Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဝေဖန်ခံခဲ့ရတဲ့ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံအကြောင်း ရှင်းပြတဲ့ ရွှေအိမ်စည်

$
0
0

အလှမယ် လောကထဲ စတင် ဝင်ရောက်လာခဲ့စဉ်ကတည်းက ဝေဖန်မှုများစွာကြောင့် ပရိသတ်တွေရဲ့ အထူး စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ အလှမယ် ရွှေအိမ်စည်ကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ရေကူးဝတ်စုံနဲ့ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံမှာ နောက်ခံ Background က ခရစ်ယာန်ဘုရားကျောင်း ပါဝင်နေတာကြောင့် ဆိုရှယ် မီဒီယာမှာ ပရိသတ်များရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

“ဒီဓာတ်ပုံနဲ့ ပတ်သက်ပြီးတော့ ပြောတော့ ရုတ်တရက်တော့ အိမ်စည် မှားသွားလား မသိဘူးဆိုပြီး ဖြစ်သွားတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး မငြိချင်ဘူး။ သူများဘာသာနဲ့ ပတ်သက်ပြီး ဖြစ်သွားတယ်ဆိုရင် အိမ်စည် အဲဒီလိုမျိုး ရည်ရွယ်တာ မဟုတ်ဘူး”

“ဒါပေမယ့် ဒီရေကူးကန်ကြီးက ဒီမှာရှိနေတာ အိမ်စည် ပထမဆုံး ရိုက်တာ မဟုတ်ဘူး။ သူများတွေလည်း ရိုက်ကြတာ ဆိုတော့ ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ Intention (ရည်ရွယ်ချက်) နဲ့ ဆိုင်ပါတယ်။ အိမ်စည်လည်း မေးကြည့်ပါတယ်။ ဘာမှ မဖြစ်ဘူးလို့ ပြောတဲ့သူကများတော့ အိမ်စည် ရည်ရွယ်ပြီး လုပ်ခဲ့ရင်တော့ ငရဲကြီးမှာပေါ့နော်။ အိမ်စည့်ထိုက်တဲ့ အိမ်စည်ကံလေ”လို့ ရွှေအိမ်စည်က ပြောပါတယ်။

အဆိုပါ ဓာတ်ပုံကိုတော့ Pan Pacific ဟိုတယ်က ရေကူးကန်မှာ ရိုက်ကူးထားတာဖြစ်ပြီး ရေကူးကန်ရဲ့ မျက်နှာချင်းဆိုင်မှာတော့ ခရစ်ယာန်ဘုရားကျောင်း ရှိနေတဲ့အတွက် ဓာတ်ပုံထဲမှာ ပါဝင်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အိမ်စည့် အနေနဲ့ကတော့ အနေအထိုင် အသွားအလာကို ဂရုစိုက်ပါတယ်။ ဘယ်လိုဖြစ်လာလဲ ဆိုတော့လေ ကိုယ်ဘာလုပ်လုပ် ပြောမှာပဲ၊ ဆိုမှာပဲ ဆိုတဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ဓာတ်ကပဲ အရေးကြီးတယ်။ ကောင်းတာလုပ်လည်း အဆဲခံရမှာပဲ။ အခုခေတ်က ဘုရားသွားလည်း အဆဲခံရတဲ့ခေတ်လေ။ မလွတ်ပါဘူး။” လို့ ရွှေအိမ်စည်က ပြောပါတယ်။

ရွှေအိမ်စည်ကတော့ အလုပ်ပင်ပန်းနေတာကြောင့် ရေသွားစိမ်ရင်း ရိုက်ဖြစ်ခဲ့တာဖြစ်ပြီး ဓာတ်ပုံက အသက်ဝင်ပြီးတော့ လှသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

“ဘယ်လို ရိုက်ဖြစ်ခဲ့တာလဲ ဆိုတော့ ဒီတိုင်းပဲ ပင်ပန်းနေတော့ ရေသွားစိမ်မယ်ဆိုပြီး သွားလိုက်တာ။ အဲဒီနေရာကလည်း စောင်းစောင်းလေးဖြစ်နေတော့ တချို့တွေဆို မတ်တပ်တွေ ဘာတွေ ရပ်ပြီးတော့တောင် ရိုက်သေးတယ်။ ခဏလောက်ပဲ ရိုက်ထားတာ”လို့ ရွှေအိမ်စည်က ပြောပါတယ်။

ရွှေအိမ်စည်ကတော့ အလှမယ်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ပြီး ဂယက်များစွာ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာတော့ ပြိုင်ပွဲတွေ ထပ်ပြိုင်တော့မှာ မဟုတ်ဘဲ ယခုနောက်ပိုင်း ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးလာတာ တွေ့ရပါတယ်။
မကြာခင်မှာလည်း သူမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ကြိုးဖုန်း”ရုပ်ရှင်ကားကြီး ရုံတင်ပြသတော့မှာလို့ သိရပါတယ်။

“ကြိုးဖုန်းက အိမ်စည့်ရဲ့ ပထမဆုံး ရုပ်ရှင်ကား။ အိမ်စည့် ပုံစံအတိုင်းပဲ မြင်ရမှာပါ။ စကားပြောတဲ့ အခန်းလည်း သိပ်မပါဘူး။ ခပ်တန်းတန်းနေတဲ့ မိန်းမတယောက်၊ မော်ဒယ် တယောက်ပေါ့။ အပြင်နဲ့ သိပ်မကွာပါဘူး။ ရုပ်ရှင်အနေနဲ့ မြင်ရတာပေါ့”လို့ ရွှေအိမ်စည်က ပြောပါတယ်။

ရွှေအိမ်စည်ကတော့ လက်ရှိမှာလည်း အလှမယ်ပြိုင်ပွဲမှ သရဖူအသိမ်းခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ဖြင့် အပြန်အလှန် တရားစွဲဆိုမှုများကို တရားရင်ဆိုင်လျက် ရှိပါတယ်။

ဆက်စပ် သတင်းလင့်ခ်

အလှမယ် ရွှေအိမ်စည်နဲ့ ဒေါ်စိုးယုဝေတို့ရဲ့ တတိယအကြိမ် အမှုရုံးချိန်း အခြေအနေ

The post ဝေဖန်ခံခဲ့ရတဲ့ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံအကြောင်း ရှင်းပြတဲ့ ရွှေအိမ်စည် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...