“Line Walker-2” (Operation Midnight Shadow) လို့ အမည်ရတဲ့ ရုပ်ရှင်ကို ရန်ကုန်မြို့မှာ လက်ရှိ လာရောက် ရိုက်ကူးနေပါတယ်။ ဟောင်ကောင်မှာ အခြေစိုက်တဲ့ TVB ရုပ်သံလိုင်းကနေ ၂၀၁၇ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး Line Walker ဆိုတဲ့ ၂၀၁၄ ခုနှစ်တုန်းက ပြသခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့ ရှေ့ပြေးဇာတ်လမ်း ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအဖြစ် Michael Miu, Benz Hui, Moses Chan, Jessica Hsuan, Benjamin Yuen, Chau Pak-ho, Priscilla Wong နဲ့ Alice Chan တို့ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
၂၀၁၀ ပြည့်နှစ်မှာ ဇာတ်အိမ်တည်ထားပြီး ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့မှ မူးယစ်စစ်ဆင်ရေး တခုကိုလာရောက် လုပ်ဆောင်တဲ့ ဟောင်ကောင် အေးဂျင့်တဦးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဘန်ကောက်မှာ ပြုလုပ်တဲ့ စစ်ဆင်ရေးဟာ အောင်မြင်ခဲ့ပေမယ့် မမျှော်လင့်ဘဲ လုပ်ဖော်ကိုင်ဖက်တွေ ဆုံးရှုံးခဲ့ရပြီး ဟောင်ကောင်မှာ ရှိတဲ့ မှုခင်းထောက်လှမ်းရေး ဗျူရိုက သူငယ်ချင်း ထောက်လှမ်းရေးမှူးလည်း အသတ်ခံခဲ့ရပါတယ်။

အဲဒီတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်း သေဆုံးမှု အကြောင်းအရင်းကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးပမ်းရာကနေ ရဲတပ်ဖွဲ့ အတွင်းမှာ ရှိနေတဲ့ အရာရှိတွေအကြားမှာ ရှိနေတဲ့ အကျင့်ပျက် ခြစားမှုတွေကိုပါ ဖော်ထုတ်ခဲ့တဲ့ အကြောင်းကို တွေ့ရမှာပါ။
ဒီဇာတ်လမ်းတွဲကိုရိုက်ကူး ထုတ်လုပ်တဲ့ TVB ရုပ်သံလိုင်းဆိုတာကတော့ ဟောင်ကောင်မှာ အခြေစိုက်တဲ့ ကုမ္ပဏီဖြစ်ပြိး အခမဲ့ ရုပ်သံလိုင်း ၅ လိုင်းကို ထုတ်လွှင့်ပေးနေပါတယ်။ Line Walker 2 လိုမျိုး ဇာတ်လမ်းတွဲတွေကြောင့် TVB ရုပ်သံလိုင်းက နာမည်ကျော်ကြားသလို Miss Hong Kong နဲ့ Miss Chinese International အလှမယ် ရွေးချယ်ပွဲ အစီအစဉ်တွေကိုလည်း ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ဟောင်ကောင်မှာတော့ ကြည့်ရှုသူ ပရိသတ်တွေအပေါ် အလွှမ်းမိုးနိုင်ဆုံး ရုပ်သံလိုင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ ရိုက်ကူးနေတဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ ရွှေတိဂုံဘုရား၊ YMCA ခန်းမတို့မှာလည်း ရိုက်ကူးခဲ့ပါတယ်။ ရုပ်ရှင်ချစ်ပရိသတ်များကို ပိုမိုဆွဲဆောင်နိုင်ဖို့ သာကေတမြို့နယ်မှာရှိတဲ့ တိုင်းရင်းသား ကျေးရွာမှာလည်း သွားရောက်ရိုက်ကူးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ ဟောင်ကောင်မှာ အကြီးမားဆုံးဖြစ်တဲ့ “Shaw Brothers Pictures International Ltd” ကနေ တာဝန်ယူ ရိုက်ကူးပေးနေတာလည်း ဖြစ်ပါတယ်။
Ref : Wiki
The post ရန်ကုန်မြို့မှာ လာရောက် ရိုက်ကူးနေတဲ့ “Line Walker 2” ရုပ်ရှင် အကြောင်း appeared first on ဧရာဝတီ.