Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ရန်ရန်ချန်း ဒိုင်လုပ်တာ မျှတတယ်”လို့ အဆိုတော် အနဂ္ဂ ပြော

$
0
0

သူငယ်ချင်းဖြစ်တဲ့ အဆိုတော် ရန်ရန်ချန်းဟာ The Voice Myanmar မှာ ဒိုင်လုပ်တာ မျှမျှတတ ရှိတယ်လို့ အနဂ္ဂက ပြောပါတယ်။

“ရန်ချန်းကို အဖွဲ့သီချင်းလုပ်ဖို့ အတွက် ဘေးနားကနေ ပြောနေရတယ်။ Dj အနေနဲ့ တီးခတ်ဖြစ်နေတယ်။ Dj အနေနဲ့ ရပ်တည်သင့်တဲ့နေရာမှာ အမြဲရပ်တည်မှာပါ။ ကျနော်ဝါသနာပါတဲ့ ဂီတအမျိုးအစားလမ်းကြောင်းပေါ်က ရပ်တည်မှာပါ”

“ဒိုင်အနေနဲ့ Hip Hop ပွဲတွေမှာ ဒိုင်လုပ်ခဲ့ပါတယ်။ ရန်ချန်းက ဒိုင်လုပ်တာ မျှမျှတတနဲ့ ဖြေပေးတာက ပိုတွေ့ရတယ်။ ကျနော်သာ ပြိုင်ပွဲဝင်တယောက် ဖြစ်မယ်ဆိုရင် ဒိုင်တယောက်ရဲ့ မစာနာပြောလိုက်တာ စိတ်အနာတရ ဖြစ်နိုင်တယ်။ ရန်ချန်းနဲ့တွေ့ရင် စိတ်အနာတရ ဖြစ်ဖို့ နည်းပါလိမ့်မယ်”လို့ အနဂ္ဂက ပြောပါတယ်။

Acid အဖွဲ့ အမှတ်တရ အင်္ကျီလုပ်ဖြစ်ပြီး ဒီလို လုပ်ဖြစ်တာက ဝါသနာရယ် အမှတ်တရတွေရယ်ကို အင်္ကျီပေါ်တင်လိုက်တဲ့ သဘောပါလို့ ရန်ရန်ချန်းက ဆိုပါတယ်။

“အင်္ကျီလေးလုပ်ဖြစ်တာက Acidအဖွဲ့က မြန်မာနိုင်ငံက Hip Hop ကို စတင်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ အမှတ်တရ ဖြစ်အောင် လုပ်ဖြစ်တာပါ။ စလုပ်ကတည်းက အခုချိန်ထိ စီးပွားရေးအနေနဲ့ လုပ်တာတော့ မဟုတ်ပါဘူး။ ရန်ချန်းနဲ့ကတော့ အမြဲသီချင်းကိစ္စတွေ တိုင်ပင်ဖြစ်တယ်။ အင်္ကျီကိစ္စတွေလည်း တိုင်ပင်ဖြစ်ကြတယ်”လို့ အနဂ္ဂ ကပြောပါတယ်။

အဆိုတော် ရန်ရန်ချန်းက အင်္ကျီ အမှတ်တရနဲ့ ပတ်သက်လို့ အခုလို ဆိုပါတယ်။

“သီချင်းတွေ လုပ်ချင်ပေမယ့် အလုပ်တွေကြောင့် မအားတာကြောင့်ပါ။ အင်္ကျီလေး လုပ်ဖြစ်တာက ဝါသနာရယ် အမှတ်တရတွေရယ်ကို အင်္ကျီပေါ်တင်လိုက်တဲ့ သဘောပါ။ ဒီဇိုင်းတွေကိုတော့ အားလုံးတိုင်ပင်ပြီးမှ လုပ်ကြတာပါ။ အားလုံးခွင့်ပြုတဲ့ ဒီဇိုင်းဆိုရင် အင်္ကျီပေါ် ကောက်တင်လိုက်တယ်။ Acid အနေနဲ့ အချစ်သီချင်းတပုဒ် လုပ်ဖို့ ရှိတယ်။ အရင်တုန်းကတော့ ဟိန်းဇော်တို့နဲ့ ဆိုခဲ့ဖူးတယ်။ အခု ဇေယျာသော်က သူ့စာသားနဲ့ သူ ဝင်ဆိုမယ်”လို့ ရန်ရန်ချန်းက ပြောပါတယ်။

ACID အဖွဲ့ဟာ ၁၉၉၉ ခုနှစ်က “စတင်ခြင်း” အခွေကို ထွက်ရှိခဲ့တာ ဖြစ်ပြီး အဲ့ဒီအခွေနဲ့ စတင်အောင်မြင်ခဲ့ ရာကလူငယ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ Acidic acid (ဟိန်းဇော်), Black acid (ရန်ရန်ချန်း), Smoke acid (အနဂ္ဂ), Nitric acid (ဇေယျာသော်) ဆိုပြီး နာမည်တွေ ပေးခဲ့ကြတာကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါသေးတယ်။

Acid အဖွဲ့ဟာ အဖွဲ့ဝင် ၄ ယောက်နဲ့ စတင်ခဲ့တာဖြစ်ပေမယ့် ဟိန်းဇော်ကတော့ ကွယ်လွန်သွားခဲ့ပါပြီ။ အခုဆိုရင် ACID အဖွဲ့ဟာ အဖွဲ့ဝင် ၃ ယောက်နဲ့ ပရိသတ်တွေအတွက် အသစ်အသစ်တွေ ခံစားနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

The post “ရန်ရန်ချန်း ဒိုင်လုပ်တာ မျှတတယ်”လို့ အဆိုတော် အနဂ္ဂ ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...