Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိုဂျူဆာ တယောက်အနေနဲ့ ညီမဖြစ်သူကို ပံ့ပိုးပေးမယ့် နေခြည်ဦး

$
0
0

ချီချီဆိုပြီး မိန်းကလေးတော်တော်များရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ နေခြည်ဦးကတော့ ချစ်စရာကောင်းပြီး ချောမောလှပတဲ့ ညီမဖြစ်သူကို ပိုင်ဆိုင်ထားပြီး ညီမဖြစ်သူက အနုပညာအလုပ်ကို ဝါသနာပါတဲ့အတွက် ပရိုဂျူဆာတယောက်အနေနဲ့ ရုပ်ရှင်တွေ ထုတ်ရိုက်ပေးသွားဖို့ရှိတယ်လို့ နေခြည်ဦးက ပြောပါတယ်။

“ပရိုဂျူဆာအနေနဲ့ ညီမလေး မင်းသမီး စလုပ်ရင် တွေ့ရမှာပါ။ ညီမလေးက အခု ၉ တန်းဖြေပြီး ၁၀ တန်းတက်မယ်ဆိုတော့ ဒါပြီးရင်တော့ နေခြည့် ညီမလေးကို ပွဲထုတ်ချင်ပါတယ်။ အခုကတော့ ကလေးလည်းဖြစ်နေတော့ ဖုန်းသုံးတာကအစ တောက်လျှောက် လိုက်ကြည့်နေရတယ်။ ၁၀ တန်းပြီးလို့ မင်းသမီးလုပ်ချင်တဲ့ ဆန္ဒရှိနေသေးရင်တော့ ထုတ်လုပ်ရေးတခု လုပ်ပြီးတော့ ရိုက်ပေးချင်ပါတယ်” လို့ နေခြည်ဦးက ပြောပါတယ်။

အထက်တန်းကျောင်းသူ အရွယ်သာ ရှိသေးတဲ့ ညီမဖြစ်သူကတော့ ငယ်စဉ်ကတည်းက အနုပညာအလုပ်များကို လုပ်ကိုင်လျက်ရှိပြီး နေခြည်ဦးကို မကြိုက်ကြသူများကတောင် သူမရဲ့ ညီမလေးကို ချစ်ခင်ကြတာ တွေ့မြင်ရပါတယ်။

“ညီမလေးက နေခြည်နဲ့ မတူဘူး။ အရမ်းသွက်တယ်။ သူ့ဘာသာသူ နေတယ်။ သူ့သူငယ်ချင်းတွေနဲ့ သူနေတယ်။ ချေချေလေး ဖြစ်နေတယ်။ အဲဒါ သူ့ရဲ့ပုံစံပေါ့။ သူ့ကို ဘာလုပ်ချင်လဲ လို့မေးတော့ မင်းသမီးဖြစ်ချင်တယ်လို့ ပြောတယ်။ သူ့အတွက် ကိုယ်က Supporter တယောက်ဖြစ်မယ်လို့ ယုံကြည်တယ်။ ကိုယ်လည်း ဒီလုပ်ငန်းထဲ ဝင်လာပြီဆိုတော့ ကိုယ့်အနေနဲ့တော့ ထုတ်ရိုက်ဖို့ မရှိပါဘူး။ ကိုယ့်ညီမလေးကို ဦးဆောင်ပေးနိုင်မယ်လို့ ယုံကြည်တော့ သူမင်းသမီးလုပ်ရင်တော့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ” လို့ နေခြည်ဦးကပြောပါတယ်။

Beauty Blogger တယောက်အနေနဲ့ စတင်ခဲ့ပေမယ့် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးလာနေပြီဖြစ်တဲ့ နေခြည်ဦးကတော့ သူမ ကိုယ်တိုင်တော့ ရုပ်ရှင်ဇာတ်ကားများကို ထုတ်ရိုက်မှာ မဟုတ်ဘဲ ညီမလေးအတွက်သာ ပံ့ပိုးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

နေခြည်ဦးတို့ မိသားစု (ဓာတ်ပုံ – Nay Chi Oo’s Facebook)

မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ သူမရဲ့ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ရန်သူ” ဇာတ်ကားဟာလည်း ယခုနှစ်အတွက် အကယ်ဒမီ ဆန်ခါတင်စာရင်းဝင် ရုပ်ရှင်တကားလည်းဖြစ်ခဲ့ပါတယ်။ ထပ်မံပြီး နေခြည်ဦးရိုက်ချင်တဲ့ ဇာတ်ရုပ်များနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ပြောပြခဲ့ပါတယ်။

“နေခြည်ကလေ ရုပ်ရှင်တကားကြည့်ပြီးရင် ငါဆိုရင်ရော ဘယ်လို သရုပ်ဆောင်လို့ရမလဲဆိုတာကို အမြဲတမ်းတွေးတယ်။ နေခြည်ရိုက်ချင်တာက လူငယ်ကားလေးတွေ ပိုဆန်တယ်။ နေခြည်ကလည်း လူငယ်ဖြစ်တဲ့အတွက် လူငယ်ဆန်တဲ့ ရုပ်ရှင်ကားတွေဆို ပိုစိတ်ဝင်စားတယ်။ နေခြည်သာ ပရိုဂျူဆာလုပ်ရင် ကိုယ့်ရဲ့ဇာတ်လမ်းလေးကို ပြသခွင့်ရရင် လူငယ်တွေကြားထဲကဖြစ်နေတဲ့ ချစ်ခြင်းမေတ္တာတွေ၊ ဗန်းစကားတွေ ၊ ပြောပုံ ဆိုပုံတွေကို အများကြီး ချပြချင်တယ်” လို့ နေခြည်ဦးက ပြောပါတယ်။

မကြာခင်လပိုင်းအတွင်းမှာလည်း ရုပ်ရှင်ဇာတ်ကား ၃ ကား ရိုက်ကူးဖို့အတွက် လက်ခံထားပြီး သူ သရုပ်မဆောင်ဖူးသေးတဲ့ သရုပ်ဆောင်များနဲ့ လက်တွဲသွားဖို့ရှိတယ်လို့ သိရပါတယ်။

“ဇာတ်ကားတွေကတော့ မေ၊ ဇွန်လလောက်ထိ ၃ ကားလောက်တော့ ပြောထားတယ်။ သေတော့ မသေချာသေးဘူး။ ဒါပေမယ့် ကမ်းလှမ်းလာတဲ့ ဇာတ်ကားတိုင်းက ကိုယ်တိုင်ကြည့်ချင်တဲ့ ကားမျိုးတွေ ဖြစ်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ သရုပ်ဆောင်တွေကလည်း နေခြည်နဲ့ သရုပ်မဆောင်ဖူးသေးတဲ့ သရုပ်ဆောင်တွေနဲ့ လက်တွဲပြီး သရုပ်ဆောင်မှာဖြစ်တဲ့အတွက် တော်တော်လေးတော့ အနုပညာပိုင်းမှာ ချပြနိုင်ဦးမယ်ထင်ပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

The post ပရိုဂျူဆာ တယောက်အနေနဲ့ ညီမဖြစ်သူကို ပံ့ပိုးပေးမယ့် နေခြည်ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...