Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မျိုးဆက်သစ်တွေအတွက် တံခါးပေါက် ဖွင့်ပေးနိုင်ခဲ့လို့ ဝမ်းသာနေတဲ့ ဖြူဖြူကျော်သိန်း

$
0
0

ထိုင်းနိုင်ငံက ရိုက်ကူးတဲ့ Friend Zone ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာတ်ဝင်သီချင်းကို အာဆီယံ ၁၀ နိုင်ငံမှ အဆိုတော်များ ပါဝင်သီဆိုခဲ့ပြီး အဲဒီမှာ ပါဝင်သီဆိုခဲ့တဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ နောက်လာမယ့် မျိုးဆက်သစ်အတွက် တံခါးပေါက် ဖွင့်ပေးခဲ့သလို ဖြစ်တာကြောင့် ဝမ်းသာတယ်လို့ ဆိုပါတယ်။

“အာဆီယံ ၁၀ နိုင်ငံထဲမှာမှ တနိုင်ငံအနေနဲ့ ဖြူဖြူ့ကို ကမ်းလှမ်းလာတဲ့အတွက် အလုပ် လုပ်ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာစကားနဲ့ ဝင်ရောက် သီဆိုရတဲ့အတွက် အရမ်း ဂုဏ်ယူပါတယ်။ ဖြူဖြူတို့နိုင်ငံ ဈေးကွက် ဝင်လာပြီဆိုတာ သိရတဲ့အတွက် အရမ်းကို ဝမ်းသာပါတယ်”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

အဆိုပါ Friend Zone ဆိုတဲ့ ထိုင်းရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ဝင်သီချင်းကို အာဆီယံ ၁၀ နိုင်ငံမှ အဆိုတော်များက မိမိတို့ ဘာသာစကားနဲ့ သီဆိုခဲ့ကြတာ ဖြစ်ပြီး အဆိုတော် ဖြူဖြူကျော်သိန်းကလည်း မြန်မာ အဆိုတော် တယောက်အနေနဲ့ ပါဝင်သီဆိုခဲ့တာ ဖြစ်ပါတယ်။

“ဟိုအရင် ၁၅ နှစ်ထက်စာရင်တော့ တိုင်းပြည်က ပိုပြီးပွင့်လာတယ်။ ပိုပြီးတော့လည်း လူစိတ်ဝင်စားခံလာရတယ်ဆိုတဲ့ အနေအထားမှာရောက်တယ်ဆိုတော့ တဖက်ကကြည့်မယ်ဆိုရင်လည်း အလားအလာကောင်းလေးတွေလို့တော့ ပြောလို့ရပါတယ်။ တကယ်တမ်းကျတော့ ကိုယ့်နိုင်ငံက Artist တယောက် ကမ္ဘာကျော်သွားဖို့ဆိုတဲ့ကိစ္စကလေ ဖြူဖြူမှရယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ကမ္ဘာကျော်ဖို့ဆိုတဲ့ နေရာမှာ ရေမြင့်မှကြာတင့်တာပါ။ ကြာပန်းလေးတွေ လိုပဲ။ နွံထဲကကြာဖြစ်နေသ၍ ကိုယ့်ပတ်ဝန်းကျင်မှာတော့ ကိုယ်က ကြာပန်းလေးပဲ ဖြစ်နေမှာ”

“ရေ မမြင့်ရင် ကြာမတင့်ဘူး။ ရေပါ လိုက်မြင့်လာဖို့ဆိုတာက ရေခံမြေခံ ပတ်ဝန်းကျင်၊ နောက်ပြီးတော့ Management ၊ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ၊ စီးပွားရေး ၊ လူမှုရေး၊ ပညာရေးအများကြီးနဲ့ ဆိုင်တယ်။ ဂီတဆိုတာကကျတော့ အဆိုတော်ကြီးပဲ တေးရေးကြီးပဲ ဂီတသမားကြီးပဲသီးသန့်လုပ်လို့ရတာမဟုတ်ဘူး။ ပရိသတ်ကပါ ချီးမြှောက်ပေးရမယ့် အနေအထားပေါ့နော်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဖြူဖြူကျော်သိန်းကတော့ မြန်မာနိုင်ငံမှာ ဂီတပညာရှင်များ ကမ္ဘာကျော်ဖို့အတွက် ဂီတသမားများသာမက ပတ်ဝန်းကျင်ကပါ ဝိုင်းဝန်းပံ့ပိုးပေးဖို့လိုအပ်ပြီး မြန်မာနိုင်ငံမှာလည်း ဂီတပညာရပ်ကို ကျောင်းမှာကတည်းက သင်ကြားပေးတာမျိုး ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

“ကိုယ့်နိုင်ငံမှာလည်း ကလေးတွေကို သူများနိုင်ငံတွေကလို ဂီတပညာရပ်ကို ကျောင်းမှာကတည်းက စပြီးတော့ သင်ပေးတာမျိုးကို အရမ်းဖြစ်စေချင်တာ။ အဲဒီလိုမျိုး ဂီတပညာရေးကို ကျောင်းမှာငယ်ငယ်ကတည်က သင်ခဲ့ရတဲ့ လူမှုပတ်ဝန်းကျင်နဲ့ အဲဒီလိုအသင်မခံခဲ့ရတဲ့ ပရိသတ်တွေက လူလူချင်း တူရင်တောင်မှ Appreciate လုပ်တာချင်း လက်ခံနိုင်တဲ့ အင်အားချင်း မတူကြဘူး”

“ဒါပေမယ့် ဖြူဖြူ တသက်မှာတော့ အရမ်း မမျှော်လင့်တော့ပါဘူး။ နောက်မျိုးဆက်အတွက်တော့ တံခါးပိတ်သေးသေးလေး ဖောက်ခဲ့ပြီးပြီပေါ့။ ဖြူဖြူ့ထက် ကြီးမားကျယ်ပြန့်တဲ့ တံခါးပေါက်ကနေ သွားနိုင်ကြပါတော့လို့ ဖြူဖြူကတော့ အများကြီး မမျှော်လင့်တော့ပါဘူး”လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

ဖြူဖြူကျော်သိန်းအနေနဲ့လည်း အမြဲတမ်းဆန်းသစ်တဲ့ ဂီတဖန်တီးမှုများ၊ ပရိသတ်ကို မရိုးရအောင် ဖျော်ဖြေတင်ဆက်မှုများဖြင့် ဂီတခရီးလမ်းကိုလျှောက်လှမ်းလာခဲ့တာ ၁၅နှစ်တာကာလရှိပြီ ဖြစ်ပါတယ်။ မကြာခင် ရက်ပိုင်းကလည်း Cobra နဲ့အတူ “လမ်း” ဆိုတဲ့ သီချင်း အသစ်တပုဒ် အွန်လိုင်းမှတဆင့် တင်ပေးခဲ့ပြီး ပွင့်လင်းရာသီမှာလည်း Cobra နဲ့ နှစ်ဦးပေါင်း သီဆိုထားတဲ့ သီချင်းခွေ ထွက်ရှိလာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

The post မျိုးဆက်သစ်တွေအတွက် တံခါးပေါက် ဖွင့်ပေးနိုင်ခဲ့လို့ ဝမ်းသာနေတဲ့ ဖြူဖြူကျော်သိန်း appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...