Quantcast
Viewing all articles
Browse latest Browse all 7343

မင်းသားဒေါင်းအတွက် ဝတ်စုံဖန်တီးပေးရလို့ ကျေနပ်တယ်ဆိုတဲ့ ဒီဇိုင်နာ Zippy

အနုပညာရှင်များအတွက် Fashion Dressတွေ ပိုမိုဖန်တီးပေးဖြစ်လာတဲ့ Designer Zippy ကအသင့်ဝတ် Ready to Wear တွေလည်းထုတ်လုပ်သလို လတ်တလောမှာ သရုပ်ဆောင်ဒေါင်းအတွက်လည်း ဝတ်စုံတွေ ဖန်တီးပေးဖြစ်နေတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ဒေါင်းအတွက်ကတော့ Ready to Wear မဟုတ်ပါဘူး။ Commerical အတွက်လာအပ်တာပါ။အင်္ကျီလာအပ်တဲ့အတွက် (၇ )ထည် စီစဉ်ပေးထားပါတယ်။ သူတို့ဖက်က အကြမ်းဖျင်းပြောတဲ့အရောင်ကို သေချာရွေးပြီး စီစဉ်ပေးရပါတယ်”လို့ ဧရာဝတီကိုပြောပြပါတယ်။

သရုပ်ဆောင်ဒေါင်းက ကိုယ်တိုင်အားပေးတဲ့အနုပညာရှင်ဖြစ်တယ်လို့ ဆိုပြီး ဒေါင်းကို စီစဉ်ပေးရတာနဲ့ တခြား Customer အတွက် ကွာခြားချက်တွေ ရှိတယ်လို့ ဆိုပါတယ်။

“အဲဒါမျိုးကတော့ ကွာတော့ ကွာတာပေါ့နော်။ ကိုယ်ကြိုက်တဲ့ Idol ကို ချုပ်ပေးတာဆိုရင် အသေးစိတ်ကအစ စဉ်း စားတယ်။ ကိုယ့်ဝတ်စုံနဲ့ အဆင်ပြေပါ့မလားလို့ တွေးပူတယ်။ စိုးရိမ်တယ်။ တခြား Customer တွေအတွက်ဆိုရင်လည်း အကောင်းဆုံးလုပ်ပေးပါတယ်။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ အနုပညာရှင်ကို ချုပ်ပေးရတာဆိုရင်တော့ ပိုပြီး ဝမ်း သာကြည်နူးတာပေါ့နော်”လို့ ဒီဇိုင်နာ Zippy ကဆိုပါတယ်။

“အနုပညာရှင်တွေအတွက်ကျတော့ ပုံမှန်စဉ်းစားလို့ မရတော့ဘူး။သူတို့ရဲ့ ရုပ်ရည်၊ခန္ဓာ၊အနုပညာ အားလုံးနဲ့ကိုက်ညီအောင် စဉ်းစားရတယ်။ ဒီအလုပ်ကို ငယ်ငယ်ကတည်းက ဝါသနာပါတယ်။အဲဒါကြောင့်ပိုကြိုးစားဖြစ်တယ်။ ပိုအနစ်နာ ခံတယ်။ အခက်အခဲတွေရှိရင်လည်း မဖြစ်၊ ဖြစ်အောင် အများကြီးကြိုးစားပြီး လုပ်ရပါတယ်”လို့ ဒီဇိုင်နာ Zippy ကဆိုပါတယ်။

ဒီဇိုင်နာ Ziippyက ပြီးခဲ့တဲ့၂၀၁၈ခုနှစ်က စီးပွားရေး၊ လူမှုရေး၊ အချစ်ရေး ခက်ခဲတဲ့အချိန်တွေကိုဖြတ်ကျော်ခဲ့ရသူတဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မိတ်ကပ်ပညာရှင်တဦးနဲ့ အချစ်ရေးကိစ္စများ ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီးလာသူတဦးလည်း ဖြစ်ပါတယ်။

“၂၀၁၈ မှာ ပင်ပန်းခဲ့ရတာတွေလည်းအများကြီး၊ စိတ်ရှုပ်ခဲ့ရတာတွေလည်း အများကြီးပဲ။ဒါပေမယ့် စိတ်ညစ်စရာကြုံခဲ့ လည်း ကိုယ့်စိတ်ကို အမြဲပျော်အောင်ထားတယ်။ စိတ်ပျော်အောင်ဆိုတာ ကိုယ်တိုင်လုပ်မှရမှာဖြစ်လို့ ကိုယ့်စိတ်ကိုတော့ အမြဲပျော်အောင်ထားတယ်။ တိုက်ခိုက်တာတွေ၊ ပြောတာတွေကိုတွေ့ရင်တော့ နားထောင်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲ အမြဲတမ်းထည့်မထားဘူး။ စိတ်ထဲထည့်ထားရင် ကိုယ်ပဲပင်ပန်းရတယ်။ အဲဒါကြောင့်ကိုယ့်စိတ်ကို ပေါ့ပါးအောင်ထားပြီး ပျော်ရွှင်အောင်ထားပါတယ်”

“ခန္ဓာကိုယ်ကတော့ ကိုယ်နှစ်သက်တဲ့အလုပ်၊ ဝါသနာပါတဲ့အလုပ်ဆိုတော့ ပင်ပန်းတယ်လို့တော့ မခံစားရဘူး။ စိတ်ပင်ပန်းတာတွေကတော့ ပိုဆိုးတာပေါ့နော်။ ပတ်ဝန်းကျင်ကပြောတာရော၊ အလုပ်အကြောင်းတွေရော၊ မိသားစုအကြောင်းတွေရောဆိုတော့ စိတ်ပင်ပန်းတာက ပိုပြီးဆိုးတာပေါ့” လို့ ဆိုပါတယ်။

အချစ်ရေးကိစ္စတွေကြောင့် လက်ရှိအလုပ်မှာ ထိခိုက်မှုမရှိဘူးလို့လည်း သူက ဆိုပါတယ်။

“အလုပ်မှာ ထိခိုက်မှုရှိလားဆိုရင် အဲဒါမျိုးတော့ မခံစားဖူးပါဘူး။ အလုပ်နဲ့တော့ မဆိုင်ပါဘူး။ အလုပ်က ကိုယ်ကြိုးစားသလောက်ဖြစ်လာမှာပါ။ မကြိုးစားတဲ့အချိန်မှာ ကိုယ်ကျရှုံးမယ်။ ဇွဲ၊လုံ့လ ၊ဝီရိယနဲ့ ကြိုးစားနေရင် အောင်မြင်မှာပါနော်။ အလုပ်နဲ့ပတ်သက်ရင် အဲဒီလိုခံယူထားပါတယ်ခင်ဗျ”လို့ ဧရာဝတီကို ပြောပါတယ်။

The post မင်းသားဒေါင်းအတွက် ဝတ်စုံဖန်တီးပေးရလို့ ကျေနပ်တယ်ဆိုတဲ့ ဒီဇိုင်နာ Zippy appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...