အောင်မြင်တဲ့ အိမ်ထောင်ရေးကို ရရှိဖို့အတွက် ခက်ခဲပါတယ်။ သာမန်လူတွေတောင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ရရှိဖို့ ခက်ခဲနေရင် အောင်မြင်ပြီးသား လူတွေအတွက်က ပိုပြီး ခက်ခဲမှာ သေချာပါတယ်။ အောင်မြင်ပြီး အစစအရာရာ အဆင်ပြေနေတဲ့၊ အိမ်ထောင်ရေး အရှုပ်အရှင်း ကင်းတဲ့ ဟောလိဝုဒ်က နာမည်ကျော် အမျိုးသမီးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Beyoncé
အဆိုတော်၊ အမျိုးသမီး တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ Beyoncé ကတော့ သူမရဲ့ ချစ်သူ Jay Z နဲ့ ၂၀၀၈ ခုနှစ်က လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်က သီချင်းတွေ အတူတူ ပြုလုပ်ရင်းနဲ့ ခင်မင်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသက်တမ်းဟာ ၁၁ နှစ် ကျော်ခဲ့ပြီ ဖြစ်ပြီး အခုချိန်ထိ ပျော်ရွှင်စွာနဲ့ အတူတူရှိနေဆဲ ဖြစ်ပါတယ်။
(၂) Sarah Michelle Gellar
Scooby Doo ရုပ်ရှင် အပါအဝင် အခြားရုပ်ရှင်ကားပေါင်းများစွာနဲ့ ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့ Sarah Michelle Gellar ဟာ သူ့ရဲ့ အမျိုးသားဖြစ်သူ Freddie Prinze Jr နဲ့ ၁၉၉၆ ခုနှစ်က I Know What You Did Last Summer ရုပ်ရှင်ကို ရိုက်ကူးရင်း တွေ့ခဲ့ကြတာဖြစ်ပါတယ်။ Scooby doo ရုပ်ရှင်မှာလည်း သူတို့ နှစ်ယောက်ဟာ အတူတကွ သရုပ်ဆောင် ခဲ့ပါသေးတယ်။၂၀၀၂ ခုနှစ် စက်တင်ဘာလမှာ လက်ထပ်ခဲ့တဲ့ သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ ဒီနေ့အထိ ပျော်ရွှင်တဲ့ အိမ်ထောင်ရေး ဖြစ်နေဆဲ ဖြစ်ပါတယ်။
(၃) Sarah Jessica Parker
Sarah Jessica Parker ဟာ သူမရဲ့ ခင်ပွန်းလောင်းဖြစ်တဲ့ Matthew Broderick နဲ့ ပါတီတခုမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ နယူးယောက်မြို့မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ၁၉၉၁ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ ၆ နှစ်တာ ချစ်သူဘဝနဲ့ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၇ မှာတော့ လက်ထပ်ခဲ့ပြီး သူမတော့ အိမ်ထောင်ရေးတခု တည်မြဲဖို့ အိမ်ထောင်ဖက်အချင်းချင်း လေးစားမှုရှိရမှသာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
(၄) Meryl Streep
၁၉၈၇ ခုနှစ် မှာ မင်းသမီး Meryl Streep က သူမဘဝရဲ့ အခက်ခဲဆုံး အချိန်တွေကို ဖြတ်သန်းနေရတဲ့ အချိန် သူမ အစ်ကိုရဲ့ မိတ်ဆွေတဦးဖြစ်တဲ့ Don Gummer က သူမကို အစစအရာရာ ကူညီခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနဲ့ လက်ထပ်လိုက်ကြပြီး သူတို့ရဲ့ အိမ်ထောင်ရေးဟာ ဒီနေ့အထိ ခိုင်မြဲနေဆဲ ဖြစ်ပါတယ်။
Ref ; trill
The post အိမ်ထောင်ရေး အရှုပ်အရှင်း ကင်းတဲ့ ဟောလိဝုဒ် မင်းသမီးများ appeared first on ဧရာဝတီ.