Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကိုရီးယားမှာ ဒုတိယ လူကြည့်အများဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Extreme Job” ရုပ်ရှင်

$
0
0

“Extreme Job” ရုပ်ရှင်ဟာ အောင်မြင်မှု မှတ်တိုင်တခုကို စိုက်ထူနိုင်လိုက်ပြီ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကိုရီးယားရုပ်ရှင်ကောင်စီကနေ ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေအရ “Extreme Job” ရုပ်ရှင်ဟာ ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ရှိခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ကြည့်ရှုသူ ၉ သိန်း ၄ သောင်း ကျော်ခဲ့ပြီး ကိုရီးယားရုံဝင်ငွေ စာရင်းမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်ခဲ့ပါတယ်။

အဲဒီလို လူကြည့်နှုန်း မြင့်တဲ့အပြင် ဝင်ငွေများခဲ့ရုံသာမက ကိုရီးယားမှာ ဒုတိယမြောက် လူကြည့်အများဆုံး ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ အခုအချိန်အထိ ကြည့်ရှုပြီးသူဟာ ၁၄ သန်း ၅ သိန်းကျော် ရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ကြည့်ရှုပြီးသူ ၁၄ သန်းရောက်ခဲ့ပြီးတဲ့နောက် စတုတ္ထမြောက်လူကြည့် အများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပြီး အခုတော့ “Ode to My Father” နဲ့ “Along with the Gods: The Two Worlds” ရုပ်ရှင်တို့ကို ကျော်တက်ပြီး ဒုတိယမြောက်နေရာအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အခုလောလောဆယ်အထိတော့ ကြည့်ရှုတဲ့ပရိသတ်ဦးရေ ၁၇ ဒဿမ ၆၁ သန်းရှိခဲ့တဲ့ “The Admiral: Roaring Currents” ရုပ်ရှင်က လူကြည့်အများဆုံးအနေနဲ့ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

“Extreme Job” ရုပ်ရှင်ဟာ အဖွဲ့ဖျက်သိမ်းခံရနီးတဲ့ မူးယစ်စုံစမ်းရေးအဖွဲ့တခုက စစ်ဆင်ရေး လုပ်ဖို့အတွက် ကြက်ကြော်ဆိုင်ဖွင့်ခဲ့ကြတဲ့အကြောင်းနဲ့ အဲဒီ့ကြက်ကြော်ဆိုင်က နာမည်ကြီးခဲ့ရတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

သရုပ်ဆောင်တွေအဖြစ် Ryu Seung Ryong, Honey Lee, Jin Seon Kyu, Lee Dong Hwi နဲ့ Gong Myung တု့ိက ပါဝင်ထားကြတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာပဲ အဲဒီ ရုပ်ရှင်ဟာ ပြသခဲ့တဲ့ ရက်ပေါင်း ၁၉ ရက်အတွင်း ဝင်ငွေအများဆုံး ကိုရီးယား ဟာသဇာတ်မြူး ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ကိုရီးယားမှာ လူကြည့်အများဆုံ းရုပ်ရှင်စာရင်းမှာ နံပါတ် ၈ နေရာကနေ ရှိနေခဲ့တာပါ။

Ref : soompi

The post ကိုရီးယားမှာ ဒုတိယ လူကြည့်အများဆုံး ရုပ်ရှင်ဖြစ်လာတဲ့ “Extreme Job” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...