Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မူးယစ်သံသယရှိသူနဲ့ ဆက်နွှယ်မှု ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ BigBang အဖွဲ့ဝင် ဆွန်းလီ

$
0
0

လွန်ခဲ့တဲ့လကပဲ Burning Sun ကလပ်အမှုမှာ လက်ရှောင်တယ်လို့ ဝေဖန်ခံနေရတဲ့ BigBang အဖွဲ့ဝင် ဆွန်းလီ ဟာ အခုလည်း မူးယစ်သံသယရှိသူ တယောက်နဲ့ ပတ်သက်မှု ရှိနေတယ် ဆိုတဲ့ သံသယဖြစ်ဖွယ်ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အကြောင်းကတော့ Burning Sun ကလပ်မှာ MD အဖြစ်လုပ်ခဲ့ပြီး မူးယစ်ရောင်းဝယ်ဖောက်ကားမှုနဲ့ သံသယရှိသူ တရုတ်အမျိုးသမီး Aena နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံ ထွက်ပေါ်လာခဲ့လို့ပါ။ ဆွန်းလီနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကို အဆိုပါ အမျိုးသမီးက သူ့ဆိုရှယ်မီဒီယာမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်က တင်ထားခဲ့တာပါ။ “CEO ဆွန်းလီနဲ့ ဓာတ်ပုံ တွဲရိုက်ချင်ရင် အလုပ်ကြိုစားဖို့တော့ လိုမယ်”လို့ ပုံစာရေးထားပါသေးတယ်။

ထွက်ပေါ်လာတဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီး ဆွန်းလီကတော့ “ကျနော် ကလပ်ရောက်ခဲ့တုန်း သူဓာတ်ပုံ တွဲရိုက်ချင်တယ်ဆိုလို့ ရိုက်ပေးခဲ့တာပါ။ ဘယ်တုန်းက ရိုက်လိုက်ကြပြီး သူဘယ်သူမှန်းတောင် မမှတ်မိဘူး” လို့ တုန့်ပြန်ခဲ့ပါတယ်။

တရုတ်အမျိုးသမီး Aena နဲ့ တွဲရိုက်ထားတဲ့ BigBang အဖွဲ့ဝင် ဆွန်းလီ

ဆက်ပြီးတော့လည်း “အင်တာနက်ပေါ်မှာ ကျနော့် ပရိသတ်တွေနဲ့ တွဲရိုက်ထားတဲ့ပုံတွေ မရေတွက်နိုင်အောင်ပါပဲ။ ကျနော် ကလပ်ရောက်တိုင်း လူအများကြီး ကျနော့် နားလာပြီး ဓာတ်ပုံအတူ တွဲရိုက်ဖို့ပြောရင် ရိုက်ပေးခဲ့တာပဲ” လို့ ဆိုပါတယ်။

ရဲတွေကတော့ Aena ကို မနှစ်က ဆေးခြောက်ရောင်းဝယ်ဖောက်ကားမှုနဲ့ သံသယရှိနေပြီး အမှုစွဲဆိုတာမျိုး တော့ မရှိသေးပါဘူး။ လက်ရှိမှာတော့ သူမရဲ့ ပတ်စပို့သက်တမ်း ကုန်ဆုံးနေပြီး ကိုရီးယားနိုင်ငံမှာပဲ ဆက်နေ,နေ မယ်ဆိုရင် တရားမဝင် နေထိုင်မှုမြောက်သွားလိမ့်မယ်လို့ သိရပါတယ်။

Aena ဟာ မူးယစ်အမှုအပြင် အရင်လက ထွက်ပေါ်ခဲ့တဲ့ Burning Sun ကလပ်ရဲ့ ကိုယ်ထိလက်ရောက်ကျူး လွန်ခဲ့သူ အမျိုးသမီ းနှစ်ဦးအနက် တဦးလည်း ဖြစ်ပါတယ်။ Burning Sun ရဲ့ CEO ကတော့ ထွက်ရှိနေတဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုရော၊ မူးယစ်မှုကိုပါ ငြင်းဆိုထားပါတယ်။

Burning Sun ကလပ်အမှုနဲ့ပတ်သက်တယ်လို့ ဝေဖန်ခံနေရတဲ့ ကိစ္စမှာလည်း ဆွန်းလီဟာ ဒီကလပ်ရဲ့ လုပ်ငန်းပိုင်းမှာရော၊ စီမံခန့်ခွဲမှုအပိုင်းမှာပါ ပါဝင်ဆက်စပ်တာမျိုး မရှိခဲ့ဘူးလို့ ပြောကြားထားပါတယ်။

Ref: Soompi

The post မူးယစ်သံသယရှိသူနဲ့ ဆက်နွှယ်မှု ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ BigBang အဖွဲ့ဝင် ဆွန်းလီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...