Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Alita: Battle Angel”ရုပ်ရှင်

$
0
0

“Alita: Battle Angel” ရုပ်ရှင်ဟာ အခုသီတင်းပတ်ရဲ့ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပေမယ့် ကုန်ကျစရိတ် တော်တော်လေး များခဲ့တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် အခုရရှိခဲ့တဲ့ ရုံဝင်ငွေ ပမာဏဟာ ပြောပလောက်အောင် မရှိဘူးလို့ ဆိုရမှာပါ။

Box Office Mojo မီဒီယာရဲ့ အဆိုအရ ဆိုင်ဘော့ စက်ရုပ်လေးက သူ့ရဲ့ Identity ကို ပြန်လည် ရှာဖွေမယ့်အကြောင်း ဒါရိုက်တာ Robert Rodriguez ရိုက်ကူးခဲ့တဲ့ အဲဒီ ရုပ်ရှင်ဟာ မြောက်အမေရိက ရုံဝင်ငွေစာရင်း အဖွင့်သီတင်းပတ်မှာပဲ ဒေါ်လာ ၃၆ ဒဿမ ၅ သန်း ရရှိခဲ့ပါတယ်။ ရိုက်ကူး ကုန်ကျစရိတ်ကတော့ ဒေါ်လာ သန်း ၂၀၀ ရှိပါတယ်။

CGI အထူးပြုလုပ်ချက်တွေနဲ့ မြင်တွေ့ရမယ့် “Alita” ရုပ်ရှင်ကို Titanic နဲ့ Avatar လိုမျိုး ကမ္ဘာကျော် ရုပ်ရှင်တွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကြီး James Cameron က ဂျပန်ကာတွန်းတခုကို အခြေခံပြီး ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ကုန်ကျစရိတ်သန်း ၂၀၀ ထဲမှာ သန်း ၁၇၀ က အသားတင် ကုန်ကျစရိတ်ဖြစ်ပြီး နောက်ထပ် ဒေါ်လာ ၁၀ သန်းကျော် ကျော်က မာကတ်တင်းစရိတ် ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ် အခုလိုသီတင်းပတ်မှာပဲ ပြသခဲ့တဲ့ “Black Panther” ရုပ်ရှင်နဲ့ ယှဉ်ရင် ရုံဝင်ငွေ သိသိသာသာ လျော့နည်းရရှိခဲ့တာကို တွေ့ရပါတယ်။ “Black Panther” ရုပ်ရှင်ဟာ အဖွင့်သီတင်းပတ်ကုန်ပိုင်းမှာပဲ ဒေါ်လာ ၂၄၂ သန်း ရရှိခဲ့တာဖြစ်ပါတယ်။

အခုသီတင်းပတ်ရဲ့ ဒုတိယနေရာမှာရှိနေတာက “Lego Movie 2: The Second Part” ရုပ်ရှင်ဖြစ်ပြီး ဒုတိယမြောက်ရုံတင် ကာလမှာ ဒေါ်လာ ၂၇ သန်းရရှိခဲ့ပါတယ်။ စုစုပေါင်း ဒေါ်လာ ၆၂ ဒဿမ ၇ သန်းရရှိခဲ့ပြီး ဖြစ်ပါတယ်။

မင်းသမီး Rebel Wilson နဲ့ မင်းသား Chris Hemsworth တို့ပါဝင်ထားတဲ့ အချစ်ဟာသဇာတ်မြူး “Isn’t It Romantic” ရုပ်ရှင်ဟာ အဖွင့်ဝင်ငွေ ဒေါ်လာ ၁၆ သန်းနဲ့ တတိယနေရာမှာရှိနေပါတယ်။ “What Men Want” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၀ ဒဿမ ၉ သန်းနဲ့ စတုတ္ထနေရာမှာရှိနေပြီး ပဉ္စမနေရာမှာတော့ “Happy Death Day 2U” ရုပ်ရှင်က ဝင်ငွေဒေါ်လာ ၉ ဒဿမ ၈ သန်းနဲ့ ရပ်တည်နေပါတယ်။

Ref: etcanada

The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးရောက်နေတဲ့ “Alita: Battle Angel” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...