Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိမ်ထောင်သက် နှစ်၂၀ ပြည့်သွားတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ

$
0
0

အိမ်ထောင်သက် နှစ် ၂၀ ပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံကိုတော့ လူအများကအားကျကြရပြီး ချစ်သူများနေ့မှာလည်း သူတို့ နှစ်ယောက်ကြားက အမှတ်တရဖြစ်တဲ့ နေကြာပန်း အပွင့် ၁၄၀ နဲ့ Surprise ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“သူက Surprise လုပ်ထားတယ် ဆိုတာကို မသိရဘူး။ သူ့မျက်နှာက မသိရဘူး။ အဲဒီနေ့က လေယာဉ်ပေါ်က ဆင်းလာတော့လည်း အေးအေးဆေးဆေးပဲ ဖုန်းလည်း သုံးမနေဘူး။ အဲဒီအချိန်တုန်းက အစ်မကလည်း အရမ်းပင်ပန်းနေပြီ။ ရန်ကုန်ရော မန္တလေးရော ပရိုမိုးရှင်းတွေ လုပ်ထားတာဆိုတော့ အိမ်ပြန်ပြီးအိပ်မယ်ဆိုပြီး မထင်မှတ်ထားတော့ ပျော်ရတယ်။ ငိုရတယ်။ မျက်ရည်က အရမ်းလွယ်တော့ တချိန်လုံး ငိုနေတာ”လို့ စမိုင်းလ်က ပြောပါတယ်။

နေကြာပန်းနဲ့ သူတို့ နှစ်ယောက်ကြားက အမှတ်တရများကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“အစ်ကိုကို့ အဖြေစပေးတဲ့ လွန်ခဲ့တဲ့ နှစ်၂၀ က နေကြာပန်းက အခုလို မပေါဘူး။ ရှားတယ်။ တမင်တကာသူ့ကို ခက်ခက်ခဲခဲ ပန်းပေးရအောင် စလိုက်တာကနေ အစ်မတို့ နှစ်ယောက်ကြားထဲမှာ အမှတ်တရဖြစ်သွားအောင် နှစ်တိုင်း နေကြာပန်း ပေးဖြစ်တာပေါ့နော်။ ဒီနှစ်ကတော့ အနှစ် ၂၀ဆိုတော့ ထူးထူးခြားခြားလုပ်လိုက်တာပေါ့နော်”လို့ စမိုင်းလ်က ပြောပါတယ်။

စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ ဒီနှစ်မှာ မင်္ဂလာသက်တမ်းနှစ် ၂၀ ပြည့်သွားပြီဖြစ်ပြီး သူမရဲ့အမျိုးသားကတော့ ယခုနောက်ပိုင်းမှာ အရမ်းကို ရိုမန့်တစ်ဖြစ်လာတာလို့ ဆိုပါတယ်။

စမိုင်းလ်ကတော့ အနုပညာလောကနဲ့ ၁၅ နှစ်တာ ဝေးကွာနေခဲ့ပြီးနောက်မှာတော့ သူမ ခန္ဓာကိုယ် ဝခဲ့စဉ်က အတွေ့အကြုံများကို ပြန်လည်မျှဝေထားတဲ့ “Sharing is Caring” ဆိုတဲ့ စာအုပ်ကို ထုတ်ဝေထားပါတယ်။

“အပွင့်လင်းဆုံးပြောရရင် စာဖတ်အားလည်း အရမ်းနည်းသွားတဲ့ခေတ်၊ အစ်မစ ာအုပ်က ၁သောင်းလည်း ၁
သောင်း ဆိုတော့ အဲဒီလောက်ကြီးလည်း အောင်မြင်မယ်လို့မထင်ဘူး။ ပရိသတ်ကလည်း အစ်မ အနုပညာမလုပ်တာ ၁၅ နှစ်ကျော်နေပြီးမှ ပြန်လုပ်တဲ့အခါကျတော့ ငါ့ကိုသိပါ့မလား။ အခုခေတ် ကလေးတွေ နားလည်ပါ့မလား။ ပြောချင်တဲ့ Message ကို နားလည်ပါ့မလားဆိုပြီး စိတ်ပူနေတဲ့အချိန်မှာ လိုတာထပ်ပိုပြီးတော့ အားပေးတာကိုတွေ့ရတယ်။ အခုခေတ်လူငယ်တွေထဲက ပိန်ချင်တဲ့ သူတွေကအစ သိလာတယ်။ ကိုယ်ပေးဆပ်ရတာ ပေးဆပ်ရကျိုးနပ်တယ် လို့ထင်တယ်။ အရမ်းကျေနပ်မိပါတယ်” လို့ စမိုင်းလ်က ပြောပါတယ်။

အဆိုပါစာအုပ်ကိုတော့ ငွေကျပ် ၁ သောင်းခန့်နဲ့ ရောင်းချနေတာဖြစ်ပြီး မထင်မှတ်ထားဘဲ ရောင်းအားကောင်းလျက် ရှိတယ်လို့ သိရပါတယ်။

“ကွာလတီ အရမ်းကောင်းအောင် လုပ်လိုက်တဲ့အခါကျတော့ ကုန်ကျစရိတ်က အရမ်းများသွားတယ်။ အရင်းကိုက များသွားတော့ Pre Order တုန်းကဆို ၅ ထောင်နဲ့ ရောင်းပေးလိုက်တယ်။ ၁ ထောင်ရှုံးပြီး ရောင်းပေးလိုက်တယ်”လို့ စမိုင်းလ်က ပြောပါတယ်။

စမိုင်းလ်ကတော့ ချစ်စရာ ကောင်းတဲ့သမီး နှစ်ယောက်နဲ့အတူ ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ထားပြီး ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်များ ပြန်လည်လုပ်ကိုင်တော့မယ်လို့ သိရပါတယ်။

The post အိမ်ထောင်သက် နှစ်၂၀ ပြည့်သွားတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...