ဓာတ်ပုံတွေကို အပျော်တမ်းပဲဖြစ်ဖြစ်၊ စီးပွားရေးအရပဲ ဖြစ်ဖြစ်ရိုက်ကူးခဲ့သူတွေဟာ ခေတ်အဆက်ဆက်မှာ ရှိခဲ့ကြပါတယ်။ ဒါကြောင့်လည်း အတိတ်ကတည်ရှိခဲ့တဲ့ ပုံရိပ်တွေကို ယနေ့အချိန်မှာ ပြန်လည်မြင်တွေ့ရတာပဲ မဟုတ်ပါလား။ အခုဖော်ပြပေးတဲ့ ပုံတွေဟာ ဘာကိုမှ မပြုပြင်ရသေးတဲ့ ရှေးဟောင်းပုံတွေ ဖြစ်ပါတယ်။
(၁) အမေရိကန်နိုင်ငံ နယူးဂျာစီမြို့က စာသင်ခန်းတခုမှာ စာသင်နေတဲ့ Albus Einstein ရဲ့ ၁၉၄၀ ပြည့်နှစ်က ပုံရိပ်ဖြစ်ပါတယ်။
(၂) အင်္ဂလန်နိုင်ငံ Canbridge ပြည်နယ်မှာ ရေကြီးရေလျှံ မှုတွေ ဖြစ်ပွားတော့ ရေအရမ်းကြီးနေတဲ့ နေရာတွေကို ပြည်သူတွေ ဝင်မလာအောင် ရဲအရာရှိတဦးဟာ သူ့ရဲ့ ခါးအကျော်ထိ ရေမြုပ်နေတဲ့ နေရာမှာ တာဝန်ယူနေတဲ့ ပုံဖြစ်ပါတယ်။ ဒီပုံကိုတော့ ၁၉၇၄ ခုနှစ်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
(၃) ၁၉၉၄ ခုနှစ်က Neverland Ranch မှာ လူ့အခွင့်အရေး ချိုးဖောက်ခံကလေးငယ်များအတွက် ရန်ပုံငွေရှာဖွေပွဲမှာ တိုက်ကားစီးနေတဲ့ ပေါ့ပ်ဘုရင် မိုက်ကယ်ဂျက်ဆင်ရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။
(၄) အမေရိကန် သမ္မတဟောင်း Bill နဲ့ ဇနီးဖြစ်သူ Hillary Clinton တို့ရဲ့ ၁၉၇၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်ပုံရိပ်တွေပဲ ဖြစ်ပါတယ်။
(၅) ၁၉၁၈ ခုနှစ်မှာ ကမ္ဘာစစ်ဖြစ်ပွားနေစဉ် သူနာပြုတွေဟာ ဗုံးကျဲလေယာဉ်တွေကို ရှောင်ဖို့ ဆေးရုံဝန်းထဲက ဗုံးခိုကျင်းတွေမှာ ပုန်းရှောင်နေကြတဲ့ ပုံဖြစ်ပါတယ်။
(၆) Harold Hamilton လို့ အမည်ရတဲ့ သြစတေးလျနိုင်ငံရဲ့ ပထမဦးဆုံးသိပ္ပံပညာရှင်ဖြစ်သူကို သူရှာဖွေတွေ့ရှိခဲ့တဲ့ အရိုးစုနဲ့ အတူတကွတွေ့ရတဲ့ ပုံပဲ ဖြစ်ပါတယ်။
(၇) ဒီပုံကတော့ ၁၉၈၀ နှစ်က ဘရာဇီးနိုင်ငံမှာ ရွှေတူးဖော်နေတဲ့ ငရဲခန်းလို့လူတွေ သတ်မှတ်ထားကြတဲ့ ရွှေတွင်းက အလုပ်သမားတွေကို မြင်တွေ့ရတဲ့ ပုံပဲ ဖြစ်ပါတယ်။
Ref;brightside
The post အတိတ်ကို ပြန်လည်ရောက်ရှိသွားသလို ခံစားရမယ့် ဓာတ်ပုံများ appeared first on ဧရာဝတီ.