Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Line Walker – 2” မှာ ရွေးချယ်ခံရပြီးမှ Cancel လုပ်တာ စော်ကားသလို ခံစားရတဲ့ ထွန်းကိုကို

$
0
0

မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးနေတဲ့ ဟောင်ကောင် အက်ရှင်ကား “Line Walker- 2″ မှာ ပါဝင် သရုပ်ဆောင်ဖို့ ရွေးချယ်ခံရပြီးတော့မှ မပါဝင်လိုက်ရတဲ့အတွက် သရုပ်ဆောင် ထွန်းကိုကိုက စော်ကားခံရသလို ခံစားရတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော့်အနေနဲ့ လုပ်ချင်တဲ့ အရာကို စွန့်လွှတ်လိုက်ရတယ်လို့ ပြောလို့ရတယ်။ မသိခင်ကတော့ ဘာမှ မဖြစ်ဘူး။ Line Walker ရိုက်မယ်ဆိုတော့ Casting ဝင်ရတယ်။ ရွေးချယ်မခံရရင်တော့ ပြဿနာ မရှိဘူးပေါ့။ ခံစားမှု သိပ်မရှိဘူးပေါ့။ ကျနော့်ကို ရွေးခံရတယ်။ သေချာတယ် ရိုက်တော့မယ်၊ ဈေးလည်း အဆင်ပြေတယ်ဆိုပြီး ဖုန်းဆက်လာတယ်။ မြန်မာဘက်က Assistant Director ကပါ ပြင်ဆင်မှုတွေ လုပ်ကြမယ်ဆိုပြီး ဆက်လာတယ်”

“မနက် သွားမယ် လုပ်နေတုန်းမှာပဲ ဖုန်းဆက်လာတယ်။ သူတို့ကဒေါ်လာ ၂၀၀ ပဲပေးမယ် ပြောတယ်တဲ့ အဲ့တော့ ကျနော် အဆင်မပြေမှာစိုးလို့ သူတို့ Cancel လုပ်လိုက်တယ်တဲ့။ အဲ့လို ဖုန်းဆက်ပြောတယ်။ ကျနော်က ၁၀၀၀ နဲ့ ၅၀၀ ကြား တောင်းထားတယ်။ သူတို့ ၄၀၀ ပေးတယ်၊ အဆင်ပြေမလား၊ ရိုက်မလားဆိုပြီး သူတို့ ပြောကြတယ်။ ရတယ် ကျနော် အနုပညာကြေးကတော့ အရေးမကြီးဘူး။ အတွေ့အကြုံလိုချင်လို့ ကျနော် လက်ခံလိုက်တယ်”

“မနက်ကျတော့ ၂၀၀ ဖြစ်သွားတယ်။ ဘာလို့ ပျက်သွားတာလဲ မေးတယ်။ Assistant Director နဲ့ မေးပြီးပြန်ပြောမယ်ဆိုပြီး ဖုန်းပြန်မဆက်တော့ဘူး။ ကျနော်ဆက်တော့လည်း မကိုင်တော့ဘူး”လို့ ထွန်းကိုကို က ပြောပါတယ်။

ဆက်လက်ပြီး “ကျနော်ကကတော့ ရိုက်ရမယ်ဆိုပြီး ပျော်နေတာပေါ့။ ကျနော်က ရိုက်ကူးရေး လုပ်ရတော့မယ်ဆိုပြီး Facebook ပေါ် တင်လိုက်ရင် ပိုတောင် အရှက်ကွဲဦးမယ်။ ရိုက်ရတော့မယ်ဆိုပြီးမှ မရိုက်ရတာလေ။ ကျနော်လည်း ဒီမှာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာ။ အရွေးမခံရရင် ဘာမှမဖြစ်ဘူး။ ဒါဘယ်လိုကြောင့် ဖြစ်တယ်ဆိုတဲ့ အဖြေကို ရှာမရဘူးဖြစ်နေတာပေါ့”လို့ ထွန်းကိုကိုက ဆိုပါတယ်။

“နိုင်ငံတကာ အဆင့်မီ အလုပ်တွေ လုပ်နေကြသူတွေက အပြောင်းအလဲတွေ ဖြစ်ကုန်တာ စဉ်းစားလို့ မရဘူး။ ကျနော် ကိုယ်တိုင်ကလည်း အတင်းလိုက်ပြီး ကပ်နေတဲ့သူလည်း မဟုတ်ဘူး။ ကျနော့်ကို သူတို့ ရွေးချယ်ပြီးမှ Cancel လုပ်တာကတော့ ကျနော် ကိုယ့်ဘာသာနေတာ။ သို့သော် ဒီလို လာလုပ်လိုက်တာက ကျနော့်ကို အစော်ကားခံလိုက်ရတယ်လို့တော့ ခံစားမိတယ်။ ဒါပေမယ့် အမုန်းမပွားချင်ပါဘူး။ အနုပညာ အလုပ်တွေလည်း လုပ်ရဦးမှာ ဆိုတော့ တနေ့မဟုတ် တနေ့ ဆုံဦးမှာဆိုတော့ ဘာမှလည်း မဖြစ်ချင်ဘူး” လို့ ထွန်းကိုကိုက ဧရာဝတီကို ပြောပါတယ်။

“Line Walker 2” ရုပ်ရှင်ကားမှာ Assistant Director အနေနဲ့ ပါဝင်လုပ်ကိုင်နေတဲ့ ဒါရိုက်တာ စနိုးမိုင်လီကို ထွန်းကိုကို မပါဝင်တော့တဲ့အကြောင်း ဧရာဝတီက ဆက်သွယ်မေးမြန်းရာမှာတော့ အခုလိုပဲ ပြောပါတယ်။

“Line Walker Casting ရွေးတာက ကျမတို့ မြန်မာဘက်က ရွေးတာ မဟုတ်ပါဘူး။ ဟိုဘက် ဒါရိုက်တာ ရွေးတာပါ။ မပါဘူးဆိုတာကလည်း သူတို့လို့ ငါတော်လို့ ဆိုပြီးရွေးတာ မဟုတ်ပါဘူး။ ဇာတ်ကောင်နဲ့ အလိုက်ဖက်ဆုံးကို ရွေးတာပါ။ ဒါရိုက်တာတွေက သူတို့ဘက်ကလည်း ၃၊ ၄ ယောက်လောက် ရှိတယ်။ အဆင့်ဆင့် ရွေးချယ်လို့ ဖြစ်မှာပါ။ ကျမလည်း သိပ်မသိပါဘူး။ ကျမတို့ဆီက Privacy ဖြစ်တဲ့အတွက် ကျမတို့ ဘာမှ ပြောလို့ မရပါဘူး”လို့ Assistant Director စနိုးမိုင်လီက ဧရာဝတီကို ပြောပါတယ်။

ထွန်းကိုကိုက ရဲပုံစံနဲ့ မတူတဲ့အတွက် ရွေးချယ်ခြင်း မပြုတာလို့ သတင်းများ ထွက်ပေါ်နေပြီး အဲဒီအပေါ်ကိုလည်း ထွန်းကိုကိုက အခုလို ဆိုပါတယ်။

“သူတို့ဘက်က ရဲနဲ့ မတူလို့ Cancel လုပ်တယ်ဆိုရင် အစောကြီးကတည်းက မရွေးချယ်ဘူးဆို ဖုန်းမဆက်နဲ့လေ။ ကျနော်လည်း သေသေချာချာလေး သိချင်တာကြောင့် အန်တီ ဆွေဇင်ထိုက်တို့ကိုလည်း မေးဦးမှာပါ”လို့ ထွန်းကိုကိုက ဆိုပါတယ်။

“Line Walker 2” ရုပ်ရှင်ကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ စတင် ရိုက်ကူးနေတာဖြစ်ပြီး ဒီဇာတ်ကားဟာ ကမ္ဘာကျော် ဟောင်ကောင် အက်ရှင် ဇာတ်ကားတကား ဖြစ်ပါတယ်။

The post “Line Walker – 2” မှာ ရွေးချယ်ခံရပြီးမှ Cancel လုပ်တာ စော်ကားသလို ခံစားရတဲ့ ထွန်းကိုကို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...