Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ချစ်သူဘဝတုန်းက Rဇာနည်ပေးတဲ့ လက်ဆောင်တွေအကြောင်း ပြောပြတဲ့ ဝမ်း

$
0
0

အဆိုတော် R ဇာနည်နဲ့ ဇနီးဖြစ်သူ ဝမ်းတို့ စုံတွဲဟာ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင် အိမ်ထောင်သည် စုံတွဲ ဖြစ်ပါတယ်။ ဒီနှစ် Valentine’s Day မှာတော့ ခင်ပွန်းဖြစ်သူကတော့ ဝမ်းကို ဘာလက်ဆောင်မှ မပေးဖြစ်ဘဲ ချစ်သူဘဝတုန်းကတော့ လက်ဆောင်ပေးတာတွေ ရှိတယ်လို့ ဝမ်းက ဆိုပါတယ်။

“Valentine’s Day မှာတော့ သားနှစ်ယောက်နဲ့ ဖြတ်သန်းပါမယ်။ ကိုဇာနည်က ပြည်မှာ သီချင်း သွားဆိုပါတယ်။ မနက်ကတော့ အာဘွားပေးသွားတယ်။ ဘာလက်ဆောင်မှတော့ မပေးဖြစ်ဘူး။ ကိုဇာနည်ကလည်း အစကတည်းက လက်ဆောင်ဆို သူကြိုက်တာ သူပေးတာ”

“ရည်းစားတုန်းကတော့ ပေးတယ်။ သူကြိုက်တာကို ပေးလိုက်တာ ကိုယ်ကြိုက်ကြိုက် မကြိုက်ကြိုက်ပေါ့။ ကိုယ်ကလည်း ကိုယ်မကြိုက်တာကို သိမ်းထားလိုက်တယ်။ အိမ်ထောင်ကျပြီးတော့လည်း မိန်းမကြိုက်တာပဲ ဝယ်လိုက်လို့ ပြောတယ်။ ဝယ်တယ်ဆိုလည်း ကိုယ့်ဆီကနေပဲ ထွက်မှာလေ။ အဲတော့ မဝယ်ဖြစ်ဘူး”လို့ ဝမ်းက ပြောပါတယ်။

“ချစ်သူဘဝတုန်းက ကိုဇာနည်က ကျမကို လက်ဆောင်ပေးတယ်။ ကျမကလည်း မိန်းမဆန်တဲ့ မိန်းမ။ တချို့က ရှိတယ်လေ ယောကျာ်းဆန်တဲ့ မိန်းမတွေ။ ကျမကတော့ မိန်းမဆန်တဲ့ မိန်းမ။ ပေးလိုက်ရင် 501 ဘောင်းဘီ၊ All Star ဖိနပ်တွေ ပေးတယ်။ အဲ့ကျတော့ ကျမ တခုမှ မသုံးဖြစ်ဘူး။ သူပေးထားတဲ့ အမှတ်တရ ဆိုတော့ အမှတ်တရပဲ ရှိတယ်။ ကျမ မဝတ်တော့ နှမြောတာနဲ့ ဖြတ်ပြီး စကတ် ချုပ်လိုက်တယ်။ အဲတော့မှ ဝတ်ဖြစ်သွားတယ်။ အဲဒါ အမှတ်တရပေါ့”လို့ ဝမ်းက ဆိုပါတယ်။

အဆိုတော် Rဇာနည်ရဲ့ ဇနီးဖြစ်သူ ဝမ်း (ဓာတ်ပုံ – ဝေဝေနှင်း/ဧရာဝတီ)

ခင်ပွန်းဖြစ်သူ Rဇာနည် သီချင်းတွေ ဆိုတဲ့နောက်ကို တောက်လျှောက် လိုက်ဖြစ်နေတာကြောင့် ခရီးထွက်သလို ဖြစ်နေတဲ့အတွက် ဒီလို နေ့တွေဆိုရင် ဘာမှသိပ်ပြီး မလုပ်ဖြစ်ဘူးလို့ ဝမ်းက ဆိုပါတယ်။

“ချစ်သူဘဝတုန်းကနဲ့ အိမ်ထောင်သည်ဘဝက ကွာခြားသွားတာပေါ့။ ချစ်သူဘဝတုန်းက ချစ်နေရထက် အရေးကြီးတာမှ မရှိတာ။ အခုက ချစ်တာကလည်း အရေးကြီးသလို ကျန်တာတွေကလည်း အရေးကြီးလာ တာပေါ့။ ကျမတို့ကတော့ သီချင်းတွေ ဆိုတဲ့ တောက်လျှောက်လိုက်ဖြစ်နေတာကြောင့် ခရီးတွေကို အလုပ်နဲ့ နှစ်ယောက်တူတူ ရှိနေတော့ ဒီလို နေ့တွေဆိုရင် ဘာမှသိပ်ပြီး မလုပ်ဖြစ်ဘူး”

“အကယ်လို့ အဲ့လို နှစ်ယောက်တူတူ မသွားဖြစ်ဘူးဆိုရင်တော့ ဒီလိုနေ့လေးမှာ ခရီးသွားတာတို့၊ Dinner တူတူ သွားစားတာတို့ လုပ်ဖြစ်မှာ။ အောင်မြင်တဲ့ ယောကျာ်းကို ထိန်းသိမ်းတာမှ မဟုတ်ပါဘူး။ သားသမီးရောပေါ့။ ချော့တခါ ချောက်တလှည့်နဲ့ ကိုယ်ဖြစ်ချင်တာရော သူဖြစ်ချင်တာရော အားလုံးညှိပြီးတော့ လုပ်မှပဲ ရတာပါ။ ကျမ ကိုယ်တိုင်လည်း လုပ်ပါတယ်”လို့ ဝမ်းက ပြောပါတယ်။

မော်ဒယ်၊ သရုပ်ဆောင် ဝမ်းကိုတော့ Music Video တွေကနေ တဆင့် ပရိသတ်တွေ စတင် သိရှိလာကြတာဖြစ်ပါတယ်။ ဖက်ရှင်ပုံစံတွေကလည်း ရိုးရိုးလေးနဲ့ လှတာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားပါတယ်။ အနုပညာအလုပ်တွေ ဆက်မလုပ်ဖြစ်တော့ပေမယ့်လည်း ဒီနေ့ အချိန်ထိ ပရိသတ်တွေ အားပေးနေတုန်းပါ။

အဆိုတော် Rဇာနည်နဲ့ ဝမ်းတို့ ဇနီးမောင်နှံ နှစ်ဦး လက်တွဲခဲ့တာ အခုဆိုရင် အိမ်ထောင်သက် ၁၅ နှစ်ကျော် ရှိနေပါပြီ။ မိသားစုအနေနဲ့ သား ၂ ယောက် ထွန်းကားပြီး သားကြီးဖြစ်သူ ဖစ်ဖစ်တုန်နဲ့ သားငယ် ချစ်ချစ်တုန်တို့ကိုလည်း ပရိသတ်တွေက ချစ်ကြပါတယ်။

The post ချစ်သူဘဝတုန်းက Rဇာနည်ပေးတဲ့ လက်ဆောင်တွေအကြောင်း ပြောပြတဲ့ ဝမ်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...