Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Roma”သရုပ်ဆောင် Jorge Antonio Guerrero အော်စကာပွဲ မတိုင်မီ ဗီဇာရရှိ

$
0
0

မက္ကဆီကိုမင်းသား Jorge Antonio Guerrero ဟာ ၂၀၁၉ ခုနှစ် အော်စကာဆုပေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ “Roma” ရုပ်ရှင်မှာ Fermin အဖြစ် ပါဝင်ထားတဲ့ မင်းသား Guerrero ဟာ အမေရိကန်နိုင်ငံကို ပြည်ဝင်ခွင့် ၃ ကြိမ် အငြင်းပယ်ခံခဲ့ရပြီးတဲ့နောက် အခုတော့ ဗီဇာရရှိခဲ့ပြီလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်မင်းသားက “ကျနော့်လက်ထဲမှာ အမေရိကန်ဗီဇာ ရှိနေပြီ ဆိုတာကို ခင်ဗျားကို ဝေမျှပေးချင်ပါတယ်။ ဒီလိုမျိုး ရရှိလာဖို့ ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံခြား ဆက်ဆံရေး လက်ထောက်ကို အထူးကျေးဇူးတင်ကြောင်း ပြောလိုပါတယ်”လို့ စပိန်ဘာသာနဲ့ ရေးသားခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ လုပ်ဖော်ကိုင်ဖက်များကိုလည်း ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မင်းသားက “အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလာမယ့် ၂၄ ရက်နေ့မှာ ကျနော်ဟာ “Roma” အဖွဲ့နဲ့အတူ ၉၁ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို တက်ရောက်မှာပါ” လို့ ဆိုပါတယ်။

မင်းသားဟာ သူ့ဗီဇာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ပြီးခဲ့တဲ့ လတုန်းက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာပဲ ပြုလုပ်ခဲ့တဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်ဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ Netflix ဆီကနေ ဖိတ်ကြားစာ လက်ခံရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူတဦးရဲ့ စာတစောင်နဲ့အတူ မင်းသား Guerrero ဟာ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဒုတိယအကြိမ် ကြိုးပမ်းမှုအနေနဲ့ သံရုံးကို နောက်တခေါက် သွားခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် အဲဒီစာကို သံရုံးမှာရှိတဲ့ သံတမန်တွေက လိုလိုလားလား မဖတ်ချင်ခဲ့ဘူးလို့ ဆိုပါတယ်။

သူက “ရိုးရိုးသားသား ပြောရမယ်ဆိုရင် သူတို့မဖတ်ချင်တဲ့ စာတစောင်ကို ကျနော်ယူသွားမိတယ်။ ကျနော့်ရဲ့ ဒုတိယ မြောက် ကြိုးပမ်းမှုမှာ သူတို့ ကျနော်အလုပ်သွားလုပ်မှာ ဆိုပြီးတော့ချည်း ပြောနေခဲ့တာ။ ကျနော်က အလုပ်သွားလုပ်မှာ မဟုတ်တဲ့အကြောင်း ဖိတ်ကြားခံရလို့ သွားတာသာဖြစ်တဲ့အကြောင်း ပြောခဲ့ရပါတယ်။ နောက်ဆုံးကြိုးပမ်းမှု ကိုတော့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ အမျိုးသမီး တယောက် ကျနော့်ကို ပြောတာဆိုရင် တော်တော်လေး စိတ်ဆိုးဖို့ ကောင်းပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

“Roma” ရုပ်ရှင်ဟာ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆုနှင့် အကောင်းဆုံး မင်းသမီးဆု တို့အပါအဝင် ဆုပေါင်း ၁၀ ခု လျာထားခံထားရပါတယ်။ မင်းသမီး Aparicio ရဲ့ ဆန်ခါတင်စာရင်းဝင်မှုဟာ ၁၄ နှစ်အတွင်း အကောင်းဆုံး မင်းသမီးအဖြစ် ဆန်ခါတင်ဝင်ခဲ့တဲ့ ပထမဆုံး လက်တင်အမျိုးသမီး ဖြစ်လာစေခဲ့ပါတယ်။ အော်စကာဆုပေးပွဲကို လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Ref: etcanada

The post “Roma” သရုပ်ဆောင် Jorge Antonio Guerrero အော်စကာပွဲ မတိုင်မီ ဗီဇာရရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...