Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဟောင်ကောင်မင်းသား Louis Koo နဲ့ တွဲသရုပ်ဆောင်ရတဲ့ ခံစားချက်ပြောပြတဲ့ အောင်မြင့်မြတ်

$
0
0

သရုပ်ဆောင် အောင်မြင့်မြတ်က ကမ္ဘာကျော် အက်ရှင်ဇာတ်ကား တကားဖြစ်တဲ့ “Line Walker 2” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာ မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဝင် အနေနဲ့ ပါဝင်မှာ ဖြစ်တယ်လို့ အောင်မြင့်မြတ်က ဧရာဝတီကို ပြောပါတယ်။

“မစနိုးတို့က Casting ခေါ်နေတယ်။ အဲ့တာနဲ့ ကျနော်ကလည်း Casting က လာတာ ဖြစ်တဲ့အတွက် ပိုပြီးသဘောကျတယ်။ တပတ်လောက်ကျတော့ ဇာတ်ကားမှာ ပါဝင်ခွင့်ရတာ သိရတာ။ ဒီနေ့မှ ဘယ်နေရာက ပါရတယ် ဆိုတာကို သိရတာ။ ကျနော် ဒီကားမှာ ဟောင်ကောင်ဘက်က ရဲတွေနဲ့ ပူးပေါင်းပြီး ဒီမှာရှိတဲ့ လူဆိုးကို ဖမ်းကြတာပေါ့။ အဲ့မှာကျနော်က Team Leader ပေါ့။ အတွေ့အကြုံ့ကတော့ အများကြီးရတာပေါ့”လို့ အောင်မြင့်မြတ်က ပြောပါတယ်။

“သူတို့တွေ Pre Production လုပ်ကြလဲ။ Team Work ဘယ်လို လုပ်ကြလဲဆိုတာ ကျနော့်အတွက် သိခွင့်ရတယ်။ သူတို့တွေ သေချာလေး ကြိုတင်ပြင်ဆင်ထားကြတယ်။ မြန်မာနိုင်ငံနဲ့ ဘယ်လိုတွေကွာလဲဆို မြန်မာနိုင်ငံကလည်း ရုပ်ရှင်လောက ကောင်းစေချင်လို့ လုပ်နေကြတဲ့သူတွေချည်းပဲလေ” လို့ အောင်မြင့်မြတ်က ဆိုပါတယ်။

ဆက်လက်ပြီး အောင်မြင့်မြတ်က “မြန်မာနိုင်ငံက လူတွေကလည်း ကိုယ့်နိုင်ငံက အရည်အသွေးကို ကောင်းအောင်လုပ်စေချင်တဲ့ သူတွေကြီးပါပဲ။ သူတို့ကတော့ နည်းပညာမြင့်တယ်။ အခြေခံကျကျ သင်ခဲ့ရတဲ့ သူတွေဆိုတော့ စနစ်တကျဖြစ်နေတာပေါ့။ ကျနော်တို့ဆီမှာက စပြီးလေ့လာနေကြဆိုတော့ မကြာပါဘူး။ တချိန်မှာတော့ တကယ် ကွာလတီကောင်းတဲ့ ကားတွေ ထွက်လာမှာပါ။ အခုဆိုရင် လူငယ်ဒါရိုက်တာတွေ ရိုက်နေတဲ့ ကားတွေ တော်တော်ကောင်းပါတယ်”လို့ ပြောပါတယ်။

အခုဇာတ်ကားမှာ ဟောင်ကောင် သရုပ်ဆောင် Louis Koo နဲ့အတူ တွဲရိုက်ခွင့်ရတဲ့အတွက် ပျော်ရွှင်နေတယ်လို့ဆိုပြီး ကြိုးစားပြီး ပါဝင်ရိုက်ကူးမယ်လို့လည်း ဆိုပါတယ်။

“ကျနော် ပါဝင်ခွင့်ရတော့ ပျော်တယ်။ ကျနော် ဘာနေရာဖြစ်ဖြစ် အရမ်းကြိုးစားပြီး ရိုက်မယ်လို့ ပြောကတည်းက ပရိသတ်တွေကလည်း အားပေးကြပါတယ်။ ကျနော် တကယ်ရိုက်ရတော့ ကျနော်နဲ့ ထိုက်တန်မယ့်နေရာမျိုးကို ပေးပါတယ်။ ကျနော် မနက်ကရိုက်တော့ အဆင်ပြေအောင် လုပ်မယ်ပေါ့။ နိုင်ငံခြားသားတွေနဲ့ကလည်း ဆုံဖူးတော့ သိပ်တော့ အထူးအဆန်း မရှိဘူး ဆိုပြီး လုပ်ခဲ့တာ”

“ရီဟာဇယ် လုပ်တဲ့အချိန်မှာ ဟောင်ကောင်က သရုပ်ဆောင် နှစ်ယောက်က တောက်လျှောက်ပါတယ်။ သူတို့ နှစ်ယောက်နဲ့ပဲ ရိုက်မယ်ထင်တာ။ တကယ် ရိုက်ပြီလည်းဆိုတော့ အဲ့နှစ်ယောက်က ဆင်းသွားပြီး တကယ့် Main Actor တက်လာတော့ လက်ဖျားတွေ အေးပြီးတော့ လူးဝစ်နဲ့ တွေ့တဲ့အခါ ဘာပြောရမှန်း မသိဘူး။ သူတို့ကလည်း အားပေးပါတယ်။ အေးအေးဆေးပဲ ဆိုပြီး အားပေးတယ်။ ကျနော့် အတွက်တော့ အမှတ်တရပါပဲ။ ကျနော်အတွက် ဒီကားက အရမ်း ဂုဏ်ယူစရာ ဖြစ်တယ်”လို့ အောင်မြင့်မြတ်က ပြောပါတယ်။

Line Walker 2 ဇာတ်ကားကိုတော့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားဟာ ကမ္ဘာကျော် ဟောင်ကောင် အက်ရှင်ဇာတ်ကား တကားဖြစ်ပြီး ဟောင်ကောင်နာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ဇာတ်ကား တကားပါ။ ဒီ ဇာတ်ကားမှာတော့ မြန်မာနိုင်ငံက အနုပညာရှင် တဦးအနေနဲ့ အောင်မြင့်မြတ်က ပါဝင်သရုပ်ဆောင်ခွင့် ရလာတာ ဖြစ်ပါတယ်။

အောင်မြင့်မြတ်ကိုတော့ ၂၀၁၈ ခုနှစ် အတွင်းက ရုံတင်ပြသခဲ့တဲ့ “ဥပါတံမျဉ်’’ ရုပ်ရှင်ဇာတ်ကားကနေ သိန်းစိုး ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။

The post ဟောင်ကောင်မင်းသား Louis Koo နဲ့ တွဲသရုပ်ဆောင်ရတဲ့ ခံစားချက်ပြောပြတဲ့ အောင်မြင့်မြတ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...