Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဒုတိယအဆင့် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ကားများ စာရင်း ထွက်ပေါ်လာ

$
0
0

၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကတော့ မတ်လအတွင်းမှာ ကျင်းပတော့မှာဖြစ်တဲ့အတွက် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားများကို စိစစ်ရွေးချယ်နေပြီဖြစ်ပြီး ယနေ့မှာတော့ ဒုတိယအဆင့် ရွေးချယ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများ စာရင်းထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်။

ပထမအဆင့် ဆန်ခါတင်စာရင်းထဲမှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ကား ပါဝင်ခဲ့ပြီး အဆိုပါ ၈၃ ကားထဲမှ ထပ်မံ စိစစ်လိုက်တဲ့အခါမှာတော့ ၂၅ ကား ကျန်ရှိခဲ့ပါတယ်။

ထပ်မံ စိစစ်ရွေးချယ်ခဲ့တဲ့ ၂၅ ကားထဲမှာတော့ ဒါရိုက်တာဝိုင်းရဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ၊ “ရွှေကြာ” ၊ “သမ္မတကြီးထံပေးစာ” ၊ “သတို့သမီး” တို့ ပါဝင်ပြီး ဒါရိုက်တာ ဝင်းထွန်းထွန်းရဲ့ “ဝိညာဉ်စိမ်း”၊ “ငယ်ကျွန်” နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ရဲ့ “ဥပါယ်တံမျဉ်” ၊ “မုဒြာရဲ့ခေါ်သံ” ရုပ်ရှင်ဇာတ်ကား ၂ကားစီ ပါဝင်နေပါတယ်။

ယခုနှစ်မှာတော့ လူငယ်ဒါရိုက်တာ အသစ်များရဲ့ ရုပ်ရှင်ဇာတ်ကားများဖြစ်တဲ့ ဒါရိုက်တာ အာကာရဲ့ “ဒုဋ္ဌဝတီကို လွန်၍”၊ ဒါရိုက်တာ ဉာဏ်ထင်ရဲ့ “မျက်နှာပြင်များ” ၊ ပရိသတ်များကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့တဲ့ ဒါရိုက်တာ ဏကြီးရဲ့ “မီ” ရုပ်ရှင်ဇာတ်ကားများလည်း ပါဝင်နေတာ တွေ့ရပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားများအပြင် ဆန်ခါတင် စာရင်းထဲမှာပါရှိတဲ့ ရုပ်ရှင်ဇာတ်ကားများကတောာ့ “မိုးပန်းပွင့်ရဲ့သင်္ကေတ” ၊ “ငါ့ကိုနမ်းတဲ့ မုန်တိုင်း” ၊ “ဥပါဒါန်” ၊ “မုန်းစွဲ” ၊ “ပြည်ထောင်စု သစ္စာ”၊ “ဇာတိမြေ” ၊ “မှော်ဝင် သမန်းကျား” ၊ “လရောင်ဖြာတဲ့ အင်းလေးမှာ” ၊ “ကြတ်ဂူ” ၊ “နောင်တွင် ဥဒါန်းတည်စေသတည်း” ၊ “ငဒူ” ၊ “တိမ်တိုက်တံတား” ၊ “ရန်သူ” ၊ “ကိုယ်စောင့်နတ်” တို့ ပါဝင်နေပါတယ်။

အကယ်ဒမီ စိစစ်ရေးအဖွဲ့ကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်ကာ ဖွဲ့စည်းခဲ့ပြီး ဒီဇင်ဘာလအတွင်း စတင်ကာ ရုပ်ရှင်ဇာတ်ကားများကို အကဲဖြတ် ကြည့်ရှုနေကြတာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကိုတော့ မတ်လအတွင်း ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းမှာ ကျင်းပပြုလုပ်ဖို့ လျာထားတယ်လို့ သိရပါတယ်။

The post ဒုတိယအဆင့် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ကားများ စာရင်း ထွက်ပေါ်လာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...