Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Jennifer Lopez နဲ့အတူ ဖြစ်ရပ်မှန်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Constance Wu

$
0
0

အာရှနွယ်ဖွား မင်းသမီး Constance Wu ဟာ အဆိုတော်၊ မင်းသမီး Jennifer Lopez နဲ့အတူ “Hustlers at Scores” ဆိုတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်မှာ ပါဝင်လာမှာဖြစ်ပါတယ်။

“Fresh Off the Boat” ရုပ်သံဇာတ်လမ်းတွဲနဲ့ အချစ်ဟာသဇာတ်မြူး ဖြစ်တဲ့ “Crazy Rich Asians” တို့ရဲ့ အောင်မြင်မှုကြောင့်ပဲ မင်းသမီး Wu ဟာ Lopez ရဲ့ နောက်ထပ်ရုပ်ရှင်တခုမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်မှာ နယူးယောက်မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် Jessica Pressler ရဲ့ “The Hustlers at Scores” ဆိုတဲ့ ဆောင်းပါးကို ပြန်လည်ရိုက်ကူးမှာ ဖြစ်ပါတယ်။

ဒီကားဟာ ၂၀၀၀ ပြည့်လွန်နှစ်တွေတုန်းက နယူးယောက်စီးတီးမှာ နေထိုင်ခဲ့တဲ့ တိုင်းတပါးမှ အကအဖွဲ့တခုက သူတို့အပေါ် ငွေကြေး၊ အရက်တို့ကြောင့် နှိပ်စက်အနိုင်ကျင့်ခဲ့ကြတဲ့ ငှားရမ်းသူ သူဌေးတွေထံကနေ ခရက်ဒစ်ကတ်တွေ ယူဆောင်ခဲ့ကြပြီး ကလဲ့စားချေတဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။

ပရိသတ်တွေကတော့ တကယ့်ကို နာမည်ကျော်နှစ်ဦးရဲ့ သရုပ်ဆောင်ချက်တွေကိုလည်း မျှော်လင့်နေပြီ လို့ဆိုပါတယ်။ ထူးခြားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်တဲ့အပြင် Jennifer နဲ့ Constance တို့ရဲ့ တကမ္ဘာလုံးကို လွှမ်းခြုံထားတဲ့ လွှမ်းမိုးမှုကို ပေါင်းစပ်ပြီး နိုင်ငံတကာ မိတ်ဖက်တွေအတွက် ထူးခြားတဲ့ပုံစံ တခုအနေနဲ့ ဖန်တီးမှာ ဖြစ်တယ်လို့ ထုတ်လုပ်ရေးစတူဒီယို STX International ကဆိုပါတယ်။

ရုပ်ရှင်ကို လာမယ့် မတ်လမှာ စတင်ရိုက်ကူးမှာဖြစ်တယ်လို့ဆိုပါတယ်။ တခြားသရုပ်ဆောင်တွေရဲ့ နာမည်ကို ကြေညာတာ မရှိသေးပါဘူး။

အဆိုတော်၊ မင်းသမီး Jennifer နဲ့ သူ့ရဲ့ စီးပွားရေးမိတ်ဆွေ Elaine Goldsmith-Thomas တို့ဟာ ရုပ်ရှင်အတွက် ပူးတွဲအမှုဆောင်ထုတ်လုပ်သူ အဖြစ် ပါဝင်မှာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ အသက် ၄၉ နှစ်အရွယ် မင်းသမီးဟာ “Second Act” ဆိုတဲ့ အချစ်ဟာသဇာတ်မြူးရုပ်ရှင်ကို ပရိုမိုးရှင်းလုပ်နေပြီး “Bye Bye Birdie Live!” ဆိုတဲ့ ရုပ်ရှင်တခုမှာလည်း ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

အာရှနွယ်ဖွား မင်းသမီး Wu ကတော့ “Wish Dragon” ဆိုတဲ့ အန်နီမေးရှင်းရုပ်ရှင်မှာ အသံသရုပ်ဆောင်ထားပြီး စာရေးဆရာ Kevin Kwan ရဲ့ “China Rich Girlfriend” ဆိုတဲ့ စာအုပ်ကို အခြေခံထားတဲ့ “Crazy Rich Asians” ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ရိုက်ကူးမှုကို မကြာခင် ရိုက်ကူးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

Ref: aceshowbiz

The post Jennifer Lopez နဲ့အတူ ဖြစ်ရပ်မှန်ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသမီး Constance Wu appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...