောင်မြင်တဲ့ သူတယောက်ဖြစ်မှာပါ။ Miss လုပ်တော့ ကောင်းကောင်းကြီးဝေဖန်ခံခဲ့တယ်။ ဝေဖန်တဲ့ စကားတွေပေးမှာပဲ ဘာတွေပြောင်းလဲရမလဲဆိုတာ ကိုယ်ဘာသာ ကိုယ်ဆုံးဖြတ်တယ်။ ဆုံးဖြတ်ပြီးပြောင်းလဲတယ်။ အလုပ်နဲ့ သက်သေပြတယ်”

“ဝေဖန်မှုတွေကို ရင်ဆိုင်ပြီး ပြည်သူတွေအတွက် လုပ်ရမယ့်အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင် သွားမယ်။ အဲ့အတွက် ဝေဖန်မှုတွေကို ထက်လိုချင်ပါတယ်။ ဘယ်လိုတွေ ပြင်ဆင်ထားလဲဆို အဓိက စိတ်ရှိနေရင် ကမ္ဘာကြီးတခုလုံးကို ဗုံးကြဲလို့ရတယ်။ ထက် အပြင်ဆင်ဆုံးကတော့ သူများအတွက် လုပ်ပေးချင်တယ်ဆိုတဲ့ စိတ်ဓာတ်အခံလေးရယ် စေတနာအရင်းအစစ်အမှန် လေးရယ် လူကြီးတွေဆီက ထက် အများကြီး သင်ယူရမှာတွေလဲရှိပါတယ်”

“ ဒီတာဝန်အတွက် အရမ်းပြည့်ဝနေသူေတော့ မဟုတ်ပါဘူး။ ထက်မှာပြောင်းလဲပေးချင်တဲ့ စိတ်အပြည့်ရှိတယ်။ ထက် တန်ဖိုးရှိတဲ့ အချိန်တွေ ပေးလို့ရရဲ့သားနဲ့ ထက် ဒီဘက်ကို ရင်းလိုက်တယ်”လို့ထက်ထက်ထွန်းက ပြောပါတယ်။

အလှမယ်ထက်ထက်ထွန်းဟာ Miss Universe Myanmar 2016 ကိုယ်စားပြု အလှမယ် တဦးဖြစ်ပြီး Miss Universe ပြိုင်ပွဲကြီးတွင် National Costume ဆုကို မြန်မာနိုင်ငံအတွက်ယူဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

The post မြို့တော်စည်ပင် ရွေးကောက်ပွဲဝင်ပြိုင်မယ့်အကြောင်း ပြောလာတဲ့ အလှမယ် ထက်ထက်ထွန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


နာမည်ကျော်နေတဲ့သထုံသူလေးမိသူဇာအောင်(၁၃) မြန်မာမလေးများ photo Myanmar Girls...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ...


ကလေးစစ်သား ကာကွယ်တားဆီးရေးမူ အရ မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှု...