Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရေခဲတောင်မှာ ရုပ်ရှင်သွားရိုက်မယ့်အကြောင်း ပြောပြတဲ့ သင်ဇာဝင့်ကျော်

$
0
0

ယခုနောက်ပိုင်းမှာ ပရိသတ်က အမြဲ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ကတော့ မကြာခင် ရက်ပိုင်းအတွင်း ရေခဲတောင်မှာ ရုပ်ရှင်သွားရိုက်ဖို့ ရှိတယ်လို့ ပြောပါတယ်။

“ဇာတ်ကားရိုက်ဖို့အတွက် ၁၈ ရက်နေ့ ပူတာအို သွားမယ်။ နှင်းတွေဖုံးနေတဲ့ ရေခဲတောင်ခြေရင်းမှာ သွားရိုက်မယ်။ ပြီးရင် ပူတာအိုမှာ ရိုက်မယ်။ ရေခဲတောင်မှာတော့ အရင်ရိုက်မှာပါ။ ရေခဲတွေ အရည်မပျော်ခင် ရိုက်ရမှာ ဆိုတော့။ ဇာတ်လမ်းကတော့ Anventure ရိုမန့်စ်လေးပေါ့။ အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေး တခုပေါ့” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ပူတာအိုသို့ သွားရောက်ကာ ရေခဲတောင်ခြေရင်းမှာ အရင်ဆုံးရိုက်မှာဖြစ်တဲ့အတွက် ဘယ်လိုအခက်အခဲမျိုး ကြုံရမလဲဆိုတာ မသိသေးဘူးလို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

“အေးမှာဆိုတော့ လုံလုံခြုံခြုံတွေ့ရမှာပါ။ ဒီကားရိုက်ဖို့အတွက် သင်ဇာ သိပ်ဝိတ်မချရဲသေးဘူး။ အဲဒီမှာက ဖျားလို့ မဖြစ်ဘူးလေ။ ဖျားမယ်ဆိုရင် လူကြီးသူမလည်း မပါဘူး။ မိတ်ကပ်ဆရာတွေ ဘာတွေနဲ့ပဲ သွားမှာဆိုတော့ ကျန်းမာနေဖို့ သက်လုံကောင်းစေဖို့ပဲ ဂရုစိုက်တယ်။ ကိုယ်တိုင်ကလည်း Anventure ဖြစ်နေမှာလေ။ အရမ်းအေးပြီးတော့ နှင်းတောထဲ သွားရမှာဆိုတော့ ဘယ်လိုအခက်အခဲမျိုးတွေ ကြုံရမလဲ မသိနိုင်သေးဘူး” လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကိုတော့ ကချင် ဒါရိုက်တာ JZ ဒေါင်လွဏ်းက ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်များအဖြစ် မြင့်မြတ်၊ ယုန်လေး၊သင်ဇာဝင့်ကျော်နဲ့ ကချင်သရုပ်ဆောင်များ ပါဝင်သွားမယ်လို့ သိရပါတယ်။

ဇာတ်လမ်းအရ အေးခဲနေတဲ့နေရာမှာ ဖြစ်တဲ့အတွက် မင်းသမီးရဲ့ အဝတ်အစားတွေ ချွတ်ပစ်ရမယ့် အခန်း ပါဝင်နေတဲ့အကြောင်းကိုလည်း သင်ဇာဝင့်ကျော်က အခုလို ပြောပြခဲ့ပါတယ်။

“အဲဒီထဲက ဇာတ်ဝင်ခန်းထဲက တခုက အင်္ကျီတွေ ချွတ်လိုက်ရမှာ။ မဖြစ်မနေ လုပ်ရမယ့် အဲဒီလို မလုပ်ရင် အေးခဲပြီးသေတော့မှာလေ။ ဇာတ်လမ်းထဲမှာ အဲဒီလိုမျိုးရေးထားတော့ ချွတ်သင့်ရင်လည်း ချွတ်ရမှာပေါ့နော်။ ဒါပေမယ့်လည်း ဆင်ဆာပေးသလောက်ပေါ့။ အရမ်းကြီးတော့ ရိုက်မှာမဟုတ်ပါဘူး။ အဲဒီအခန်းထက် ဒီကားထဲမှာ ဘယ်လိုအိုက်တင်မျိုးတွေ လုပ်ခွင့်ရမလဲဆိုတာကို စိတ်ဝင်စားပါတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်အနေနဲ့ကတော့ ဒီကားရိုက်ကူးဖို့အတွက် တခြားသောအရာများထက် ဘယ်လို အိုက်တင်မျိုးကို လုပ်ခွင့်ရမလဲဆိုတာကိုသာ စိတ်ဝင်စားလျက်ရှိတယ်လို့ သိရပါတယ်။

The post ရေခဲတောင်မှာ ရုပ်ရှင်သွားရိုက်မယ့်အကြောင်း ပြောပြတဲ့ သင်ဇာဝင့်ကျော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...