Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဘေဘီမောင်နဲ့ ဗမာလိုရော၊ ထားဝယ်လိုရော မင်္ဂလာဆောင်မယ်လို့ ပြောတဲ့ သားဂန်း

$
0
0

သရုပ်ဆောင် ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ စုံတွဲဟာ ပရိသတ်တွေကြားထဲမှာ မနဲ့ မောင် အတွဲဆိုပြီး နာမည်ကြီး နေပါတယ်။ အနုပညာတွေ အချိန်တော်တော်များများမှာ အချိန်တူတူ ရှိပြီး အတူတူလုပ်ကိုင်နေတာကြောင့် နားလည်မှု သိပ်လုပ်ယူရတာ မရှိဘူးလို့ အဆိုတော် သားဂန်းက ဆိုပါတယ်။

အဆိုတော် သားဂန်းက သူတို့နှစ်ဦးကြားက ဆက်ဆံရေးကိုလည်း အခုလို ပြောပါတယ်။

“ထွေထွေထူးထူးတော့ စီစဉ်ထားတာ မရှိဘူး။ ကျနော်လည်း သိပ်မစီစဉ်တတ်ဘူး။ နှစ်ယောက်လုံးက ထူးထူးခြားခြားရယ်တော့ မဟုတ်ဘူး။ သူ့မှာ လိုအပ်ချက်တွေ ရှိရင် ဖြည့်ပေးတယ်။ ကိုယ့်မှာ လိုအပ်ချက်ရှိရင် သူဖြည့်ပေးတယ်။ စိတ်ထဲ ရှိတဲ့အတိုင်းပဲ ချစ်တယ်။ ကျနော်ကတော့ ပိုချစ်တယ် ထင်တယ်။ စိတ်ကောက်မှလည်း ပျော်ဖို့ကောင်းတာလေ။ မက စိတ်ကောက်တယ်။ နားလည်မှုတော့ သိပ်လုပ်ယူရတာ မရှိဘူး”

“အနုပညာလုပ်နေတော့ အချိန်တော်တော်များများမှာ အချိန် တူတူရှိနေတော့ ပိုတာထက် ပိုသိလာတော့ နားလည်မှု ထွေထွေထူးထူး လုပ်ယူရတာ မရှိဘူး။ မက ကျနော့်ကို အရမ်းဂရုစိုက်တာ နယ်ကနေ တက်လာတော့ အင်္ကျီလေးတွေကအစ လိုက်ဝယ်ပေးတယ်။ ပွင့်ပွင့်လင်းပြောတာ နောက်ပြီး သူက လှတယ်။ အဲ့အချက်တွေကြောင့် မကို ချစ်ခဲ့တာ။ ကျနော်တို့ မင်္ဂလာဆောင်ရင်လည်း ထားဝယ်လိုရော၊ ဗမာလိုရော ဆောင်မယ်”လို့ သားဂန်းက ပြောပါတယ်။

သူတို့နှစ်ဦးအတွက် နေ့တိုင်းက ချစ်သူများနေ့က နေ့တိုင်းဖြစ်နေတယ်လို့ ဘေဘီမောင်က ဆိုပြီး မကြာခင်ကျရောက်မယ့် Valentine’s Day ဆိုပြီး Surprise မလုပ်ဖြစ်ဘူးလို့ ဆိုပါတယ်။

“Valentine’s Day Surprise ဆိုပြီး ဘယ်သူ့ကိုမှ မလုပ်ဖူးဘူး။ ဝါသနာလည်း မပါဘူး။ မကြိုက်ဘူး။ သူများ လုပ်တာတွေကို အားကျဖူးတာပဲ ရှိတယ်။ ကိုယ်တွေ Ro တယ်ဆိုတာက သူ့ကိုချစ်တာလေးတွေ Facebook ပေါ် တင်တာပဲ ရှိတာ။ သက်သက်ကြီး Ro နေတာတော့ မဟုတ်ဘူး။ ထူးထူးခြားခြား Ro ဖို့တော့မရှိဘူး။ နေ့တိုင်းက သူ့အချစ်တွေနဲ့ ချစ်သူများနေ့ဖြစ်နေတော့ ချစ်သူများနေ့က နေ့တိုင်းဖြစ်နေတယ်” လို့ ဘေဘီမောင်က ပြောပါတယ်။

ချစ်သူနှစ်ဦးကြားက တဦးကို တဦးခေါ်တဲ့ အခေါ်အဝေါ်တွေနဲ့ ပတ်သက်ပြီးလည်း ဘေဘီမောင်က အခုလိုဆိုပါတယ်။

“ဘေဘီက ငယ်ငယ်ကဆိုရင် မောင်လေးတွေကို မကြိုက်ဘူး။ ဒါပေမဲ့ အသက်အရွယ်အရ မောင်လေးဆိုပေမယ့် ကိုယ့်ရဲ့ ချစ်သူက အဖေတယောက်လိုမျိုး အားကိုးရတယ်ဆိုတော့ မောင်လေး Mood တောင် ပျောက်သွားတယ်။ ဒါပေမဲ့ ချစ်သူကိုခေါ်တဲ့ နာမ်စားလေးမှာ ဘေဘီက “မောင်” ပဲ ခေါ်ချင်တာ ဆိုတော့ သူ့ကို မောင်လို့ ခေါ်ရတဲ့ Feeling ကို ကြိုက်တယ်။ သူကတော့ ကိုယ်က အသက်ကြီးတော့ “မ” လို့ ခေါ်တာပေါ့။ ဘေဘီက စိတ်ကောက်တယ်”

“သူလည်း တခါတလေ ဆိုးချင်တယ်။ မိန်းမတယောက်က ကိုယ့်ကို အရမ်းချစ်တဲ့ ယောကျာ်းတယောက်နဲ့တွေ့ရင် လက်ခံသွားကြတာဘဲ သူ ချမ်းသာသည် ဖြစ်စေ၊ မချမ်းသာသည် ဖြစ်စေ၊ သူအောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သူ့ရဲ့အချိန်နဲ့တင် ကြည်နူးနေရတဲ့အခါ အားလုံးက ပြည့်စုံသွားတယ်။ သူအရမ်းချစ်တဲ့ အချက်ကပဲ ကိုယ့်ကို ချစ်စေတာ။ သူ့ကို ယုံကြည်တဲ့ စိတ်နဲ့ ရှေ့ဆက်သွားနေတယ်။ ကိုယ့်မေတ္တာမှန်ရင်တော့ မှန်လိုပဲ ပြန်လာမယ်လို့ ထင်တယ်။ အခုထိတော့ စနိုက်ကျော်တာ မခံရသေးဘူး”လို့ ဘေဘီမောင်က ပြောပါတယ်။

သားဂန်းကို “အိပ်မက်ဆုံရာ (ရာသက်ပန်)” သီချင်းဆို ပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ ဘေဘီမောင်ကိုတော့ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ ဘေဘီမောင်က အခုဆိုရင်လည်း အနုပညာအလုပ်ထက် ကိုယ်ပိုင်စီးပွားရေး ဖြစ်တဲ့ Baby & Barani Beauty & Fashion House ဆိုင်ကို ဦးဆောင်နေသူတဦး ဖြစ်ပါတယ်။

The post ဘေဘီမောင်နဲ့ ဗမာလိုရော၊ ထားဝယ်လိုရော မင်္ဂလာဆောင်မယ်လို့ ပြောတဲ့ သားဂန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...