Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုဘက်ကလာလို့ သရုပ်ဆောင်ရတာ ခက်ခဲတယ်လို့ ဆိုလာတဲ့ နန့်ချစ်နဒီဇော်

$
0
0

အိမ်မက်ဆုံရာ Season 4 ကနေတဆင့် ပရိသတ်အားပေးမှု အများကြီး ရရှိခဲ့တဲ့ အဆိုတော် နန့်ချစ်နဒီဇော်က အဆိုဘက်အပြင် သရုပ်ဆောင်ဘက်ကိုပါ လျှောက်လှမ်းလာပြီ ဖြစ်ပါတယ်။ အဆိုတော်ဘက်က လာတာဖြစ်တာကြောင့် သရုပ်ဆောင်အလုပ်က ခက်ခဲတယ်လို့ နန့်ချစ်နဒီဇော်က ဧရာဝတီကို ပြောပါတယ်။

“နန့်ချစ် သရုပ်ဆောင်အလုပ်ကို သေသေချာချာလေး Focus ထားပြီး လုပ်ဖို့ ရှိပါတယ်။ နန့်ချစ် ရှေ့မှာလည်း သရုပ်ဆောင်ခဲ့ဖူးတယ်။ “ဘယ်ရည်းစားကို အချစ်ဆုံးလဲ” ဇာတ်ကား၊ “ကံ ကံ၏အကျိုး” Canal+လွှင့်တဲ့ “စာမျက်နှာသစ်”ဆိုတဲ့ ကားလေးတွေ ကိုတော့ သရုပ်ဆောင်ဖူးပါတယ်။ အဆိုတော်ဘက်ကလာတာဆိုတော့ သရုပ်ဆောင်အလုပ်ကတော့ ခက်ခဲတယ်။ သီချင်းဆိုတာက ငယ်ငယ်ဆိုနေကျဆိုတော့ အခက်အခဲ မရှိဘူး”

“သရုပ်ဆောင်ပညာ တော်တော်နက်နဲတော့ ပိုပြီးခက်ခဲတယ်ထင်တယ်။ သရုပ်ဆောင်တာက ဒုတိယဝါသနာပါတာ ဆိုတော့ နန့်ချစ်အတွက် အများကြီး ကြိုးစားအားထုတ်မှုတွေ ရှိရတယ်။ သရုပ်ဆောင်က မပြည့်စုံသေးတော့ အများကြီး သင်ယူဖို့ ရှိပါတယ်။ နန့်ချစ် အဆိုတော်ပိုင်းရော သရုပ်ပိုင်းကို ပညာပြည့်အောင် အမြဲဖြည့်တင်းနေမှာပါ။ နန့်ချစ်ကိုယ်တိုင် သရုပ်ဆောင်တာလေးတွေ ကြည့်ရင်တော့ အားမရပါဘူး။ အများကြီး လုပ်ပြချင်ပေမယ့် မလုပ်ပြနိုင်သေးဘူး”လို့ အဆိုတော် နန့်ချစ်နဒီဇော်က ပြောပါတယ်။

ဂီတပိုင်းနဲ့ ပတ်သက်ပြီး အွန်လိုင်းကနေ အသည်းကွဲသီချင်းတွေ တင်ထားတယ်လို့ဆိုပြီး မတ်လမှာ သြင်္ကန်သီချင်းတွေ တင်ပေးဖို့ရှိတယ်လို့လည်း ဆိုပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လို့လည်း နန့်ချစ်နဒီဇော်က အခုလို ဆိုပါတယ်။

“နန့်ချစ် ချစ်သူများနေ့မှာတော့ တယောက်တည်း ဖြတ်သန်းခဲ့တယ်။ ကိုယ့်ကို Crush တဲ့သူတော့ ရှိတာပေါ့။ နန့်ချစ်က ယောကျာ်းပီသတဲ့ သူကို သဘောကျတယ်။ ကိုယ့်ကိုလည်း ချစ်မယ်။ နားလည်မှုလည်း ပေးနိုင်မယ်။ ဂရုလည်းစိုက်မယ့် သူကိုမျိုးကို ပိုသဘောကျပါတယ်။ သူငယ်ချင်းတွေထဲမှာ နွဲ့တဲ့ သူတွေတောင်ရှိတော့ တော်တော်ရွေးချယ်ရမယ်။ အဲထဲမပါအောင် ဆုတောင်းရမှာပေါ့”

“နန့်ချစ် Crush တဲ့ သူတော့ သိပ်မရှိဘူး။ အချစ်ရေးကိုတော့ ဘုရားပြင်ဆင်ပေးချိန်မှာ နံရိုးပိုင်ရှင်ကိုတွေ့ရင် ပိုကောင်းတာပေါ့နော်။ အခုလတ်တလောမှာ သီချင်းရေးမယ်ဆိုရင် တယောက်တည်း အထီးကျန်တဲ့ ခံစားချက်က ပိုများတော့ အသည်းကွဲသီချင်းရေးမယ်”လို့ နန့်ချစ်နဒီဇော်က ပြောပါတယ်။

နန့်ချစ်နဒီဇော်ဟာ ၂၀၁၃ ခုနှစ် အိမ်မက်ဆုံရာ Season 4 မှာ 1 st Runner Up ဆုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ အဆိုအပိုင်းမှာသာမက သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ပထမဦးဆုံးတကိုယ်တော်အခွေ “Surprise” အမည်ရှိ အခွေကို ထွက်ရှိထားပါတယ်။

The post အဆိုဘက်ကလာလို့ သရုပ်ဆောင်ရတာ ခက်ခဲတယ်လို့ ဆိုလာတဲ့ နန့်ချစ်နဒီဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...