Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကလေးမွေးပြီး ခန္ဓာကိုယ်ဝလာတယ် အပြောခံရလို့ စိတ်မကောင်းဖြစ်နေတဲ့ ချောရတနာ

$
0
0

အနုပညာလောကနဲ့ ကင်းကွာနေတဲ့ သရုပ်ဆောင် ချောရတနာက သားသမီ းနှစ်ယောက် မွေးဖွားပြီး ခန္ဓာကိုယ်ဝလာတယ်လို့ အပြောခံနေရတာကြောင့် စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဝတယ်လို့ အပြောခံရတာပေါ့။ ဒုတိယကိုယ်ဝန်မှာ ချောက ပေါင် ၁၈၀ တောင် ကျော်တော့။ အရပ်ကလည်းရှည်ရှည် လူကြီးက ဝဝ။ ကိုယ်ဟာကိုယ်တောင် မှန်မကြည့်ရဲဘူး။ အမလေး ချောရတနာ ဝလာလိုက်တာ။ ကြည့်ပါဦး ဝတုတ်နေတာပဲ အဲဒီလိုလေးတွေ အပြောခံရတာပေါ့။ ဒါပေမယ့် ကိုယ်လည်း တကယ်ဝနေတာပဲ ဘယ်တတ်နိုင်မလဲလေ။ ဝတော့လည်း ဝပေါ့။ သူတို့ပြောတာလည်း မှန်နေတာပဲ”

“ဒါပေမယ့် ကိုယ်က ဝိတ်လျှော့နေတဲ့ကြားက ဝနေတယ်ဆိုတာ ဆက်တိုက် အပြောခံနေရတဲ့အခါကျတော့ နည်းနည်းလေးတော့လည်း စိတ်မကောင်းဖြစ်တာပေါ့။ အဲဒါကြောင့် ဝတဲ့သူတွေ အကုန်လုံးကို ကိုယ်ချင်းစာပါလို့။ မပြောကြပါနဲ့ပေါ့နော်။ ဝတဲ့အတွက်ကြောင့် နေရထိုင်ရတာ လှတာ မလှတာထက် ကိုယ်နေရ ထိုင်ရတာ လေးသွားတယ်။ ကျန်းမာရေးနဲ့လည်း မညီညွှတ်ဘူးလို့ ခံစားရတယ်။ ဝတဲ့ သူတွေ အားမလျာ့ပါနဲ့ ချောလည်း အခုထိကြိုးစားနေဆဲပါ”

“စိတ်ဓာတ်ကျတာတွေလည်း ရှိတယ်။ အခုတော့ သေချာ စနစ်တကျ အစားအသောက်ကို စားတယ်။ အခုတော့ နည်းနည်းကျလာတယ်”လို့ ချောရတနာ ကပြောပါတယ်။

ကလေးတွေ တဖက်ကြောင့် အနုပညာကို စွန့်လွှတ်ရမယ့် အထိလောက် ဖြစ်လာတဲ့ ချောရတနာက အနုပညာကို မစွန့်လွှတ်နိုင်သေးပါဘူးလို့ ဆိုပါတယ်။

“သားလေးက ၅ နှစ် ပြည့်တော့မယ်။ သမီးလေးက ၁ နှစ် ပြည့်တော့မယ်။ ချောက အနုပညာကို စွန့်လွှတ်ရမယ့်အထိလောက် ဖြစ်လာတယ်။ ဒါပေမယ့် ကိုယ်က မစွန့်လွှတ်နိုင်ပါဘူး။ အခုချိန်မှာ ကလေးတွေ ငယ်သေးတယ်။ ကလေးတွေကို စိတ်ပူတတ်တယ်။ အဲ့အတွက် တခါ တခါ အပြင်ထွက်ဖို့တောင် မနည်းစဉ်းစားရတယ်”

“ချော အနုပညာအလုပ်တွေ လျော့သလို ဖြစ်သွားတယ်။ ဒီတခါတလေ လာကမ်းလှမ်းတာတွေလည်း ရှိပေမယ့် အချိန်နည်းနည်းပေးရမှသာ ရိုက်ဖြစ်ပါတယ်။ သားလေးက အရမ်းလူတွေကို ချစ်တယ်။ အဖော် မင်တယ်။ သမီးက သူ့အစ်ကို အပြင်သွားရင် ဆူပုတ်နေတာ။ သားသား သွက်တာက တမျိုး၊ သမီး သွက်တာက တမျိုး၊ သားသားက သူ့ညီမကို ညှာတယ်။ မိုးလင်းရင် သူ့ညီမလေးကို တွေ့ရမှ။ သားနဲ့ သမီးကို ဘာသာတရားကိုင်းရှိုင်းပြီး ပညာတတ် ဖြစ်စေချင်တယ်။ နောက်ထပ် ကလေးယူဖို့တော့ မရှိပါဘူး” လို့ ချောရတနာက ပြောပါတယ်။

ချောရတနာမှာတော့ သား တယောက်၊ သမီး တယောက် ရှိပြီး ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင် မကျခင်အထိပါ။ ချောရတနာဟာ ၂၀၁၅ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ “ဥ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု”ကို ရရှိခဲ့ပါတယ်။

The post ကလေးမွေးပြီး ခန္ဓာကိုယ်ဝလာတယ် အပြောခံရလို့ စိတ်မကောင်းဖြစ်နေတဲ့ ချောရတနာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...